" အခု လတ်တလော မှာတော့ စည်းရုံး ရေးခရီးတွေပဲ သွားဖြစ်နေတယ်။ ဘယ် တွေ သွားရလဲဆိုတော့ မေမြို့၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲ အဲဒီဘက်တွေကို သွားခဲ့ပါ တယ်"ဟု အနဂ္ဂက ပြောကြားခဲ့သည်။
စည်းရုံးရေး ဆင်းရာတွင် ကြုံခဲ့ရသည့် အတွေ့အကြုံများကို
"မေမြို့ကို စည်းရုံးရေး ဆင်းတုန်းက ဆိုရင် လူ ၅ သောင်း ကျော် ၆ သောင်းလောက် က အကုန်လုံး ထွက်ပြီး အားပေးကြတယ်။ လူကြီးလူငယ် ကလေးအကုန်လုံးပဲ အလံတွေ စတစ်ကာ တွေတပ်ပြီး အားပေးကြတယ်။ စစ်ကိုင်းမှာ ကတော့ အထူးအဆန်းပဲ။ အိမ်နှစ်အိမ် သုံးအိမ် ကြားလေးတွေမှာ NL D အလံ ကြီးကြီးထောင်ထားတာတွေ တွေ့ရတယ်။ အဲဒါတစ်မြို့လုံးနီးပါပဲ။
အဲလိုတွေ လုပ် ထားတာ။ပုလဲမှာကြတော့ လာအားပေး ကြတာ နှစ်သိန်းကျော်တယ်၊ လူတွေက အများကြီးပဲ။ အမေစု နိုင်ပါစေဆိုတဲ့ စာတန်းလေးတွေနဲ့ အရမ်း ပျော်ဖို့ ကောင်းတယ်။ နောက်ထပ် ထူးဆန်းတာတစ်ခုက စည်းရုံးရေးဆင်းတဲ့ ခရီး တစ်လျှောက်လုံး မှာ ပါလာကြတဲ့ အနုပညာရှင်တွေ အကုန် လုံး စည်းစည်းလုံးလုံးနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီကြတယ်"ဟု ဖြေခဲ့ သည်။
နိုင်ငံရေးနှင့်ပတ်သက်သည့် အနဂ္ဂ၏ အမြင်က"နိုင်ငံရေးဆိုတာမျိုးစုံရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အမြင်တွေမတူကြပါဘူး။ နိုင်ငံရေးနဲ့ ပတ် သက်ရင်တော့ ဥပဒေနဲ့ အမှန်တရားက လူတွေအတွက် အထောက်အကူပြုပေးနိုင် ဖို့ မျှော်လင့်ပါတယ်လို့ ပြောချင်ပါတယ်" ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိ သည်နှင့်ပတ်သက်၍ "အခုလို NLDကအ နိုင်ရလို့ အရမ်းပျော်တယ်။ အရင်ကဆိုရင် NLD ပါတီ ကိုယ်စားလှယ်လောင်းတွေ အတွက် စိတ်ပူပေးနေရတယ်။ သူတို့လို မလုပ်နိုင်ပေမယ့်သူတို့အနိုင်ရဖို့ကို တစ်တပ် တစ်အားနဲ့ ဝိုင်းကူညီပေးခဲ့တယ်။
ရှေ့လျှောက် လည်း NLD နဲ့ ပတ်သက်တဲ့ အရေးကိစ္စ တွေကို ဝိုင်းဝန်းပြီး ကူညီ ပေးဦးမှာပါ။ နောက်တစ်ခုက အနိုင်ကို ဆက်လက်ထိန်း သိမ်းထားနိုင်ပြီး ဆက်လက် ကြိုးစား သွားရဦးမှာပါ"ဟု အနဂ္ဂက ပြောသွားခဲ့သည်။
http://www.yoyarlay.com






0 comments:
Post a Comment