http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

ဘာမှ မလိုချင်ဘူး ဘာမှ မလုပ်ပေးလည်း ဘာမှမဖြစ်ဘူး ချစ်လို့ မဲပေးတာာ

”… သက်သေ အမှုတည်စေ သော်။ အာလုံးကြားကြားသမျှ .. အမျှ..အမျှ ယူစေသော်”
မန်းအင်ဒုံ တစ်ယောက် ဒီ မနက် ဘုရားရှိခိုးရတာ  စိတ်မပါဘူး ဖြစ်နေတယ်။ ဒီလိုမဖြစ်တာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဘုရားရှိ ခိုးတိုင်း အာရုံစူးစိုက်မှု အပြည့်နဲ့ ချည်းပဲ။ ဒါပေမဲ့ဒီနေ့တော့ စိတ်တွေ က ကစဥ့်ကလျားနဲ့၊ ဒီနေ့ ကြားဖြတ် မဲပေးရမယ့် အကြောင်းပဲ တွေးနေမိ တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ဆိုပါလား။ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာ ဘာမှန်းသေသေချာချာတော့ မသိဘူး။ ဟိုတလောက စကားစပ် မိတော့ ကောင်လေး တစ်ယောက် ကတော့ပြော တယ်။ လစ်လပ်နေရာ တွေ ဖြည့်ဖို့ ပြန်ရွေးတာတဲ့၊ မသိ ပါဘူး။ သူကတော့ NLD နဲ့ ဒေါ်စု အတွက် ကြားဖြတ် လုပ်ပေးတယ် မှတ်လို့။
မနေ့က မနက်ကတည်းက ရွာ ထဲမှာ လူတွေ အများကြီး အဖြူတွေ ရော၊ အမည်းတွေရော၊ အညိုတွေ ရော၊ သူမမြင်ဘူး တဲ့ ပစ္စည်း ထိုး ထိုးထောင်ထောင်တွေ ကိုင်ပြီး ဟိုချိန် ဒီချိန်နဲ့ ဒီလိုမြင်ကွင်းမျိုးကို သူ့တစ်သက် ဘယ်တုန်းကမှ မမြင်ဖူး ဘူး။ မြင်ရဖို့လည်း ယောင်လို့တောင် မတွေးမိဖူးဘူး။ ကိုယ့်လယ်ကိုယ် လုပ်ပြီး ထမင်း တစ်ဆုပ် ကိုအေးအေး ဆေးဆေး စားနေ ရရင်ပဲ သူတို့ ဘဝ က ကျေနပ်စရာလို့ တွေးထားတာ။
ဒါပေမဲ့ ၁၉၄၇ နဲ့ ၁၉၉ဝ အဲ့ဒီ နှစ်ခါ ကတော့ ဘဝမှာမျှော်လင့်ချက် တွေ အတောက်ပဆုံး အချိန်တွေ ပေါ့ဗျာ။
၁၉၄၇ တုန်းက သူ့အသက် ၁၇ နှစ်။ နန့်ဆိတ်စံနဲ့ ရည်းစာဖြစ် ခါစ။ ဘာမှန်းညာမှန်း သေသေချာ ချာမသိပေ မယ့် ရွေးကောက်ပွဲကို စိတ်ဝင်စားတယ်။ ရွေးကောက်ပွဲ ပြီး ရင်လွတ်လပ်ရေး ရပြီလို့ ထင်ထားတာ။ လွတ်လပ်ပြီ ဆိုရင် သူတို့ နှစ် ယောက် လက်ထပ်ဖို့ တိုင်ပင်ထားတာ။ ဘူးထင်တယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံ ရတဲ့သတင်း ကြားရတယ်။ ဘယ် လို တွေ ဖြစ်မှန်းမသိဘူး။ ဝမ်းနည်းတာ ပဲ သိတယ်။
လွတ်လပ်ရေး ရတယ်။ နန့်ဆိတ်စံနဲ့ သူလက်ထပ်တယ်။ ဒီလို နဲ့ပဲ ရုန်းကန် လှုပ်ရှားရင်း လောကဓံ ရဲ့ဒဏ်ရာ ဒဏ်ချက်တွေ ကို ခံစားရင်း ၁၉၉ဝ မှာ နောက်တစ်ခါ အမျှော် လင့်ကြီး မျှော်လင့် မိပြန်တယ်။ ယုံ ကြည်မိတဲ့ အတိုင်း NLD ကိုပဲ မဲ ထည့်ခဲ့တယ်။ NLD နိုင်လည်း နိုင် ခဲ့တယ်။
”အဖေ မဲသွားမပေးသေးဘူး လား။ ကျွန်မတော့ သွားတော့ မယ်” အငယ်ဆုံး သမီးရဲ့ စကား ကြားတော့မှ အပြင်ကို သတိထား မိတယ်။ လင်းလင်း ချင်းချင်း ဖြစ်နေပြီ။ အိမ်မှာ ညက အိပ်ကြတဲ့ ဂျာနယ် ဆရာနှစ်ယောက်လည်း မ ရှိ လောက်တော့ ဘူး။ မဲရုံမှာလည်း လူ တွေ စုနေလောက်ပြီပေါ့။
”သွား၊ သွားနှင့် အဖေနောက် ကနေ ဖြည်းဖြည်း လိုက်လာခဲ့မယ်” ကရင်သင်တိုင်း အနီရောင်ဝတ်ထား တဲ့ သမီး ကတော့ မဲပေးဖို့ ထွက်သွားပြီ။ ကျွန်တော်တို့ တစ်ရွာလုံး မဲသွားပေးရင် ကရင်အင်္ကျီတွေ ဝတ်သွားဖို့ တိုင်ပင်ထားကြ တယ်။ ဝါး သင်္ခတစ် ရွာလုံးလိုလိုက ကရင်တွေ ချည်းပဲလေ။ ဒေါ်စုကလည်း ကော့ မှူးမှာ ကရင်တွေ အများကြီး ရှိလို့ ဝင် ပြီး အရွေးခံဖို့ ဆုံးဖြတ်တာလို့ ပြောတယ် ဆိုပါလား။ ဟုတ်မှာပါ။ ဗိုလ်ချုပ်အောင်ဆန်းရော၊ ဦးနုရော၊ သူ့သမီး ဒေါ်စုရော ကရင်တွေကို အလေးထား ချစ်ခင်တယ်ဆိုတာ ကျွန်တော်ကြားဖူးတယ်။ ကရင်မှ မဟုတ်ပါဘူး။ ဘယ် တိုင်းရင်းသား မဆိုကို သူတို့ ချစ်မှာပါ။ ဒီလိုမှ မဟုတ်ရင် ပင်လုံ စာချုပ်ဆိုတာ ဘယ်ဖြစ်လာမလဲ။ သူကတော့ ကရင်ရယ်၊ ဗမာရယ်၊ ကုလားရယ် ခွဲမနေဘူး။ အကုန်လုံးက လူတွေ လို့ပဲ မြင်တယ်။
နေနည်းနည်း ပွင့်လာပြီ။ ကရင် ဝတ်စုံ လဲနေရင်းနဲ့ စိုးရိမ်စိတ်က ဝင် လာတယ်။ ”အားလုံးက ကောင်းဖို့လုပ်နေကြ တာပဲ” ဆိုတဲ့ ဒေါ်စု ရဲ့စကားကို ပြန်ကြားယောင်ပြီး စိတ်နည်းနည်း အေးသွားတယ်။ ဟုတ်သားပဲ။ တစ်ကမ္ဘာလုံး ကလည်း စောင့်ကြည့်နေကြတယ် ဆိုပဲ။ ဒါ ပေမဲ့ စိတ်ထဲမှာတော့ စိုးရိမ်စိတ်က ရှိနေတုန်းပဲ။
မဲရုံကရွာထိပ် စာသင်ကျောင်း မှာ ရှိတာလေ။ မဲရုံကို အသွား လမ်း မှာ ကောင်လေး တစ်ယောက်က လှမ်းပြောတယ်။
”ဖူ၊ အမေစုနော် အဖန်လဆုံး အော့၊ နကပါမှာတောက်” မဲပေး ပြီး ပြန်လာဟန် ရှိသော အသက် ၁၉၊ ၂ဝ ဝန်းကျင်ကောင်လေး ကို    ဘယ်သူဘယ်ဝါမှန်း သူသေသေ ချာချာ မမှတ်မိ။ အဘိုး၊ အမေစုက အောက်ဆုံးကနော်၊ နင်မှား ဦးမယ် ဆိုတဲ့ စကားကို ”အေးအေး” ဟုပြန် ပြောပြီးမြန်မြန် ဆက်ထွက် လာမိတယ်။ ရှက်လို့ပါ။ သူ့ဘဝ တစ် လျှောက် တစ်ခါမှ စာမသင်ခဲ့ရဘူး။ ဒါကြောင့် စာမဖတ်တတ်၊ သူမှ မဟုတ်၊ သူ့အရွယ် တန်းတွေ အားလုံး လိုလို စာမဖတ် တတ်၊ မရေးတတ်၊ မသင်ခဲ့ကြဖူးပေ။
ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မရောက်မီ စပါးကျီဘေးမှာ ရဲကား တစ်စီး တွေ့လိုက်ရတော့ လန့်သွား မိတယ်၊ စိုးရိမ်စိတ်က ရင်ထဲမှာ တလှိုက်လှိုက် တက်လာတယ်။ ဘုရား ဘုရား၊ ဘာအမှားအယွင်းမှ မဖြစ်ပါစေနဲ့။ ဒါနဲ့ သဘောကောင်းမယ့် ပုံ ပေါက်တဲ့ ရဲတစ်ယောက် အနားကို ကပ်ပြီး သူမေးမိတယ်။ ”စိတ်မပူပါနဲ့ အဘိုး။ နိုင်ငံခြား သားတွေရော၊ အန်တီစုရော ရောက်နေ လို့ လုံခြုံ ရေး စိတ်မချရမှာ စိုးလို့ပါ။ ဒီအချိန် မှာ ဘာမှ အမှားအယွင်း အဖြစ် မခံနိုင်ဘူးလေ” လို့ ခပ်ပြုံးပြုံးလေး နဲ့ ပြန်ပြောလိုက်တဲ့ ရဲသားကြီးရဲ့ အသံထဲမှာတင် အားရကျေနပ်တဲ့ အရိပ်အယောင်တွေကို တွေ့နေ ရတယ်။ သူ စိတ်အေးပြီး ပြန်လှည့်ခါနီးမှာ ရဲသားကြီး ပခုံးပေါ်က အခက်တစ်ခက် အပွင့်ကြီး တစ်ပွင့်၊ အပွင့်သေး တစ်ပွင့် ကို တွေ့လိုက် တော့မှ ရာထူးကြီးကြီး ရဲမှန်း သိရ တယ်။
ဝမ်းမြောက် ကျေနပ်တဲ့စိတ်နဲ့ မဲရုံရှိရာကို ခြေလှမ်းဆက်လာခဲ့ တယ်။ လမ်းတစ်လျှောက်မှာ တွေ့ ခဲ့ရတဲ့ လူတွေ၊ မျက်နှာတွေမှာ မျှော်လင့်ချက် ကိုယ်စီတွေနဲ့ပေါ့။ ဒါပေမဲ့ ဂျာနယ် သမားတော်တော် များများရဲ့မျက်နှာတွေ ကတော့ ဇော တွေ အပြည့်ပဲ၊ ညတုန်းက ဂျာနယ် ကောင်လေးလည်း ပြောတယ်လေ။ သတင်းသမား အများစု ကတော့ သတင်း ရဖို့ပဲ စိတ်အာရုံစိုက်ထား ကြတယ်တဲ့။ ဟုတ်မယ် ထင်တယ်။ အဲဒါ သူတို့ အလုပ်ပဲကိုး။
မဲရုံရှေ့လည်း ရောက်ရော သူ ဘုရားတောင် တမိတယ်။ အားပါး  အဖြူရော၊ အမည်းရော၊ အညိုရော အများကြီး ပါလား။ သုံးချောင်း ထောက်ပေါ်က တင်ထားတဲ့ဟာ ကြီးနဲ့ သူ့ကို ချိန်လိုက်တော့ သူ နည်းနည်း လန့်သွားတယ်။ ဒါပေမဲ့ ကောင်လေး တစ်ယောက်က ”အဖိုး မေးခွန်းနည်းနည်းလောက် မေးပါရ စေ” လို့ ပြောလာတော့ ရှက်ပေမဲ့ အားနာ တဲ့ စိတ်နဲ့ပဲ ခွင့်ပြုလိုက်ရ တယ်။ သူတို့က စမေးတယ်။ ကောင်လေးက စကားပြန် လုပ်ပေး တယ်၊ ပထမဆုံး မေးတာက ဘယ် သူ့ကို မဲပေးမှာလဲတဲ့၊ သူလန့် သွားတယ်။ ဖြေလိုက်လို့ မတော် တစ်ခုခုများ ဖြစ်သွားရင်… သူ့ အတွေးကို ရိပ်မိတဲ့ စကားပြန် ကောင်လေးက ဘာမှ မစိုးရိမ်ဖို့၊ လွပ်လပ်စွာပြောဖို့ တိုက်တွန်းတယ်။ ဒါနဲ့သူက ” ဒေါ်စုကိုပဲ ပေးမှာ ပေါ့” လို့ ပြောတော့ သူတို့က ထပ်မေးတယ်။ ဘာဖြစ်လို့ သူ့ကို ပေးတာလဲတဲ့။ သူ ကျွဲမြီးတိုသွား တယ်။ ဒါလောက် ရိုးရိုး ရှင်းရှင်းလေး တောင်မှ သူတို့ မသိကြဘူးလားလို့ တွေးမိပြီးတော့ ” ချစ်လို့ပေးတာပေါ့ ဟ”လို့ ဖြေလိုက်တယ်။ အဲဒီတော့ ထူးထူးဆန်းဆန်း မေးခွန်းပြန်မေးတယ်။ ဒေါ်အောင်ဆန်းစုကြည် မဲနိုင်သွားရင် သူ့ကိုဘာတွေ လုပ်ပေး ဖို့ တောင်းဆို မလဲတဲ့။ သူအံ့သြမိ သလို ဒေါသလည်း ထွက်မိချင် တယ်။ ဘာလဲဗျာ၊ မဲပေးတာ ချစ်လို့ ပါလို့ဖြေထားတာကို၊ မဲရောင်း တာ မှ မဟုတ်တာ၊ ဘာမှ မလုပ်ပေး လည်း ဘာမှမဖြစ်ဘူး၊ တစ်သက် လုံး၊ ကိုယ့်လယ် ကိုယ်လုပ်ပြီး ကိုယ့် ထမင်းကိုယ် စားလာတာ၊ ကိုယ့် အားကိုယ်ကိုး လာတာ၊ သူတို့နဲ့တွေ့ မှပဲ သူများဆီကနေ တောင်းရမယ် လို့ မအပ်မစပ်တွေ၊ အဲ့ ဒါပေမဲ့ စိတ်ထဲမှာ တစ်ခုတော့ရှိတယ်။ အဲ ဒါနဲ့ ”ဒီရွာမှာ လာနေစေချင်တယ်” လို့ ဖြေလိုက်တော့ အဲ့ဒီ အဖြူ ကောင် ခေါင်း ကုတ်နေတယ်။ ပြီး တော့ ရွာရဲ့ လျှပ်စစ်မီး အခြေအနေ ကိုမေးပြီး လျှပ်စစ်မီး သွယ်ဖို့ တောင်း ဆိုမလားလို့ မေးပြန်တယ်။ ဒါနဲ့ ညတုန်းက ဂျာနယ် ကောင်လေးနဲ့ ပြောဖြစ်တာ သတိ ရသွားတယ်။
”ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်  လောင်းရွေးတာ ကိုယ်က အလုပ်မအားလို့ ကိုယ့်ကိုယ်စား အလုပ်လုပ်ပေးမယ့် သူကို ရွေးတာ အဘရဲ့”
အဲဒီ ကိုယ်စားလှယ်လောင်း ဟာ မဲဆန္ဒရှင်ရဲ့ ဆန္ဒတွေ၊ လိုအပ်ချက်တွေကို တရား နည်းလမ်း ကျကျ ဖြည့် ဆည်း ပေး ရတယ် လို့လည်း ပြောသေးတယ်။ ဒီအဖြူတွေက အဲဒီလို နားလည်ထားတာ ထင်တယ်။  ဒါပေမဲ့ သူ့ရဲ့ စိတ်ထဲက ခံစားချက် တွေကို နားမလည် အဖြူတွေ ခေါင်းကုတ်နေတာပဲ ဖြစ်မယ်ထင် တယ်။ မတတ်နိုင်ဘူး၊ ကြာရင် မေးလေ ရှုပ်လေ ဖြစ်လာလိမ့်မယ်။ အဲ့ဒါနဲ့”ဟေး၊ ငါတို့ကလည်း သူ့ကို ချစ်တယ်၊ သူကလည်း ငါတို့ကို ချစ်တယ်။ အဲဒါကြောင့် မဲပေးတာ၊ ဘာမှ မလိုချင်ဘူး၊ ဘာမှမလုပ်ပေး လည်း ဘာမှမဖြစ်ဘူး” လို့ ပြောပြီး မဲရုံထဲ ဝင်လာလိုက်တယ်။
မဲရုံထဲမှာ လူသိပ် မများတော့ဘူး။ မနက် အစောကြီးကတည်းက မဲလာ ထည့်သွားကြတာဆိုပဲ၊ မဲ လက်မှတ်ထုတ် ပြီးတော့ လျှို့ဝှက်မဲ ပေးခန်းလေးထဲမှာ ကြည့်မိတော့မှ မဲလက်မှတ်ကို ဝါးတားတား တွေ့ရ တယ်။ မျက်လုံးထဲ မှာလည်း မျက် ရည်တွေ ရစ်ဝဲလာတယ်။ ဘာဖြစ်မှန်း တော့ မသိဘူး။ ဝမ်းသာလို့လား၊ ဝမ်းနည်း လို့လား၊ ဆုံးသွားရှာပြီ ဖြစ်တဲ့ နန့်ဆိတ်စံကိုပဲ သတိရမိ သလားမသိ၊ မျက်လုံးထဲမှာ အစိမ်း တွေ အနီတွေ အပြာတွေပဲ တွေ့နေရ တယ်။ NLD ဆိုတော့ အနီပေါ့။ ဒါပေမဲ့ မှားသွားရင် နောက်ထပ် မဲလက်မှတ် တစ်ရွက်လဲလို့ ရ မရ လည်းမသိတာနဲ့ မဲရုံမှူးကို လှမ်း အော်မေးလိုက်မိတယ်။ ”ဒေါ်စုနော်၊ အဖန်လ ဆုံးဖွဲ့ရာ။ (ဒေါ်စုက အောက် ဆုံးက ဆိုတာ ဟုတ်လား) ဆိုတဲ့ အမေး ကို မဲရုံမှူးက ဟုတ်တယ်လို့ ပြောမှ အောက်ဆုံး အကွက် အနီရောင် အကွက်ကို တုန်တုန်ယင်ယင် နဲ့ အမှန်ခြစ် လိုက်တယ်။ ရင်ထဲမှာ လှိုက်ဖိုလာပြီး ငိုချင်သလိုလို ဖြစ် လာတယ်။ ၂ဝ၁ဝ တုန်းကလည်း မဲပေးရတာပါပဲ။ ဒါပေမဲ့ သိပ်မလေး နက်သလိုပဲ။ ဒီမဲ လက်မှတ်လေးကို အမှတ်တရ အိမ်ကို ယူသွားချင်စိတ် လည်း ပေါ်လာတယ်။ အဲဒီလို ယူ သွားရင် ဒေါ်စု မဲ မနိုင်မှာလည်း စိုးတယ်။ မဲပုံးထဲကို မဲစာရွက် မထည့် ချင် ထည့်ချင် ထည့်ပြီး ပြန်ထွက် လာခဲ့တယ်။ တာဝန်တစ်ခုကို ကျေ ပွန်လိုက်သလိုပဲ ခြေလှမ်းတွေက လွတ်လပ် ပေါ့ပါးစွာနဲ့။
ဒါပေမဲ့ မဲရုံထဲကို ဝင်လာတဲ့ ကလေး မလေးနှစ်ယောက်ရဲ့ တီးတိုး ကြိတ်မေးသံ ကြားလိုက်တော့ သူ့ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားတယ်။ ”အမေစုနော်၊ အဖန်လဆုံး မွဲ့ရာ”
နှစ်တွေ အများကြီးပါ။ သူ့ဘဝ မှာ တစ်ခါမှ စာမသင်ခဲ့ရဖူးဘူး။ သူ စာမတတ်ဘူး။ အရမ်းကြမ်းတမ်း ခက်ထန်တဲ့ အချိန် ကာလတွေ တွေ့ ကြုံ ရင်ဆိုင်ခဲ့ရတယ်။ လူ့သက် တမ်း ၈၂ နှစ်မှာ ငြိမ်းချမ်းတဲ့ အချိန် ကာလဆိုလို့ အင်မတန်မှ နည်းပါး ခဲ့တာပါ။ နှစ်ပေါင်း များစွာတိုင် ဝါးသင်္ခရွာဟာ ဘာမှ မတိုးတက်ခဲ့ဘူး။ ဝါးသင်္ခရွာက လူတွေထဲမှာ သူ့လို စာမသင်ခဲ့ဖူး သူတွေ ဘယ် လောက်များလဲ၊ ဝါးသင်္ခက ကလေး ဘယ်နှယောက်လောက်များ ကျောင်းမနေနိုင်ကြတာလဲ။
ဂျာနယ် ကောင်လေးနဲ့ အဖြူ ကောင်ပြောတဲ့ စကားတွေကို ပြန် ကြားယောင်ရင်း ဝါးသင်္ခ ရွာရဲ့အနေ အထားကို ချိန်ထိုးမိနေတယ်။ ဘာ တစ်ခုမှ မတောင်းဆိုချင်ပေမယ့် ဝါးသင်္ခမှာ သူ့လို စာမဖတ်တတ်သူ တွေကို ထပ်မတွေ့ရ ရင် ကောင်း မှာပဲလို့ တွေးမိတယ်။ တွေးရင်းတွေး ရင်းနဲ့ အဲဒီဆန္ဒက ပြင်းပြလာတယ်။ အဲဒီဆန္ဒကိုသာ ကိုယ်စားလှယ်က သိမြင်ပြီး ဖြည့်ဆည်း အားပေးခဲ့မယ် ဆိုရင် ဝါးသင်္ခ ရွာသားတွေ တစ်နေ့ ကို ထမင်း တစ်နပ်ပဲ စားရမယ်ဆို ရင်တောင် ကံ အကောင်းဆုံးရွာလို့ ကျေနပ်ကြမယ် ထင်ပါရဲ့။
အခုလောလောဆယ် အပြန် လမ်းမှာတော့ မဲထည့်ဖို့ လာတဲ့သူ တွေ့တိုင်းကို ပြောပေးရဦးမယ်။
”အမေစုနော် အဖန်လဆုံး အော့၊ နကပါမှာတောက်”
(ကော့မှူးမြို့နယ်၊ ဝါးသင်္ခ ကျေးရွာမှ မန်းအင်ဒုံ (၈၂) နှစ်နှင့် တွေ့ဆုံ မေးမြန်းမှုအား ပြန်လည် ရေးဖွဲ့သည်) 
http://popularmyanmar.com/mpaper/archives/40546

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif