http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

ကြားဖြတ် ရွေးကောက်ပွဲအပေါ် သူတို့ အမြင်

ဘားရက်အိုဘားမား
‘ကြားဖြတ်ရွေးကောက်ပွဲ အထမြောက်အောင်မြင်စေရန် ပါဝင်ခဲ့ကြသော မြန်မာပြည်သူအပေါင်းအား ကြိုဆိုဂုဏ်ပြု လိုက်ပါကြောင်း၊ ယင်းသည် မြန်မာနိုင်ငံ၏   ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်၍ အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်သလို မြန်မာအစိုးရ အနေဖြင့်လည်း ယခင်ကထက် ပွင့်လင်း၍ ထင်သာ မြင်သာ ရှိလာကာ   ပြုပြင်ပြောင်းလဲ ရေးလမ်းကို ဆက်လက်လျှောက် လှမ်းရန် ရည်ရွယ်ခြင်းဖြစ်မည်ဟု မျှော်လင့်ကြောင်း’ အမေရိကန် ပြည်ထောင်စုသမ္မတရုံး အိမ်ဖြူ တော်မှ ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။
ဟီလာရီကလင်တန်
”ယခုကြားဖြတ် ရွေးကောက် ပွဲတွင်ပါဝင်ကြသော မြန်မာနိုင်ငံ သားအပေါင်းအတွက် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်ပါသည်”ဟု အမေရိကန် ပြည်ထောင်စု နိုင်ငံ ခြား   ရေးဝန်ကြီး ဟီလာရီကလင် တန်ကနှုတ်ခွန်းဆက်ကြောင်း တူရ ကီနိုင်ငံတွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင်ပြောသည်။   မြန်မာနိုင်ငံခေါင်းဆောင်များ အနေဖြင့် ပွင့်လင်းကာ ထင်သာမြင် သာရှိမှုများနှင့်အတူ အခြားပြုပြင် ပြောင်းလဲမှုများကိုလည်း ယခု ထက်ပိုမို ဆောင်ရွက်သင့်ကြောင်း သူကပြောပါသေးသည်။
ဦးကိုကိုလှိုင်
”ရွေးကောက်ပွဲကတော့ ထွက် လာတဲ့ ရလဒ်တွေကို ကြည့်မယ် ဆိုရင်ပဲ တော်တော်လေးကိုသိသာ လှပါတယ်။ အားလုံး လွတ်လပ်ပြီး မျှမျှတတရှိလို့လည်း ဒီလို ရလဒ် တွေ ထွက်လာတာပေါ့။ ပြည်သူ တွေက ကိုယ်ယုံကြည်တဲ့သူတွေကို မဲပေးလိုက်ကြတာပဲလေ။ ဒီတော့ ရွေးကောက်ခံလိုက်ရတဲ့သူတွေက လည်း ပြည်သူလူထုရဲ့ ယုံကြည် မှုကိုရထားပြီးတာကြောင့် ပြည် သူရဲ့အကျိုးစီးပွားကို ပိုပြီးတော့ ဦး စားပေးပြီးတော့ တိုင်းပြည်နဲ့ ပြည် သူ့အကျိုးကို လက်တွဲပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင် တိုင်း ပြည်ကြီးလည်း ခုထက်ပိုပြီးကောင်း လာမှာပါ”ဟု နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကပြောပါသည်။
Ms Malgorzata Wasilewska
”ကျွန်မတို့ အဖွဲ့သားတွေ မဲရုံ ၁၄ ရုံလောက်ကို သွားပြီးလေ့လာ ခဲ့ကြပါတယ်။ အတော် အားတက် စရာ အခြေအနေတွေကိုတွေ့ခဲ့ ကြရပါတယ်။ သုံးလလောက်ကြို ပြီးရောက်နေရရင်တော့အကောင်း ဆုံးပေါ့လေ။ ခုဟာက ရွေးကောက် ပွဲ ကျင်းပဖို့ ရက်အနည်းငယ်အလို မှာမှရောက်ကြရတာ။ သို့သော် ကောင်းမွန်တဲ့ အလားအလာ ပါပဲ”  ဟု ဥရောပသမဂ္ဂမှလေ့လာရေးအဖွဲ့ ဝင်တစ်ဦးဖြစ်သူ Ms Malgorzata Wasilewska ကပြောပါသည်။
မိုက်ကယ်မွန်တက်ဆာနို
”မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေဟာ ကလေးငယ်အဆင့်ကို လွန်လာပါပြီ” ဟု စင်ကာပူနိုင်ငံ အရှေ့တောင်အာရှအခြေအနေ လေ့ လာရေးသိပ္ပံမှ ပညာရှင်ပါမောက္ခ မိုက်ကယ်မွန်တက်ဆာနိုက ပြောပါ သည်။ ယခုကြားဖြတ်ရွေးကောက် ပွဲ၏ ရလဒ်သည် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများ မြန်မာနိုင်ငံ အပေါ်စီးပွားရေး ပိတ်ဆို့မှုများကို ပယ်ဖျက်လာစေရန်အတွက် တွန်း အားဖြစ်လိမ့်မည်ဟုလည်း သူက ပြောသည်။
ကူလင်ဘင်ဒါ ဘဟာရူး
”မြန်မာပြည်သူတွေဟာ အခွင့် အရေးအပြည့်နဲ့မဲပေးခဲ့ကြပါတယ်။ ခြိမ်းခြောက်မှုတွေ နှောင့်ယှက်မှုတွေ မရှိပါဘူး”ဟု မလေးရှားမှ လေ့ လာရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကူလင် ဘင်ဒါ ဘဟာရူးကပြောသည်။ မဲရုံ များမှာလည်း စံမီပြီး မဲပေးသူများ သက်သက်သာသာနှင့်မဲပေးနိုင်ကြ ကြောင်းကိုလည်း သူက ပြောပါ သေးသည်။ မလေးရှားနိုင်ငံမှ လေ့ လာရေးအဖွဲ့သားများသည် လှည်း ကူး၊ မရမ်းကုန်း နှင့် မင်္ဂလာတောင် ညွန့်မြို့နယ် မဲရုံများအပါအဝင် အခြားမဲရုံများသို့လည်း သွားရောက် လေ့လာခဲ့ကြကြောင်းသိရသည်။
Kallayana Vipattpumiprates
”မဲရုံကတာဝန်ရှိသူတွေဟာ မဲပေးသူတွေရဲ့ နာမည်စာရင်းတွေပါ မပါ ကူညီပြီးရှာပေးကြတယ်။ သက်ကြီးရွယ်အိုတွေ ကိုလည်း မဲရုံ ထဲကို တွဲပြီးခေါ်ပေးကြတယ်”ဟု ထိုင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Kallayana Vipattpumiprates ကပြောပါသည်။ သူသည် ဘင်္ဂ လားဒေ့ရှ်၊ အိန္ဒိယနှင့် ဂျပန် သံရုံးတို့မှ လေ့လာသူများနှင့်အတူ မန္တလေး   နှင့် ပြင်ဦးလွင်ရှိ မဲရုံများသို့ သွား ရောက် လေ့လာခဲ့သည်။
ဂျက်ဖ်ဟပ်ဒ်ဆန်
”ထူးထူးခြားခြားကို လွတ်လပ် ပြီး မျှတတဲ့ရွေးကောက်ပွဲပါပဲ။ ဆန္ဒ မဲရလဒ်တွေက သက်သေပဲလေ။ လေ့လာသူတွေရဲ့အတွေ့အကြုံတွေ ကို သေသေချာချာ မသိ ရသေးတာ တောင်မှ မဲထည့်ရတာနဲ့ မဲရေတွက် တာတွေဟာ ပွင့်လင်းပြီး ထင်သာ မြင်သာရှိပုံရပါတယ်။ NLD က မဲ အပြတ်အသတ်တွေနဲ့ နိုင်တယ်ဆို တာဟာလည်း အံ့သြဖွယ်ရာပါပဲ။ တရားဝင်ထုတ်ပြန်တဲ့ စာရင်းမှာ ဘယ်လိုနေမယ်ဆိုတာကို စောင့် ကြည့်ရမယ်။  အထူး အရေးကြီးတာကတော့ မီဒီယာတွေမှာလည်း နည်းနည်း ပါးပါး ဆင်ဆာထိတာကလွဲလို့ အတော်လေး ဖော်ပြခွင့်ရကြမှာပါ။ သို့သော် သတင်းသမားတွေများ NLD ဘက် နည်းနည်းယိမ်းနေကြ လေရော့သလား။ ဒါဟာ နောင်လာ မယ့်ရွေးကောက်ပွဲတွေမှာ ပြောစရာ တစ်ခု ဖြစ်လာမှာလေ။ သတင်း သမားအတော်များများမှာ စိတ်လှုပ် ရှားမှုလေးတွေ ရှိနေကြတယ်ဆိုတာ တော့ ပေါ်လွင်နေကြတယ်။
မီဒီယာတွေ ပိုလွတ်လပ်လာ ကြပေမယ့် မမျှတတာလေးတွေ ရှိတယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။ သတင်းသမားတွေဟာ အမှန်ဖြစ်ရပ် တွေကို သိသာထင်ရှားအောင် လုပ် ကြဖို့ ခုထက်ပိုပြီး ကောင်းကောင်း လုပ်ကြရမယ်။ NLD လို ပါတီမျိုး အပါအဝင် တခြား ပါတီတွေရဲ့ အသံတွေကိုလည်း ရအောင်ယူကြရ မယ်။  နောက် အရေးကြီး တာတစ်ခု ကတော့ ခုရွေးကောက်ပွဲဟာ ကြား ဖြတ်ရွေးကောက်ပွဲတစ်ခုပဲ ရှိပါသေး တယ်ဆိုတာကို သတိပြုကြဖို့ပါပဲ။ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း အရေ အတွက် ရဲ့ ၁ဝ ရာခိုင်နှုန်း လောက်ပဲ ရှိတာပါ။ ၂ဝ၁၅ ရွေး ကောက်ပွဲမှာ ဘယ်လိုလာမလဲ။ ခု ထက် ကိုယ်စားလှယ်အရေအတွက် ပိုများလာရင်ရော။ အစိုးရနဲ့ ပါတီ   တွေကရော လွပ်လပ်မျှတတဲ့ ရွေး ကောက်ပွဲကို ရကြဦးမှာလား။ မီဒီ ယာလွပ်လပ်ခွင့်တွေရော အပြည့် အဝ ရလာကြမှာလား။ သတင်း သမားတွေကရော မျှမျှတတ ရှိလာ ကြမှာလား” ဟု မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် သတင်းစာဆရာ ဂျက်ဖ် ဟပ်ဒ်ဆန် က ပြောပါသည်။ သူသည် မြန်မာ နိုင်ငံသတင်းသမားအများစုနှင့် ထဲထဲ ဝင်ဝင် ရင်းနှီးသူတစ်ဦးဖြစ်ပြီး သူ ရေးသားခဲ့သော သတင်းစာပညာ ဆိုင်ရာ စာအုပ်စာတမ်းများကိုလည်း မြန်မာသတင်းသမားများ ဖတ်ရှု လေ့လာနေကြ ရဆဲ ဖြစ်သည်။
ကိုကိုကြီး
မိမိ အနိုင်ရစေချင်သည့် ပါတီ အနိုင်ရရှိသည့်အတွက် သာမန် ပြည်သူတစ်ဦး အနေအဖြင့်ကျေနပ်ပါ ကြောင်းကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြုကိုယ်စားလှယ်လောင်း များ အနိုင်ရရှိမှုများသည့်အတွက် သာမန်ပြည်သူ တစ်ယောက်အနေ ဖြင့် မိမိအနိုင်ရစေချင်သည့် ပါတီ အနိုင်ရရှိ သည့်အတွက်ကျေနပ်ပါ ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးကပြောသည်။ ၄င်းတို့သည် ယခု ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စောင့် ကြည့်လေ့လာရေးကွန်ရက် ဖွဲ့စည်း ထားပြီး ရွေးကောက်ပွဲအား စောင့် ကြည့်ခဲ့သည်တွင်အဓိကကြုံတွေ့ရ သည့်ပြဿနာမှာ မှတ်ပုံတင်ရှိ လျက်၊ သန်းခေါင်စာရင်း ရှိလျက် မဲပေးခွင့် မရရှိကြသည့်သူ အများစု ကိုကြုံတွေ့ခဲ့ရကြောင်း ၄င်းက ပြောသည်။ ”ကျွန်တော်တို့က တစ်ဖက် ကလည်း ရွေးကောက်ပွဲကို စောင့် ကြည့်လေ့လာသူအဖြစ် ရှိနေတယ် ဆိုတော့ ပါတီတစ်ခုခု နိုင်ခြင်း မနိုင်ခြင်းထက် ရွေးကောက်ပွဲကို တရားမျှတမှုရှိလား၊ လွတ်လပ်မှု ရှိလား ဆိုတဲ့အပေါ်မှာ အဓိကထား သုံးသပ်သွားမှာပါ”ဟု ကိုကိုကြီး ကပြောသည်။
ဦးစိန်ဝင်း (မဇ္ဈိမ)
”အခု ရွေးကောက်ပွဲ တစ်ခု လုံးကိုခြုံပြီးကြည့်မယ်ဆိုရင် campaign ကာလရော မဲထည့်တဲ့နေ့ ရော ခြုံပြီးကြည့်မယ်ဆိုရင် တချို့ နေရာတွေမှာ အငြင်းပွားစရာလေး   တွေရှိတယ်လို့ဆိုကြပေမယ့်လည်းလွတ် လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ တစ်ခုလို့ ပြောလို့ရမယ်လို့ထင်ပါ တယ်။ သို့သော် ရလဒ်ကို တရားဝင် မကြေညာသေး လတော့ကာ ကျွန်တော်တို့ရဲ့ အခြေအနေထုံးစံ အတိုင်း စိုးရိမ်ပူပန်မှုလေးတွေတော့ ရှိနေကြသေးတယ်လို့ ပြောချင်ပါ တယ်” ဟု မဇ္ဈိမ သတင်းဌာနမှ ဦးစိန်ဝင်းက ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက ပြောပါသည်။
http://popularmyanmar.com/mpaper/archives/40417

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif