လူတိုင်းလူတိုင်းသည်အ သက်ရှည်ရာအနာမဲ့ကြောင်း သက်တမ်းစေ့နေလိုကြသည်။ထို့ ကြောင့်ပင် တစ်ဦးနှင့်တစ်ဦး ဆုတောင်း၊ဆုယူပြုလျှင်ပင် အသက်
၁၂၀ ကျော်ရှည်စေသော်ဝ်၊ ဘုန်းကြီးလို့ အသက်ရှည်ပါစေဟူ၍ ပင်ပြောလေ့ရှိကြသည်။အသက်ရှည်ခြင်းသည် မြန် မာလူမျိုးများအတွက် ဆုလာဘ် တစ်ခုပင်ဖြစ်သည်။သို့သော် ကျန်းကျန်းမာမာနှင့် အသက်ရှည် နေထိုင်နိုင်ရန် အရေးကြီးပါသည်။
ယနေ့ကမ္ဘာပေါ်တွင် အစားအသောက် အနေအထိုင်များပြောင်းလဲလာခြင်း၊ ခေတ်မီဆေးဝါးကုသမှုစနစ်များ ထွန်းကားလာ ခြင်းတို့ကြောင့် အသက်ရှည်သူအရေအတွက်မှာ ပိုမိုများပြားလာပြီ ဖြစ်သည်။သတ်မှတ်ချက်များအရ အ သက်ခြောက်ဆယ်ကျော်သူများအား သက်ကြီးရွယ်အိုများအဖြစ် သတ်မှတ်ကြသည်။ သို့သော်အသက်ခြောက်ဆယ်ကျော်သူတိုင်းတော့ အိုမင်းမစွမ်းဖြစ်နေ သူများမဟုတ်ကြပေ။လက်ရှိမြန်မာနိုင်ငံတွင်လည်း သက်ကြီးရွယ်အိုလူဦးရေမှာ ၁၀ရာခိုင်နှုန်းရှိပြီး လူ ၁၀ ဦးလျှင်တစ်ဦးမှာ အသက်ခြောက်ဆယ် အထက်ရှိသူများဖြစ်ကြောင်း သိရသည်။
လာမည့် ၂၀၅၀ပြည့်နှစ်တွင်လူလေးဦးလျှင်တစ်ဦးသည် အသက်ခြောက်ဆယ်ကျော်အရွယ် များဖြစ်လာမည်ဟုခန့်မှန်းကြ ကြောင်းလည်း သိရသည်။
သက်ကြီးရွယ်အိုများလာခြင်းသည် နိုင်ငံ၏ကျန်းမာရေးစောင့် ရှောက်မှုကောင်းမွန်ခြင်း၊ တိုးတက်လာခြင်းတို့၏ ပြယုဂ်များဖြစ်သဖြင့် ဂုတ်ယူစရာဖြစ်သော်လည်း ကျန်းမာပျော်ရွင်သည့် သက်ကြီးရွယ်အိုအရေအတွက် များပြားလာရန်လိုအပ်သည်ဟု သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်မန်နေဂျာ ပါမောက္ခဒေါက်တာမြင့်ဟန်က ပြောသည်။ထို့ကြောင့်နောက်ပိုင်းတွင် များပြားလာမည့် သက်ကြီးရွယ်အို လူဦးရေများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍ များအဆင်သင့် ဖြစ်ရန်လည်း လိုအပ်ကြောင်း သိရသည်။
ယနေ့သက်ကြီးရွယ်အိုများအား အဓိကခြိမ်းခြောက်လျက်ရှိသည့် ကျန်းမာရေးပြဿနာများမှာ မကူးစက်နိုင်သည့်ရောဂါများအုပ်စုဝင်သွေးတိုး၊ ဆီးချို၊ နှလုံးနှင့်ကင်ဆာရောဂါအမျိုးမျိုးတို့ဖြစ်ကြောင်း သိရသည်။ အထက်ပါရောဂါလေးမျိုးသည် ယနေ့သက်ကြီးရွယ်အိုလူဦးရေအများစုတွင်ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရကြောင်း ပါမောက္ခ ဒေါက်တာမြင့်ဟန်ကပြောသည်။ထိုအထဲတွင်မှ ဆီးချိုရောဂါသည် သက်ကြီးရွယ်အိုဆေးခန်းများ၏ ပြင်ပလူနာဌာနများတွင် လာရောက်ပြသသူများ၏ ၂၀ရာခိုင်နှုန်းတွင် ဖြစ်ပွားနေသည်ကို တွေ့ရသည်ဟု သိရသည်။
အင်းစိန်ဆေးရုံကြီးရှိ သက်ကြီးရွယ်အိုဆေးခန်း ပြင်ပလူနာဌာနတွင် လာရောက်ပြသသူများ၏ ၄၀ရာခိုင်နှုန်းမှာ အရိုးပါးခြင်း၊ ကျန်၄၀ ရာခိုင်နှုန်းမှာ အရိုးပွခြင်း စသည့် ရောဂါများ ခံစားရလျက်ရှိပြီး ၂၀ ရာခိုင်နှုန်းသာ ပုံမှန်အနေအထား ဖြစ်ကြောင်း သိရသည်။ထို့အပြင် သက်ကြီးရွယ်အိုများသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာနေစေရန်လည်း လိုအပ်သည်။ သို့မှသာလျှင် ပျော်ရွှင်တက်ကြသည့် သက်ကြီးဘ၀ကိုရရှိနိုင်မည်ဟု ဒေါက်တာမြင့်ဟန်ကပြောသည်။
အလားတူ သက်ကြီးရွယ်အိုများတွင် အခြားဖြစ်တတ်သည့် ရုပ်ပိုင်းဆိုင်ရာရောဂါများမှာ အရိုးပါးခြင်း၊သွေးတွင်း အဆီဓာတ်များခြင်း အစရှိသည့် ရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။
ထို့အပြင် သက်ကြီးရွယ်အိုများအား ခြိမ်းခြောက်လျက်ရှိသည့် အခြားကျန်းမာရေးဆိုင်ရာပြဿနာ ဖြစ်နိုင်သည့် အပြုအမူတစ်ခုမှာ ဆေးလိပ်သောက်ခြင်းဖြစ်ကြောင်း သိရ သည်။မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၈၀ကျော်တွင်ကောက်ယူခဲ့သည့်စစ်တမ်းများအရ သက်ကြီးရွယ်အိုများ၏ ၆၀ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သည့် အလေ့အထရှိကြကြောင်း ဒေါက်တာမြင့်ဟန်ကပြောသည်။“ဆေးလိပ်သောက်တော့ အဆုတ်ပွတာတို့၊ကင်ဆာတို့၊ လေဖြတ်တာတွေဖြစ်နေတာတွေ့ရတယ်။ သက်ကြီးရွယ်အိုများအနေနဲ့ ဆေးလိပ်အန္တရာယ်ကို သတိပြုပြီး ဒီအမူအကျင့်ကို စွန့်လွှတ်ဖို့ ကြိုးစားသင့်တယ်” ဟုဒေါက်တာမြင့်ဟန်က ပြောသည်။
ထို့အပြင် ပျော်ရွှင်တက်ကြွသည့် သက်ကြီးဘ၀ကိုရရှိရန်အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများလည်း ပြုလုပ်ရန်လိုအပ်သည်။
သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အရိုးပါး၊အရိုးပွမှုနှုန်းများစစ်ဆေး ခြင်းများပြုလုပ်သင့်ကြောင်း သိရသည်။“ကျွန်တော်တို့မြန်မာလူမျိုးတွေက လူကြီးကိုရိုသေတယ် အိမ်ဦးခန်းမှာထားပြီး ကျွေးမွေးပြုစုတယ်။ ဒါပေမဲ့ အဲဒီလူကြီးမှာစစ်ဆေးသင့်တဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုမျိုး၊ ဥပမာ-နှလုံး
နှင့်ကင်ဆာရောဂါများ စစ်ဆေးခြင်း၊ ပုံမှန်သွေးပေါင်ချိန်ခြင်း၊ အစရှိတဲ့ စစ်ဆေးမှုမျိုးကို အချိန်မှန်ပြုလုပ်နိုင်ဖို့လိုတယ်”ဟုသက်ကြီးရွယ်အိုများ၏ ကျန်းမာရေးစစ်ဆေးမှုအားနည်းခြင်းနှင့် ပတ်သက်၍ပြောကြားသည်။
ထို့အပြင် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးသကဲ့သို့ သက်ကြီးရွယ်အိုများကိုလည်း ကာကွယ်ဆေး ထိုးပေးရန် လိုအပ်ကြောင်းလည်း သိရသည်။
သက်ကြီးရွယ်အိုများ ထိုးသင့်သည့်ကာကွယ်ဆေးများမှာ နမိုးနီးယားကာကွယ်ဆေး၊တုပ်ကွေး ကာကွယ်ဆေးတို့ဖြစ်ပြီး အဆုတ်ပွသူ၊ ဆီးချိုရောဂါရှိသူများ ပို၍ ထိုးသင့်ကြောင်း သိရသည်။ထို့အပြင် သက်ကြီးရွယ်အိုများအား ကျွေးမွေးရာတွင်အာဟာရပြည့်ဝမျှတမှုရှိစေရန်လည်းလိုအပ်ကြောင်းလည်း သိရသည်။
“သက်ကြီးရွယ်အိုတော်တော်များများက အကြောင်းအ မျိုးမျိုးကြောင့် အာဟာရပြည့်ဝအောင်မစားနိုင်ကြဘူး။ ကျွေးတဲ့ မိသားစုကလည်း အာဟာရနဲ့ပတ်သက်ပြီး ပိုမိုနားလည်ဖို့ လိုအပ်ပါတယ်”ဟု ဒေါက်တာမြင့်ဟန်ကပြောသည်။
သက်ကြီးရွယ်အိုများသည် ရေများများသောက်ရန်၊ အသီးနှင့်ဟင်းသီးဟင်းရွက်များ များများစားပေးရန်လိုအပ်ကြောင်း သိရသည်။
ပျော်ရွှင်တက်ကြွသည့် သက်ကြီးဘ၀များအားပိုင်ဆိုင်နိုင် ရန်အတွက် ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ခြင်း၊ဆေးလိပ်ဖြတ်ခြင်း၊လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊မိသားစုနှင့်နွေးထွေးစွာနေခြင်းတို့ဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်းပညာရှင်များကပြောကြားသည်။ http://www.7daynewsjournal.com/ar

0 comments:
Post a Comment