ပရိသတ်များ၏ ဆန္ဒအတိုင်း အကယ်ဒမီဆုကို ရရှိသွားသော သက်မွန်မြင့်သည် ရိုက်ကူးရေးလုပ်ငန်းများဖြင့် နေ့စဉ်အလုပ်များလျက်ရှိသည်။ ယခုနောက်ပိုင်းတွင် စကားပြောသွက်လက်လာခြင်းကြောင့် ပရိသတ်များ အချစ်ပိုနေကြပြီး ၀တ်စားဆင်ယင်မှုမှာ လျှပ်ပေါ်လော်လီမှုမရှိခြင်းကြောင့်လည်း အမှတ်ပိုရနေသည့် မင်းသမီး သက်မွန်မြင့်နှင့် အကယ်ဒမီ ဂုဏ်ပြုညစာစားပွဲတွင် တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့သည်များကို ပရိသတ်အတွက် ပြန်လည်ဖော်ပြေပေးလိုက်ပါသည်။
အခု လက်ရှိ အမ ဘာကားတွေ ရိုက်နေပါလဲ။
“ပြန်ခေါ်သက်သေ”ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်နေပါတယ်။ ဒါရိုက်တာ ဦးမီးပွား၊ မင်းသားက ဟိန်းဝေယံပါ။
အကယ်ဒမီရပြီး ဇာတိမြေကို ပြန်ပြီး အမှတ်တရ တစ်ခုခု လုပ်ဖို့ရှိပါသလား။
လောလောဆယ် လုပ်ဖို့ တော့အစီအစဉ်မရှိပါဘူး။ ဒီဘက်မှာလည်း အလုပ်တွေ အများကြီးရှိတော့ အဲဒီ့ဘက်သွားတာကျတော့ အချိန်အများကြီးအေပးရတယ်လေ။ စိတ်ကူးကတော့ ခဏလေးဆိုတော့ စိတ်ကရောက်ချင်တိုင်းရောက်တာပေါ့နော်။ ဖြစ်ချင်တာတွေ စိတ်ကူးထားတာတွေ အများကြီးရှိပါတယ်။
အကယ်ဒမီရွှေစင်ရုပ်ကို ဘယ်နေရာမှာ ထားပါလဲ။
အိမ်က ဘုရားစင်နားမှာ ထားထားတယ်။
အခု လတ်တလောမှာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဥပမာ-အလှအပ၊ ဆံပင်၊ ၀တ်စားဆင်ယင်မှုကိုပြောင်းလဲချင်တာရှိလား၊ ဘာများဖြစ်မလဲ။
အများကြီးလည်း မပြောင်းလဲချင်ပါဘူး။ ကိုယ်လည်း ဒီအနုပညာလောကထဲမှာ ၁၀နှစ်မက ဒီပုံစံပဲ လုပ်လာတာဆိုတော့ ဒီပုံစံပဲပေါ့။ ကာရိုက်တာပြောင်းချင်တဲ့အခါမှ ပုံစံပြောင်းတာဆိုတော့လေ။ သရုပ်ဆောင်တစ်ယောက် ဖြစ်နေတဲ့အတွက် ပုံစံတွေပြောင်းနေရတဲ့အတွက် အဲဒီ့လိုမျိုးဖြစ်ချင်တဲ့စိတ်ရယ်လို့တော့မရှိပါဘူး။
သက်မွန်ရဲ့ အကယ်ဒမီဖက်ရှင် ချင်းဝတ်စုံကို လူတိုင်းကြိုက်တယ်လို့ပြောကြတယ်နော်။ အခု အဲဒီ့ဝတ်စုံကို ဘာလုပ်ထားပါလဲ။
လောလောဆယ်တော့ ဒီအတိုင်းအမှတ်တရသိမ်းထားပါတယ်။ ပြန်ဝတ်ဖို့တော့ လောလောဆယ်မရှိသေးပါဘူး။ ကိုယ်က ဒီဝတ်စုံနဲ့ အမှတ်တရ ဓာတ်ပုံတွေတော့ ရိုက်ထားတာပေါ့နော်။
သီချင်းနားထောင်ဖြစ်လား။ ဘာသီချင်းတွေ အကြိုက်တွေ့နေလဲ။
သီချင်းတွေတော့ တော်တော်များများ နားထောင်ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့ အခွေလည်းနားထောင်တယ်။ ၀ိုင်းစုရဲ့အခွေလည်း နားထောင်တယ်။ သီချင်း အေးအေးလေးတွေ။ နားထောင်တာများတယ်။ အခု လောလောဆယ် ကြိုက်နေတာက စန္ဒီမြင့်လွင်ရဲ့သီချင်းနားထောင်နေတယ်။ သီချင်းခေါင်းစဉ်တော့မသိဘူး။
သက်မွန်ရဲ့ နှင်းတွေကြားက ဓာတ်ပုံကို တော်တော်များများ ကြိုက်တယ်ပြောတယ်နော်။ အဲဒီ့ ခရီးစဉ်မှာ နှင်းတောထဲက အမှတ်တရဆိုရင် ဘာများဖြစ်မလဲ။
အဲဒီ့ဘက်(အမေရိကန်)ကျတော့ ရောက်ဖို့ခဲယဉ်းတယ်လေ။ ကိုယ့်အလုပ်တွေနဲ့ သွားတာ လာတာနဲ့ ခဲယဉ်းတော့ အမှတ်တရအနေနဲ့ ရိုက်ခဲ့တာပေါ့နော်။ ဆန်
ဖရန်ကနေ နှစ်နာရီလောက်သွားရတယ်။ အဲဒီ့ ရေခဲတွေကြားထဲ ဓာတ်ပုံရိုက်ဖို့။ အချိန်က သိပ်မရှိဘူးဆိုတော့ အမြန်ရိုက်ခဲ့ရတာပေါ့နော်။ ကြိုက်ကြတဲ့အတွက် ၀မ်း
သာပါတယ်။ အမှတ်တရကတော့ဘယ်လိုပျော်မှန်းမသိဘူး။ နှင်းဖြူဖြူ သကြားခဲလေးလိုပဲ။ အရမ်းလွတ်လပ်တယ်။ ကလေးတစ်ယောက်လို ပြန်ဖြစ်သွားတယ်။ အဲ
ဒီ့ခံစားချက်တော့ အမှတ်တရပဲပေါ့။အေးအေးလေးနဲ့ အရမ်းပျော်ဖို့ကောင်းတယ်။
အခု လက်ရှိ စိတ်ထဲမှာ လုပ်ချင်တဲ့ဆန္ဒ၊ အပြင်းပြဆုံးဆန္ဒက ဘာများ ဖြစ်မလဲ။
ကိုယ့်ကိုယ်ကိုယ် တစ်ရက်၊ နှစ်ရက်လောက်ပဲဖြစ်ဖြစ် အနားပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တောက်လျှောက် Run နေရတာများလာတော့လေ။
“အာဒမ်ရယ်၊ဧ၀ရယ်၊ ဒသရယ်” ဇာတ်ကားက ဒရာမာကားထဲမှာ အအောင်မြင်ဆုံးလို့ ပြောလို့ရတာ ဘာကြောင့်လို့ ပြောမလဲ။
ပရိသတ်ရဲ့ အားပေးမှုနဲ့လည်း အများကြီးဆိုင်တာပေါ့နော်။ အဲဒီလိုမျိုးလေး ဇာတ်လမ်းလေးကလည်း ဆန်းသွားတယ်။ ဒါရိုက်တာဝိုင်းကလည်း တင်ပြ
တာတွေ အရမ်းကောင်းတယ်။ သူအရမ်းကြိုးစားထားတယ်။ သရုပ်ဆောင်တွေ အားလုံးကလည်း အံဝင်ခွင်ကျဖြစ်ပြီးတော့ အရမ်းကောင်းသွားတဲ့ ဇာတ်ကား
လေးဖြစ်သွားတာပေါ့။
ဒီဇာတ်ကားက သက်မွန်အတွက် ဘယ်လောက်ထိအဓိပ္ပာယ် သက်ရောက်လဲ။
အများကြီး သက်ရောက်တာပေါ့။ ဘာလို့လဲဆိုတော့ ပရိသတ်ကလည်း လုံးဝအပြည့်အ၀ကြီးကိုအားပေးတယ်။ အကယ်ဒမီဆုလည်း ဒါဘ၀မှာ မှတ်တိုင်တစ်
ခု အနေနဲ့ စိုက်ထူလိုက်နိုင်တယ်။ ဒီကားနဲ့ဆိုတော့ ဒီဇာတ်ကားကတော့ လုံးဝအမှတ်တရပဲ။
အခုထိ ဒီဇာတ်ကားရိုက်တုန်းက မေ့မရတဲ့ အမှတ်တရလေးက ဘာများဖြစ်မလဲ။
ဒီဇာတ်ကားရိုက်တုန်းက ခက်ခက်ခဲခဲပါပဲ။ ပြေးလိုက်လွှားလိုက်နဲ့အရမ်းလည်းပြေးခဲ့ရတယ်။အရမ်းလည်းမောခဲ့တယ်။ နောက်ရေထဲ ခုန်ဆင်းရတာတွေလည်းရှိတယ်။ ကိုယ်လည်း ရေမကူးတတ်ဘဲနဲ့ ည ၁၂ နာရီထိုးသွားတယ်။ ည ၁၂ နာရီမှာ ရေထဲခုန်ဆင်းရတာတွေလည်းရှိတယ်။ အဲလိုမျိုးပေါ့။ အမှတ်တရတွေတော့အများကြီးပဲ။

0 comments:
Post a Comment