မန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၎င်းတို့၏ မိုဘိုင်းဖုန်းများဖြစ်သော ဂျီအက်စ်အမ်၊ စီဒီအမ်အေ ၄၅၀ မဂ္ဂါဟဇ်၊ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်နှင့် ဒဗျူ
စီဒီအမ်အေဖုန်းများ၏ ကနဦးတပ်ဆင်ခများကို လျှော့ချသတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့လျှော့ချသတ်မှတ်လိုက်သည်ဆိုရာတွင် ဂျီအက်စ်အမ်ဖုန်းများကို ကျပ်နှစ်သိန်း၊ CDMA ၈၀၀MHz နှင့်ဖုန်းများကို ကျပ်နှစ်သိန်းငါးသောင်းနှင့် CDMA450 MHz ဖုန်းများကို ကျပ်နှစ်သိန်းသို့လည်းကောင်း ပြင်ဆင်သတ်မှတ်ပြီး ရောင်းချသွားမည် ဖြစ်ကြောင်း မကြာသေးမီ အချိန်ပိုင်းအတွင်း အင်တာနက်ပေါ်ရှိ ဆိုရှယ်ဆိုက်များသို့ တက်လာခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ကြေညာချက်အရသိရသည်။
ထိုအစီအစဉ်နှင့်ပတ်သက် ၍နေပြည်တော်တွင် မြန်မာ့ဆက်သွယ်ရေးအပါအ၀င် ၄င်းနှင့် ပူးပေါင်းမည့် ပုဂ္ဂလိကမိုဘိုင်းဖုန်း ကုမ္ပဏီမှ တာဝန်ရှိသူများက မတ်
လ၅ရက်တွင် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ အစိုးရကဈေးနှုန်းများကို မူလဈေးနှုန်းများထက် လျှော့ချပေးလိုက်သည့် အထက်ပါ မိုဘိုင်းဖုန်းများ၏ နှုန်း
ထားအသစ်များကို ယခုလ ၁၄ မှ စတင်ကာဝယ်ယူနိုင်တော့မည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
အထက်ပါ နှစ်သိန်းတန်ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးမှအပ ပြည်နယ်အားလုံး၌ စတင်ရောင်းချမည်ဖြစ်
သည်။ မတ်လ၂၈ရက်နေ့တွင်မူ နေပြည်တော်ခရိုင်နှင့် တိုင်းဒေသကြီးခုနစ်ခု၌ (ရန်ကုန်၊ မန္တလေးမှအပ) ရောင်းချမည်ဖြစ်သည်။ ဧပြီလ၉ရက်နေ့တွင်မူ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စတင်ရောင်းချသွားမည်ဖြစ်သည်။ မတ်လ ၁၄ ရက်နေ့တွင်ချထားမည့် နှစ်သိန်းတန်ဂျီအက်စ်အမ်ဖုန်းများမှာ လာမည့်မေလပထမ
ပတ်မှသာ နေရာဒေသမရွေးသို့ သယ်ဆောင်အသုံးပြုနိုင်မည် ဖြစ်သည်။
ဧပြီလ ၉ရက်နေ့တွင်ပင် ရန်ကုန်၊ မန္တလေးမှအပ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးတွင် WCDMA ဖုန်းများကို ကျပ်နှစ်သိန်းဖြင့် စတင်ရောင်းချမည်ဖြစ်သည်။ ဧပြီ၂၃တွင် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် အဆိုပါ WCDMA ဖုန်းများကို စတင်ရောင်းချမည်ဖြစ် သည်။ စီဒီအမ်အေ ၄၅၀နှင့် ၈၀၀ ဖုန်းများမှာမူ လိုင်းအင်အား ပြည့်သွားပြီဖြစ်သဖြင့် ဈေးနှုန်းများ လျှော့ချထားသော်လည်း လောလောဆယ်တွင် ရောင်းချနိုင်ခြင်း မရှိသေးပေ။
မြန်မာ့ဆက်သွယ်ရေးအ နေဖြင့်၎င်းတို့၏ တန်ဖိုးနည်းမိုဘိုင်းဖုန်းစီမံကိန်းဖြစ်သော ဂျီအက်စ်အမ်သန်းသုံးဆယ်၏ ပထမအသုတ်ကို ကျပ်နှစ်သိန်း ဖြင့်ရောင်းချပေးသွားမည့်အပြင် ယခင်ရောင်းချနေသည့် ကျပ်ငါးသိန်းတန် စီဒီအမ်အေဖုန်းအမျိုးအစားများကိုပါ ထပ်မံလျှော့ချရောင်းချပေးရခြင်းမှာ နိုင်ငံ တော်သမ္မတ၏ မတ်လ ၁ ရက်က တရားဝင်ပြောကြားခဲ့သည့် မိန့်ခွန်းတွင်ပါရှိသည့် ဆက်သွယ်ရေး နှင့်သက်ဆိုင်သည့် လမ်းညွှန်ချက်ကြောင့်ဟုသိရသည်။

0 comments:
Post a Comment