ပည်တွင်း၌စတင်ဆောင်ရွက်လိုက်သည့် Myanmar Payment Union စနစ်အတွက် Banking Network ကိုတည်ဆောက်ရမည်ဖြစ်ရာ ထိုသို့တည်ဆောက်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဘဏ်များအား ဖိုင်ဘာ Network တပ်ဆင်ထားကြောင်း Myanmar Payment Union ၏ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးရဲမင်းဦးကပြောသည်။
MPU ၏ပထမအဆင့်ဖြစ်သည့် Network တည်ဆောက်သည့်အဆင့်ကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ “MPU ရဲ့ပထမအဆင့်ဖြစ်တဲ့ နိုင်ငံခြားကနေပြီး ကိုယ့် Network ကိုဆောက်မယ့်အဆင့်ကို ကျွန်တော်တို့စလုပ်ပါမယ်။ လက်ရှိ MPU နဲ့ချိတ်ဆက်ထားတဲ့ ဘဏ်တွေအားလုံးကို Banking Network ပေါ်မှာတည်ပြီး ပြန်ချိတ်မှာပါ။ အဲဒီလိုချိတ်ဖို့အတွက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေပြီးတော့ ဘဏ်တွေအားလုံးကို ဖိုင်ဘာ Network ဆင်ပြီးပါပြီ” ဟု၎င်းကပြောသည်။ MPU ၏ Data စင်တာကို လုံခြုံရေးအပြည့်အ၀ပြည့်စုံသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးတွင်ထားရှိကြောင်း သိရသည်။ MPU စနစ်ချိတ်ဆက်ထားသော ဘဏ်များအားလုံး၏ Network က အဆိုပါ Data စင်တာကို ချိတ်ဆက်ရမည်ဖြစ်ကြောင်း သိရသည်။ “Data စင်တာမှာကျွန်တော်တို့ရဲ့ Hardware ပိုင်းဆိုင်ရာ ဆောင်ရွက်ပြီးပါပြီ။ အခုဆော့ဖ်ဝဲပိုင်းကို စလုပ်မှာဖြစ်ပါတယ်” ဟု၎င်းကဆက်လက်ပြောကြားသည်။ ဆော့ဖ်ဝဲပိုင်းဆိုင်ရာကို MIT ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MPU ကတ်စနစ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အရောင်းဆိုင်များ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ http://www.myanmarinternetjournal.com

0 comments:
Post a Comment