http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုအပ် နေပါသေးသည်

အဲဒီ တနင်္ဂနွေသည် ညနေ ၄ နာရီ နောက်ပိုင်းမှာ ပြီးဆုံးသွားခဲ့ ပြီဖြစ်၏။ အတိအကျ ပြောရလျှင် နိုင်ငံတကာ အစိုးရ များ၊ လေ့လာ စောင့်ကြည့်သူများ၊ ပြည်တွင်း ပြည်ပမှ လူအများ စိတ်ဝင်စားမှု အခံရ ဆုံးမြန်မာနိုင်ငံ၏ ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲသည် ယင်း နေ့ ညနေ ၄ နာရီ မဲရုံ ပိတ်ချိန် တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
အများ မျှော်လင့်ထား သလိုပင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ် စားလှယ်လောင်း အများစု အနိုင်ရ ရှိခဲ့သည်။ နှစ်ပေါင်း ၂ဝ ကျော်ကြာ ပျောက်ဆုံးနေသည့် မြန်မာပြည် သူ တွေ ၏ နိုင်ငံရေးနိုးကြား ပျော်ရွင်မှုကို ထို တနင်္ဂနွေ တစ်ညလုံးနှင့် နောက် ရက်ပိုင်း အချို့တွေ အထိမြင်တွေ့ရ သည်။
သို့ရာတွင် ထိုပျော်ရွင်မှုများ၏ နောက်ဆက်တွဲသည် မြန်မာနိုင်ငံ ပြည်သူတွေ အတွက် မည်သို့ရှိလာ ချေမည်နည်း။ ဒီမိုကရေစီ အင်အားစု တစ်ရပ်အဖြစ် လွှတ်တော်ထဲ ရောက်ရှိသွားမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်း များ၏ လွှတ်တော်တွင်း ဆောင်ရွက် နိုင်မှုများသည် အဘယ်သို့ ရှိလာနိုင် မည်နည်း။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကပေးအပ်ထားမှုအရ၊ လွှတ်တော် တွင်းသမား ရိုးကျ ဖြစ်စဉ်များအရ ဆိုလျှင် ထိုအင်အားစုသည် လွှတ် တော်တွင်း ၌ မည်သည့် နည်းနှင့်မျှ လတ်တလောတွင် အလုပ်ဖြစ်နိုင် ခြေ မရှိဟု သုံးသပ်ရမည်ဖြစ်သည်။
” ဖွဲ့စည်းပုံအရ ကိုယ့်ဘက်မှာ ၇၅ရာခိုင်နှုန်း ရှိဦး၊ လွှတ်တော်ထဲမှာ ဘာမှ လုပ်နိုင်ဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်သူတွေနိုင်တယ်၊ ဘယ်သူတွေ ဘယ်နှနေရာရတယ် ဆိုတာ ကြည့်မနေဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး တစ်ခုတည်း ကိုပဲ ကြည့်ပြီး ပေါင်းစည်းလုပ်ဆောင်သွားမယ် ဆိုရင် ပိုပြီး ကောင်းမွန်လာမှာပါ” ဟု ၈၈ မျိုးဆက်ကျောင်း သား ကိုဂျင်မီက ပြောသည်။
မည်သို့ပင်ဆိုဆို ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်ရှိသွားသည့် အတွက် လွှတ်တော် တွင်းနိုင်ငံရေး သည် အများ ပြည်သူ စိတ်ဝင်စားလာနိုင်ခြေ ပိုမို လာနိုင်သလို အတိုက်အခံ အင်အား စုတစ်ခု၏ သရုပ် သကန်ကို ပိုမိုပီ ပြင် လာနိုင်ကြောင်း အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးက ပြောသည်။
” ဒီအင်အားစုတစ်ရပ် လွှတ်တော်ထဲ ရောက်သွားတဲ့ အတွက် ပြည်သူတွေရဲ့ အသံ၊ ပကတိလို အပ်ချက်တွေကို လွှတ်တော်ထဲမှာ ပြည်သူကိုယ်စားပြု အဖြစ်တောင်း ဆိုလာနိုင်မယ်။ ရှုံးနိမ့်ကောင်း ရှုံးနိမ့် နိုင်ပေမယ့် အတိုက်အခံပါတီ တစ်ခု ရဲ့အပြုအမူ၊ လုပ်ဆောင်ချက်တွေကို လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ထဲ ရောက်သွားတဲ့ အတွက်လည်း လွှတ်တော်နိုင်ငံရေးက တိုးတက် ကောင်းမွန် လာမယ်လို့ ယူဆပါတယ်” ဟု ၄င်းက ပြောသည်။
ပြည်တွင်း သာမက နိုင်ငံတ ကာ အသိုင်းအဝိုင်း၊ စောင့်ကြည့် လေ့လာသူများကလည်း ယင်း နည်းအတိုင်း ပင် သုံးသပ်ကြကြောင်း တွေ့ရသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်သွားလျှင် အနောက်နိုင်ငံ များ၏ ပိတ်ဆို့ထားမှု များလည်း ရုတ်သိမ်း သွားနိုင်ခြေ ရှိသည်ဟု သုံးသပ်ကြသည်။ ယင်း ကြောင့် ပင် ဒေါ်အောင်ဆန်းစုကြည် အား လက်ရှိ အရပ်သား အစိုးရအဖွဲ့ က လွှတ်တော်တွင်း ဝင်ရောက်စေ လိုခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဧပြီလ ၁ ရက် ကြားဖြတ်ရွေး ကောက်ပွဲကို လေ့လာ စောင့်ကြည့် သူအဖြစ် လာရောက် ခဲ့သူအချို့က ဆိုသည်။
ယင်းနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား ကိုဂျင်မီက လည်း ”အခုကြားဖြတ်ရွေးကောက် ပွဲက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးမှုရလဒ် ဆိုတာကို ပြနေတာပါပဲ ။နောက် ပိုင်းမှာ လည်း တွေ့ ဆုံဆွေးနွေးမှုရ လဒ်ကိုဆက်လုပ်ဖို့ လိုအပ်တယ်။ အခုက တစ်ဦးနဲ့ တစ်ဦးယုံကြည်မှု ခိုင်မာလာတယ်လို့ မြင်တယ်။ ယုံ ကြည်မှု ပိုခိုင်မာအောင် လုပ်ဖို့လို တယ်” ဟု ဆိုသည်။
သေချာသည်က ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်ရှိသွားခြင်းသည် လွှတ်တော်တွင်း ၌ ပြောင်းလဲ သွားမည်ဟု လူအများစုက သုံးသပ်နေကြခြင်း ဖြစ်သည်။ အမှန်တကယ်လည်း လွှတ် တော် တွင်းနိုင်ငံရေးသည် ပြောင်း လဲသွားနိုင်၏။ အနိမ့်ဆုံး လွှတ်တော်သည် ယခုကျင်းပနေသည့် လွှတ်တော် များကဲ့သို့ ပျင်းရိဖွယ် အများပြည်သူ၏ စိတ်ဝင်စားမှု မခံရသည့် လွှတ်တော်မျိုး မဖြစ်လောက်တော့ဟု အမေရိကန်နိုင်ငံ ကချီးမြှင့် သည့် နိုင်ငံတကာ ရဲရင့် အမျိုးသမီး သူရဲကောင်းဆု ရရှိခဲ့သည့် မဇင်မာအောင် ကပြောသည်။
ယင်းနှင့် ပတ်သက်၍ မရမ်း ကုန်းမြို့နယ်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နှင့် အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ဒီမိုက ရေစီအင်အားစု ပါတီ ကိုယ်စားလှယ် လောင်း ဒေါ်ခင်ဖြူဖြူငြိမ်း ကလည်း မိမိအနေဖြင့် ယှဉ်ပြိုင်ဘက် ဒီချုပ် ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ သော်လည်း ၄င်းတို့ အင်အားစု လွှတ်တော်တွင်း ရောက်ရှိသွားခြင်း သည် လွှတ်တော်တွင်း၌ ဒီမိုကရေစီအင်အား တစ်ရပ် တိုးပွားလာ ခြင်းဖြစ်ပြီး လွှတ်တော်တွင်း ပြောင်းလဲ တိုးတက်မှု များ ဖြစ်ပေါ် လာမည် ဟု ယုံကြည်ကြောင်း ဆိုသည်။
ကျင်းပ ပြီးစီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာ အနက် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့သည့် ၄၅ နေရာတွင် တရားဝင် ထုတ်ပြန်မှုအရ နေရာ ၄၃ နေရာတွင် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း များကသာ အနိုင် ရရှိခဲ့သည်။
၎င်းသည် နိုင်ငံရေးအရ အပြောင်းအလဲတစ်ခု ဖြစ်သလို၊ လွှတ်တော်တွင်း အပြောင်းအလဲ တစ်ခုလည်း ဖြစ်မည် ဟု မျှော်လင့် နိုင်စရာ ဖြစ်ပေသည်။ သို့ရာတွင် မည်ရွေ့မည်မျှ ပြောင်းလဲမည်နည်း၊ မည်ရွေ့မည်မျှ တိုးတက် လာမည် နည်း ဆိုသည်ကိုတော့ အတိုက်အခံ တစ်ရပ် အဖြစ် လွှတ်တော်တွင်း ရောက်ရှိသွားမည့် သူများ၏ စွမ်းဆောင်ချက် များနှင့် နဂိုရှိပြီးသား ဒီမိုကရေစီ အင်အားစုများ၏ ပူးပေါင်း ဆောင်ရွက်မှု ရလဒ်များ အပေါ်မူ တည် နေသလို၊ အခြေခံ ဥပဒေပေး ထားချက်များကို မည်ရွေ့မည်မျှ ပြောင်းလဲနိုင်မည်လဲ ဆိုသည်ကို စောင့်ကြည့် ရဦးမည် ဖြစ်ပါတော့သည်။ 
http://popularmyanmar.com/mpaper/archives/40548

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif