http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

၂ သိန်းတန် ဆင်းကဒ်ရောင်းချသည့်နေ့တွင် ငါးထောင်တန် ဆင်းကဒ် ရရှိရေး လှုပ်ရှားမှုပြုလုပ်


ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်က ကိုထင်ကျော်ဦးဆောင်သည့် ကုန်ဈေးနှုန်းကျဆင်းရေး အင်အားစုက ၅ ထောင်တန် ဆင်းကဒ် ရရှိရေးလှုပ်ရှားမှု အဖြစ် ရန်ကုန်မြို့ သိမ်ကြီးဈေးအနီး မဟာဗန္ဓုလလမ်းမပေါ်တွင် လက်ကမ်းကြော်ငြာများ ဝေငှကြသည်။

လက်ကမ်းကြော်ငြာ တောင်းယူသူ လမ်းဘေးဈေးသည် တဦးက “ဒီကိစ္စကို အားပေးတယ်။ ငါးထောင်ဖုန်းကို မျှော်လင့်ပါတယ်” ဟု YPI သို့ပြောသည်။
ငါးထောင်တန် ဖုန်းကဒ်ရရှိရေး လှုပ်ရှားမှုအဖြစ် လှုပ်ရှားသူ ၈၀ ဦးခန့်က လက်ကမ်းကြော်ငြာ အရွက်ရေ ၂ သောင်းခန့်ယူဆောင်လာပြီး စာရွက်ကုန်သည်အထိ ဖြန့်ဝေမည်ဟု လှုပ်ရှားသူတဦး ကပြောသည်။

ကုန်ဈေးနှုန်း ကျဆင်းရေး အင်အားစုက ယနေ့နံနက် ၁၀ နာရီဝန်းကျင်ကလည်း ကမာရွတ် လှည်းတန်းတွင် လက်ကမ်းစာရွက်ဝေငှသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်ဟု လှုပ်ရှားမှုကို ဦးဆောင်သူ ကိုထင်ကျော်က ပြောသည်။
ထိုသို့ဝေငှနေစဉ် အရပ်ဝတ် လုံခြုံရေး ၀န်ထမ်း ၄၊ ၅ ဦးက လက်ကမ်းစာရွက် ၁ သောင်းခွဲဝန်းကျင်ကို သိမ်းယူသွားခဲ့ကြောင်းလည်း လှုပ်ရှားသူများက ပြောသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့သည် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် ၂ သိန်းတန် ဂျီအက်စ်အမ် ဆင်းကဒ် စတင်ရောင်းချသည့် နေ့လည်းဖြစ်သည်။
ယခင်လပိုင်းများက ဆင်းကဒ်တကဒ်ကို ကျပ် ၅ ထောင်ဖြင့်ရောင်းချနိုင်သည်ဟု ရွှေပြည်တံခွန် ပုဂ္ဂလိကပိုင်ကုမ္ပဏီတခုက သမ္မတထံသို့ အဆိုပြုလွှာတင်သွင်းခဲ့ကာ သတင်းမီဒီယာများသို့လည်း ပြောကြားခဲ့သဖြင့် လူထုအကြား ငါးထောင်တန်ဖုန်းကဒ်မှာ လူစိတ်အ၀င်စားဆုံး ကိစ္စတရပ်ဖြစ်လာခဲ့သည်။

မူရင်း - http://www.facebook.com/ygnpress 
moemaka.blogspot.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif