http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

မွန်ပြည်သစ်ဥက္ကဌက အကျဉ်းသားမလွှတ်ပေးသ၍ မော်လမြိုင်သို့မလာ ဟုဆို




၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်က မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့ မော်လမြိုင်မြို့တွင် ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးကြစဉ်က (ဓာတ်ပုံ - Yangon Press International)

မွန်ပြည်သစ်ပါတီမှ ဥက္ကဌ နိုင်ထောမွန်က ၎င်း တို့ပါတီမှ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားနှစ်ဦး မလွတ်မြောက် သေးသမျှ မွန်ပြည်နယ်ဧ။်မြို့တော်ဖြစ်သော မော်လမြိုင်သို့ မလာနိုင်သေးဟု ပြောကြားခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ နိုင်စိုးမြင့်က ပြောသည်။

“ပြီးခဲ့တဲ့ အပတ်က ဥက္ကဋ္ဌက ရေးမြို့နယ်ဘက်ကို ဘုန်းကြီးပျံ ပွဲလာတယ်၊အဲဒါ မော်လမြိုင်မြို့တော်ကို လာဖို့ ခေါ်တော့ သူ မလာချင်သေးဘူးတဲ့ ၊ထောင်ကျနေတဲ့ သူ့အဖွဲ့ဝင်တွေ မလွတ်သေးတော့ လူထုကို မျက်နှာပူတယ် တဲ့ သူ့အဖွဲ့ဝင်တွေ လွတ်မှလာမယ်လို့ ပြောတယ်” ဟု နိုင်စိုးမြင့်ကပြောသည်။

မွန်ပြည်သစ်ပါတီမှ ထောင်ကျနေသော အကျဉ်းသားနှစ်ဦးမှာ နိုင်ယက္ခနှင့် နိုင်နီသွေး တို့ဖြစ်ကြပြီး ဖောက်ခွဲမှုဖြင့်စွပ်စွဲခံရပြီး နိုင်ငံတော် ပုန်ကန်မှု ပုဒ်မဖြင့် သေဒဏ် ပြစ်ဒဏ်ချမှတ်ပြီး နောက်ယခုအခါ တသက်တကျွန်း ပြစ်ဒဏ် ကျခံနေရခြင်းဖြစ်သည်။

အဆိုပါ မွန်ပြည်သစ်ပါတီဝင်အကျဉ်းသားများကိုလွှတ်ပေး ရန်အတွက် ယခုနံနက်ပိုင်းတွင် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် အား သွားရောက်ပြောကြားရာတွင် ၎င်းမှ အကျဉ်းသားတွေလွှတ်ပေးရန်အတွက် တာဝန်ရှိသူများသို့တင်ပြပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း နိုင်စိုးမြင့်ကပြောသည်။

“ကရင်က မန်းငြိမ်းမောင်ကိုတောင် လွှတ်ပေးပြီးပြီးပဲ ၊အခုမွန်ပြည်သစ်က အကျဉ်းသားတွေကို လွှတ် ပေးသင့်တာပေါ့ ၊လွှတ်ပေးသင့်တာကြာနေပြီ” ဟု ၎င်းကပြောသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ မွန်ပြည်နယ် မော်လမြိုင်မြို့ ပေါ်တွင် ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးလက်မှတ်များရေးထိုးခဲ့ကြသည်။

အဆိုပါလက်မှတ်ထိုး ရေးထိုးပွဲတွင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ မှပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မွန်ပြည်သစ်ပါတီနှင့်ငြိမ်းချမ်းရေး အဆင့်ဆင့် ဖော်ဆောင်ပြီးသည့်အခါ မွန်ပြည်သစ်မှ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်ရှိသလို မွန်ပြည်သစ် ပါတီ ကိုမတရားအသင်းအဖြစ် သတ်မှတ်ထားခြင်းကိုလည်း ပယ်ဖျက်ပေးရန် ရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး နိုင်အောင်မင်းဦးဆောင်သော အဖွဲ့နှင့် အစိုးရမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးပြီး ၄၅ ရက် ကြာ အနေဖြင့် မော်လမြိုင်မြို့ပေါ်တွင် ထပ်မံတွေ့ဆုံကြမည်ဖြစ်သည်။ ။ 
moemaka.blogspot.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif