http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Apr 2012

လူ နာ တင် ယာဉ်နှင့် နာရေး တင် ယာဉ် ကို လက် မ ခံသော မင်း တပ် ဆေး ရုံ အုပ် ကြီး


ကျနော်တို့ ချင်းပြည်နယ်၊ မင်းတပ်မြို့၊တောင်ပုလု တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဦးပညာသီရိ ဦးဆောင် ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ကရုဏာ နာရေးကူညီမူအသင်းအတွက် လူနာတင်ယာဉ်တစီးနှင့် နာရေးတင်ယာဉ်တစီးတို့ ကို ဆရာတော်ဘုရာကြီးမှ အသင်းသို့ လွန်ခဲ့သည့်အပတ်က ပေးအပ် လှူဒါန်းခဲ့ပါသည်။ ထိုသို့ လှူဒါန်းသည့်အတွက် မင်းတပ်မြို့နယ်အတွင်းရှိ ဗုဒ္စဘာသာဝင်များ၊ ခရစ်ယန်ဘာသာဝင်များအားလုံး ၀မ်းသာနေကြပါသည်။ ၄င်း ယာဉ်နှစ်စီးကို အသုံးပြုပြီး လူမျိုးဘာသာမရွေး ကူညီနိုင်ရန်အတွက် မင်းတပ်မြို့ ခရိုင် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ထားရှိရန် ဆရာတော်ဘုရားကြီးအနေနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူ ခွင့်ပြုချက် ရထားပြီးဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်းက လက်မခံသည့်အတွက် ဆရာတော်နှင့်တကွ ဒါယိကာ ဒါယိကာမများအားလုံး စိတ်မကောင်း ဖြစ်နေကြရပါသည်။ ထို့အပြင် ဆေးရုံက ဆရာဝန်၊ ဆရာမများနှင့် ၀န်ထမ်းများအားလုံးလည်း အံ့သြပြီး စိတ်မကောင်း ဖြစ်နေကြပါသည်။ မင်းတပ်မြို့သားတဦး (မင်းတပ်မြို့သားတဦး ပေးပို့တဲ့စာကို စကားလုံး အသုံးအနှုန်း ပြုပြင်ပြီး ဖော်ပြခြင်း ဖြစ်ပါတယ်။ - အယ်ဒီတာ)
အယ်ဒီတာထံ ပေးစာ - လူနာတင်ယာဉ် နာရေးတင်ယာဉ် မင်းတပ် ဆေးရုံအုပ်ကြီး - Apr 25 2012 12:20
burmatoday.net/news.php?news_ID=320

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif