ဒဂုံဆိပ်ကမ်းမြို့ နယ် (ယုဇနယာဉ်မြို့ တော်) |
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့ နယ် ယုဇနဥယာဉ် တိုက်တန်းတွေမှာ A .
ဘလောက် ၊B . ဘလောက်၊ C . ဘလောက၊် စစ်တောင်းရိပ်မွန် အိမ်ယာ ဆိုပြီး
ရှိပါတယ်။
အဆိုပါတိုက်တန်းတွေမှာ ၂၃ .၄.၂၀၁၂ နေ့ ယနေ့ ည ၈း၂၀ မိနစ်အချိန်တွင်
မြို့ နယ်အုပ်ချုပ်ရေးမှူးရဲ့ အမိန့် နဲ့ ရာအိမ်မှူးများမှ လက်ရှိနေထိုင်ကြောင်း
ရှိမရှိ ဆိုပြီး ညွန်ကြားချက်တွင်ပါသော ၊ တိုက်ခန်းများကို မေးမြန်းကာ ယာယီ
သန်းခါင်းစာရင်း မိတ္တူတောင်းယူပြီး ရာအိမ်မှူးများမှ အုပ်ချုပ်ရေးမှူးရုံးသို့ 
ပို့ ဆောင်ပေးခဲ့ရပါတယ်။
ရာအိမ်မှူးများမှလည်း လက်ရှိနေထိုင်မူ့ မှန်ကန်ပါကြောင်း လက်မှတ်ထိုးခဲ့ရပါတယ်။
တိုက်ခန်းစုံ အားလုံး တောင်းယူခြင်း မဟုတ်ပါ၊ မိသားစုဦးရေ (၂၀ ) သန်းခေါင်
စာရင်း( ၂၀ )ခန့်သာ တောင်းယူတာဖြစ်ပါတယ်။
စုံစမ်းမေးမြန်း ခံရသော မိသားစု များမှ အထိတ်တလန့် ဖြစ်ပြီး ၊ အချို့မိသားစု တွေက
အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်စုံစမ်းတဲ့အခါ ၊ ရုံးမှ မသိပါ၊ စ စ စ ဌာနမှ တောင်းခံ ခိုင်း
ခြင်းသာ ဖြစ်ပါကြောင်း ပြောကြားလိုက်ပါတယ်။
သန်းခေါင်းစားရင်း ပေးလိုက်ရသော မိသားစုများ ယခု သတင်းရေးသားချိန်အထိ မအိပ်နိုင် မစားနိုင်ဖြစ်နေကြပြီး စိုရိမ်ပူပန်ခြင်း များကြုံ တွေ့ နေရပါကြောင်း စုံစမ်းမေးမြန်းခြင်းခံ
တဲ့ မိသားစုဝင်တွေက Myanmar News Now ကို ပြောပါတယ်။
0 comments:
Post a Comment