http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

မန္တလေး ပြည်ခိုင်ဖြိုးရုံး ခဲပေါက်ခံ ရမှု အမှုဖွင့်


မန္တလေး ပြည်ခိုင်ဖြိုးရုံး ခဲပေါက်ခံ ရမှု အမှုဖွင့်ကြားဖြတ် ရွေးကောက်ပွဲ အကြိုညနှင့် ကျင်းပ သည့်ရက် ညပိုင်း တွင် ပြည်ခိုင်ဖြိုး ရုံးသို့ ခဲဖြင့် ပစ်ပေါက်ခြင်း ဖြစ်စဉ် များကို အမှတ် ( ၃ ) ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း ထားကြောင်း ယင်းပါတီမှ မန္တလေး ခရိုင် တာဝန်ခံက ပြောကြားသည်။
မတ်လ ၃၁ ရက်နေ့မှ ဧပြီ ၁ရက်နေ့ ညပိုင်း ၁နာရီခန့်တွင် ပြည်ခိုင်ဖြိုး တိုင်းရုံးသို့ ခဲနှင့် ပစ်ပေါက် ရာမှ အဆောက် အအုံ ရုံးခန်း မှန်ကွဲသည့် ဖြစ်ရပ် များဖြစ်ပွား ခဲ့ကြောင်း၊ ယင်းကြောင့် လုံခြုံရေး အရ ဥပဒေနှင့် အညီ အကာ အကွယ် ပေးနိုင်ရန် ဧပြီလ ၁ရက် နေ့တွင် အမှတ် ၃ ရဲစခန်းသို့ ပထမ သတင်း ပေးတိုင် တန်း ချက် အမှတ် ၁၈၁ ဖြင့် အမှု ဖွင့်ထားကြောင်း၊ ပြည်ခိုင်ဖြိုး တိုင်း ပါတီ ကော်မတီ ဝင် ဦးသိန်းလှက ပြောကြား သည်။ "အဲ့ဒီညမှာ လူအုပ် လိုက်ထောင် ချီတယ်။ ရုံးရှေ့ မှာ သွားလာရင်း ပစ်တာ မဟုတ်ဘူး။ တမင်ကို ရပ်ပြီး ဆဲဆိုတယ်။ ပြီးတော့ ခဲနဲ့ ပေါက်တယ်" ဟု ၎င်းက ဆိုသည်။
ယခု လက်ရှိတွင် ဖြစ်ပွား သည့် အချိန်တွင် ရှိနေသည့် လုံခြုံရေး အစောင့် များကို ရဲစခန်းက စစ်ဆေး နေပြီး အဆိုပါ ဖြစ်ပွား ချိန်တွင် ရိုက်ယူ ထားသော ဓာတ်ပုံများနှင့် ဗီဒီယို ဖိုင်များကို အမှတ် ၃ ရဲစခန်းသို့ ပေးပို့ ထားကြောင်း လည်း ၎င်းက ဆက်လက် ပြောကြား သည်။ မဟာ အောင်မြေ မြို့ နယ်ရှိ ပြည်ခိုင်ဖြိုး ပါတီ ရုံးရှေ့ တွင်လည်း ဧပြီ ၁ရက် နေ့ညက ခဲနှင့် ပစ်ပေါက်ခြင်း ကြောင့် ရုံးခန်း မှန်များ ကွဲခဲ့ သော်လည်း အမှုဖွင့် တိုင်တန်း ထားခြင်း မရှိကြောင်း တိုင်း ပြည်ခိုင်ဖြိုး ပါတီ ရုံးထံမှ သိရသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif