http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

ရုပ်၇ှင်လောက တိုးတက်ဖို့ လမ်းစ ပေါ်လာပြီ ပြောတဲ့ နိုင်းနိုင်း


ရုပ်၇ှင်လောက တိုးတက်ဖို့ လမ်းစ ပေါ်လာပြီ ပြောတဲ့ နိုင်းနိုင်းစနိုးဝှိုက် ရုပ်ရှင်ထုတ်လုပ်ရေးအပြင် တခြား ထုတ်လုပ်ရေးတွေနဲ့ ရိုက်ကူးနေ တဲ့ နိုင်းနိုင်းက ရာမည ထုတ်လုပ်ရေး ကစီစဉ်ပြီး ဒါရိုက်တာတင်အောင်ကျော် ရိုက်ကူးတဲ့ ‘စွန်းထင်းမယ့်နှလုံးသား’ ဇာတ်ကားကို မေ ကဗျာနဲ့ ရိုက်ကူးနေပါတယ်။
ဒီဇာတ်ကားမှာ နိုင်းနိုင်းက ကာလသားခေါင်းဆောင်ဖြစ်လို တဲ့လူငယ်တွေ အတွက်၊ သူငယ် ချင်းတွေ အတွက် ဘာမဆိုလုပ်တဲ့ဇာတ်ရုပ်မျိုးဖြစ် ပေမယ့် အပြင်မှာတော့ သူငယ်ချင်းရှားပါးပြီး ပင်ကိုကလည်း ခပ်အေးအေးပဲနေတတ် သူတစ်ဦးဖြစ်ကာ အချိန်လည်း မပေးနိုင်တဲ့ အတွက် သူငယ်ချင်းရှားပါးခြင်းဖြစ်ကြောင်း နိုင်းနိုင်းကပြောပါတယ်။ ရုပ်ရှင်အစည်းအရုံး သစ်ပြန်လည် ဖွဲ့စည်းတဲ့ရွေးကောက်ပွဲ ကို နိုင်းနိုင်းက ကိုယ်တိုင် သွားရောက် ပြီး ဆန္ဒ နဲ့ တစ်ထပ်တည်း ကျတဲ့၊ကိုယ်ပေးချင်တဲ့ လူကို ပဲ မဲပေး ခဲ့ကြောင်း ပြောပါ တယ်။
”ကောင်းပါတယ်။ ခုလို ကိုယ့်လောက သားက လူတွေနဲ့ပဲ ဖွဲ့စည်း လိုက်တော့ ဒီ ထက်ပိုပြီး လုပ်နိုင်လိမ့်မယ်။ ဒီထက်ပိုပြီး နားလည် မှု ရှိမယ်” လို့ သူ့ရဲ့အမြင်ကိုပြော ပါတယ်။ ရုပ်ရှင်လောကတိုးတက်ဖို့ လမ်းစ တွေ တဖြည်းဖြည်းပေါ်ေ ပါက်နေပေမယ့် မြန်မာဇာတ်ကားတွေကို မိသားစု၊ မောင်နှမ တွေ ထိုင်ကြည့်တာများတဲ့အတွက် အလွန် အကြူးဝတ်စားဆင်ယင်မှုတွေ မလုပ်သင့်ဘဲ ဆင်ဆာလျှော့ေ ပါ့ပေးတာက ဇာတ်လမ်းဇာတ် ကွက်တွေကို လွတ်လပ်ခွင့်ပေးတာဖြစ်ပြီး လုပ်ပိုင်ခွင့်တွေပိုရလာကြောင်း နိုင်းနိုင်းက ပြောပါတယ်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif