ဥပဒေသစ် တွင် နိုင်ငံခြားမှ မြန်မာပြည်သို့ လာရောက် ရင်းနှီး မြှုပ်နှံမည့် လုပ်ငန်းရှင် များက မြန်မာနိုင်ငံမှ အလုပ်သမားများကို မဖြစ်မနေခန့်ထားရမည့် အချက် များ ပါဝင် လာမည် ဖြစ်သဖြင့် ယခု ကဲ့သို့ ပြောဆိုကြခြင်းဖြစ်သည်။
ဗွီအေစီ (VAC)အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဝင်းထွန်း က နိုင်ငံခြား ကုမ္ပဏီများ မကြာမီ ဝင်လာပြီး ဝင်လာသည့် ကုမ္ပဏီ များသည် လည်း မဖြစ်မနေ မြန်မာ နိုင်ငံမှ လုပ်သားများကို ခန့်ထားရမည် ဖြစ်သည့် အတွက် "လုပ်သား တွေ နိုင်ငံခြားမသွားဘဲ မြန်မာပြည် မှာတင်ရပ်တည်လို့ ရလာလိမ့် မယ်"ဟု ဆိုသည်။
သို့သော် မြန်မာနိုင်ငံမှ လုပ်သားများသည် အလုပ်ချိန် အတွင်း လက်ဖက်ရည် သောက်ခြင်း၊ ကိုယ်ရေးကိုယ်တာ ကိစ္စများ ပြုလုပ်ခြင်း စသည့် လုပ်ငန်းကို အာရုံစူးစိုက်မှု အားနည်း သည့် အပြုအမူများပြု လုပ်သည့် ဓလေ့ရှိကြသဖြင့် နိုင်ငံခြား ကုမ္ပဏီများ၏ အလေ့အထ များနှင့် အံဝင်ရန် အခက်အခဲတချို့ တော့ ရှိနိုင်ကြောင်း ၄င်းကဆက် လက်ပြောကြားသည်။မားကတ်ကဲ (Market Care) အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက လက်ထောက် မန်နေဂျာ မသဉ္ဇာက အသစ်ပြဋ္ဌာန်းမည့် ဥပဒေတွင် ပါဝင်သော အချက်များကြောင့် "ပြည်တွင်း အလုပ်သမား လိုအပ် ချက်တွေ တက်လာနိုင်တယ်"ဟု သုံးသပ်သည်။
၎င်းက အလုပ်သမားများ အနေနှင့် အလုပ်အကိုင်များ ပိုမို ရရှိလာမည် ဖြစ်သော်လည်း မိမိ၏ အရည်အသွေးနှင့် ညီမျှသော ရာထူးကို သာရရှိနိုင်မည်ဖြစ်သဖြင့် အရည် အသွေးများ ဖြည့်တင်း ထားဖို့ လို မည်ဟု ဆက်လက် ရှင်းလင်းပြော ကြားသည်။
နိုင်ငံခြားမှ လာရောက်ရင်းနှီး မြှုပ်နှံမည့် ကုမ္ပဏီများတွင် အလုပ် အကိုင်များ လွယ်ကူစွာ ရရှိစေရန် အတွက် အင်္ဂလိပ်ဘာသာစကား၊ ကွန်ပျူတာကျွမ်းကျင်မှုနှင့် အင် တာနက် အီးမေးလ် အသုံးပြုနည်း စသည်တို့ကို လုပ်သားများဘက်မှ ဖြည့်တင်းထားရန် လိုအပ်သည်ဟု အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ များက တညီတညွတ်တည်း ဆို ကြသည်။
မကြာမီ ပြဋ္ဌာန်းတော့မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် မြန်မာနိုင်ငံ၌လာရောက်ရင်းနှီး မြှုပ်နှံမည့် နိုင်ငံခြားသား လုပ်ငန်း ရှင်များက လုပ်ငန်းစတင်သည့် ပထမ ငါးနှစ်တွင် မြန်မာနိုင်ငံမှ လုပ်သား ၂၅ ရာခိုင်နှုန်း၊ ဒုတိယ ငါးနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ တတိယ ငါးနှစ်တွင် ၇၅ ရာခိုင်နှုန်း ခန့်ထားရမည်ဟု ပါရှိသလို ကျွမ်းကျင်မှုမလိုသော လုပ်ငန်းများ တွင် မြန်မာနိုင်ငံသား များကိုသာ ခန့်ထားရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လုပ်သားများကို ကျွမ်းကျင်မှုတိုး တက်စေရန် နိုင်ငံ ခြားကုမ္ပဏီ များက သင်တန်းများ နှင့် လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ပေးရမည် ဆိုသည့်အချက်များပါဝင် ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ပါဝင်သည့် အဆိုပါ ဥပဒေကြမ်းတွင်တွေ့ရ သည်။
မြန်မာနိုင်ငံတွင် အလုပ်လက် မဲ့ နှစ်စဉ်တစ်သန်းကျော်တိုးနေ သည်ဟု အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက ပြီးခဲ့သည့်နှစ် ဒီဇင် ဘာလတွင် မီဒီယာများသို့ ပြော ကြားသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ သစ်ကို ဘဏ္ဍာရေး နှစ်သစ်စတင် မည့် ဧပြီလအမီ ပြဋ္ဌာန်းရန်ပြင်ဆင် ထားသည်ဟု သမ္မတ၏ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ် က သတင်းမီဒီယာများသို့ ပြော ကြားထားသည်။
http://www.yoyarlay.com






0 comments:
Post a Comment