ဗိုလ်ချုပ်ကြီးဟောင်း ဦးခင် ညွန့်နှင့် မိသားစုသည် မရမ်းကုန်း မြို့နယ် (၇) ရပ်ကွက်ရှိ မဲရုံအမှတ် (၂)တွင် လာရောက်မဲပေးခဲ့ခြင်း ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ ၏ ဆန္ဒမဲကို ကြိုတင်ပေးခဲ့ခြင်းမရှိ ဘဲ မဲရုံသို့နံနက် ၈ နာရီ ၄၀ ခန့် ကကိုယ်တိုင်လာရောက် မဲပေးခဲ့ ခြင်းသည်။ ဦးခင်ညွန့်က မဲပေးရ ခြင်းနှင့် ပတ်သက်၍ မတ် ၂၈ ရက် က ပြောကြားရာတွင် "တိုင်းပြည် ကောင်းအောင်လုပ်တဲ့ သူကို ထောက်ခံရမှာပဲ"ဟု ထည့်သွင်း ပြောကြားခဲ့သည်။
လာရောက်မဲပေးစဉ် သတင်း ထောက်များ၏ မေးမြန်းချက်ကို ပြန် လည်ဖြေကြားရာတွင်လည်း တိုင်း ပြည်အတွက်လိုအပ်မည့်အရာများ မှာ အများကြီးဖြစ်ကြောင်း ထည့် ခဲ့သည့် အမတ်လောင်းများကို ပြော ဖို့စောသေးကြောင်း ရွေးချယ်ခဲ့သူ သည် အများပြည်သူဆန္ဒနှင့် ညီ ညွတ်မည်ထင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ "ရွေးကောက်ပွဲပြီးရင် ဘာတွေ ထူးခြားမလဲဆိုတော့ လွှတ်တော် ထဲမှာတော့ ထူးခြားမှာပေါ့၊ တိုင်း ပြည်အကျိုးပြည်သူတွေရဲ့ စား ဝတ်နေရေးအကျိုးတွေဖော်ဆောင် ဖို့လိုတယ်၊ တိုင်းပြည်အတွက် လို အပ်မယ့်အရာတွေကတော့ အများ ကြီးပါပဲ၊ အခုတော့မထူးခြားသေး ပါဘူး" ဟု ဆက်လက်ပြောကြား သည်။
ဦးခင်ညွန့်၏ ဇနီးဒေါ်ခင်ဝင်း ရွှေက မဲပေးခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် "တိုင်းပြည်အ တွက် အကျိုးပြုတဲ့သူဖြစ်ရမှာပေါ့" ဟုဆိုသည်။ ဦးခင်ညွန့်၏သားကြီးဖြစ်သူ ဦးဇော်နိုင်ဝင်းလည်း မဲရုံအမှတ် (၂) သို့လာရောက်မဲပေးခဲ့ရာ ဒေါက်တာ ဒေါ်မေဝင်းမြင့်ကို ပေးခဲ့သည်ဟု ကိုယ်တိုင် ထုတ်ဖော်ပြော ကြားချက် အရ သိရသည်။ "ဒီနေ့ကတော့ လွတ်လွတ်လပ် လပ်နဲ့ ကျွန်တော်တို့ပေးချင်တဲ့သူကို ပေးလို့ရပါတယ်၊ ဘယ်လိုပေးလဲ ဆိုတာပြောလို့ရပါတယ်။ ကျွန်တော် ဒေါက်တာဒေါ်မေဝင်းမြင့်ကို ပေးပါ တယ်" ဟု ပွင့်လင်းစွာ ပြောကြားခဲ့ သည်။
ယုံကြည်မှု အတိုင်းအတာနှင့် ပတ်သက်၍ ပြောကြားရာတွင် ယခု မဲရုံတွင်ရှိသော ကိုယ်စားလှယ်များ ကြားတွင် ရွေးချယ်ခဲ့ သည့်ပုံစံမှာ ပြုပြင်ပြောင်း လဲမှုမည်မျှအထိ လုပ် ပေးနိုင်မည်ဟူသောယူဆ တိုင်းတာ ချက်အရ ရွေးချယ်ခြင်းဖြစ်ကြောင်း ကိုယ်စားလှယ်များအနေဖြင့် အ တိုင်းအတာတစ်ခုအထိ လုပ်ပေး နိုင်လိမ့်မည်ဟု ယူဆကြောင်း၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ မဲရုံများအခြေအနေနှင့်ပတ် သက်၍လည်း စည်းကမ်းတကျစီစဉ် ထားသည်ဟု ယူဆကြောင်း ၄င်း၏ အမြင်ကို ထုတ်ဖော်ပြောကြားသည်။
http://www.yoyarlay.com






0 comments:
Post a Comment