နိုဝင်ဘာလတွင် တစ်စုံတစ် ဦး သည် နာဇီအက်စ်အက်စ် တပ်ဖွဲ့၏ အမှတ်အသား တစ်ခုနှင့်အတူ ဟစ်တလာ၏ မိဘများ ဖြစ်ကြသော အလွိုက်နှင့် ကလယ်ရာ ဟစ်တလာ တို့၏ ဂူသင်္ချိုင်း ပေါ်တွင် ပန်းအိုး တစ်အိုး တင်ထားခဲ့သည်။ ၂၀ဝ၉ ခုနှစ်ကလည်း ယင်းသင်္ချိုင်းပေါ်တွင် ဟစ်တလာ၏ ၁၂၀ မြောက် မွေးနေ့ အထိမ်းအမှတ် သတ္တုပြား တစ်ခုကို တွေ့ခဲ့ရသည်။
" ဒီဂူသင်္ချိုင်းဟာ နာဇီလက် သစ်တွေရဲ့ အမှတ်ရဖွယ် သတိရ ခိုလှုံရာ နေရာ ဖြစ်ခဲ့ကာ အချိန်အတန် ကြာပြီ"ဟု ဖက်ဆစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ရောဘတ်အီ တာက ပြောကြားသည်။
၎င်း သည့် Upper Austria ပြည်နယ် လီယွန်ဒင်မြို့ရှိ ဟစ်တလာမိဘ များ၏ ဂူသင်္ချိုင်း ဖယ်ရှားရန် တိုက် ပွဲဝင်ခဲ့သူဖြစ်သည်။ လက်ယာစွန်း နာဇီဝါဒ လိုလားသူများသည် ဘတ်စ် ကားများဖြင့် လာရောက်နေကြ ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများလည်း ဤသင်္ချိုင်းသို့ လာရောက် လေ့ရှိကြောင်း ရောဘတ်အီတာက ပြောကြားသည်။
လွန်ခဲ့သော နှစ်ကလည်း Wunsiedel မြို့ရှိ ဂျာမန် ရပ်မိရပ်ဖ အဖွဲ့အစည်း တစ်ခုသည် ဟစ်တလာ၏ လက်ထောက် ဂူးဒေါ့ ဟက်စ်၏ အုတ်ဂူကို ဖယ်ရှားခဲ့ သည်။ အကြောင်းမှာ ယင်းနေရာ သို့ လက်ယာစွန်း ဝါဒီများ မကြာ ခဏ အမှတ်တရလာရောက်နေ သောကြောင့်ဖြစ်သည်။
ဟစ်တလာနှင့် ဆွေမျိုးနီးစပ် တော်သူအမျိုးသမီးကြီးက "ကျွန်မ ဘိုးဘေးများရဲ့ သင်္ချိုင်းဟာ စာနာမှုထုတ်ဖော်ပြသဖို့အတွက် အကြိမ် ကြိမ်အခါခါ မတော်မတရားပြုခံနေ ရမှုအပေါ် ကျွန်မအနေနဲ့ စိုးရိမ် တယ်။ ဒါကြောင့် ကျွန်မဟာ ဒီဂူ သင်္ချိုင်းကို ထိန်းသိမ်းပိုင်ခွင့် စွန့် လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်"ဟု ပြော ကြားခဲ့သည်။
http://www.yoyarlay.com






0 comments:
Post a Comment