http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Apr 2012

ကမ္ဘာက ကန့်ကွက်သော်လည်း ဒုံးကျည် ပစ်လွှတ်မှု မြောက်ကိုရီးယား ဆက်လုပ်မည်


ကမ္ဘာက ကန့်ကွက် နေသော်လည်း ဒုံးကျည် ပစ်လွှတ်မှု မြောက်ကိုရီးယား ဆက်လုပ်မည်နိုင်ငံတကာ အသိုင်းအဝိုင်းက အပြင်းအထန် ပြစ်တင် ဝေဖန်ပြီး ဒုံးကျည် ပစ်လွှတ်မှု သည် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ချိုးဖောက်ရာ ရောက်မည်ဟု ပြောကြား ခဲ့သော်လည်း အထက်ပါ ကိစ္စကို ရှေ့ဆက်လက် လုပ်မည်ဟု မြောက် ကိုရီးယား နိုင်ငံက မတ် ၂၇ ရက် တွင် သန္နိဋ္ဌာန်ချခဲ့သည်။
မြောက်ကိုရီယားက ဒုံးကျည်ပစ်လွှတ်မှု သည် ငြိမ်းချမ်းသည့် ရည်ရွယ်ချက် များအတွက် ဖြစ်ကြောင်းနှင့် လေ့လာရေး ဂြိုဟ်တု တစ်စင်းကို အာကာသ အတွင်းသို့ ဒုံးကျည်ဖြင့် လွှတ်တင်ခြင်း ဖြစ်ကြောင်းပြော ကြားသည်။
သို့သော် တောင်ကိုရီး ယားနှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် အခြား နိုင်ငံများက ဒုံးကျည် ပစ်လွှတ်မှုသည် ဒုံးပျံစမ်း သပ်မှုတစ်ရပ်အတွက် ဖုံးကွယ်မှု တစ်ရပ် ဖြစ်မည်ကို စိုးရိမ်နေကြ သည်။
ဆိုးလ်တွင် နျူကလီးယား ထိပ်သီး အစည်းအဝေး ကျင်းပ နေစဉ်တွင် ဒုံးကျည် ပစ်လွှတ်မည့် ကိစ္စအပေါ် ပြစ်တင် ဝေဖန်မှု ကြီးထွား လာသည်။ ထိပ်သီး အစည်းအဝေး တက်ရောက်သည့် ခေါင်းဆောင် များက ဧပြီ ၁၂ ရက်နှင့် ၁၆ ရက်နေ့ များတွင် စီစဉ် ထားသည့် ဒုံးကျည် ပစ်လွှတ်မှုကို ဖျက်သိမ်းရန် တောင်းဆို နေကြသည်။
တောင်ကိုရီးယားက ၄င်း၏ ဝေဟင်ပိုင်နက်အတွင်း ဒုံးကျည် ဝင်ရောက် လာလျှင် ပစ်ချမည်ဟု မတ် ၂၆ ရက်တွင် ပြောကြားသည်။ ဂျပန်အစိုးရက အကယ်၍ မြောက် ကိုရီးယား ဒုံးကျည်တွင် ပြည်ပအပေါ် ဖြတ်ကျော် လာလျှင် ဖျက်ဆီးရန် အသင့် ပြင်ဆင်ထားဖို့ စစ်ဘက်အား အမိန့်ပေးခဲ့သည်။ သမ္မတ အိုဘားမားက ဆိုးယုတ်သော အပြု အမူသည် ဆုလာဘ် ရမည်မဟုတ် ကြောင်း မြောက်ကိုရီးယားအား သတိပေးခဲ့သည်။
အိုဘားမားက "မြောက်ကိုရီး ယားက သူ့ရဲ့တာဝန်များကိုသိရ မယ်။ အဲဒီတာဝန်များကို ဖြည့် ဆည်းဖို့ ယတိပြတ်ခြေလှမ်းများ လှမ်းရမည်"ဟု တောင်ကိုရီးယား အား သမ္မတ လီမြောင်ဘက်နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။ အမေရိကန်သည် ဖေဖော်ဝါရီလတွင် မြောက်ကိုရီးယားနှင့် သဘောတူညီချက် တစ်ရပ် လက် မှတ်ရေး ထိုးခဲ့သည်။
ယင်းသဘော တူညီချက်အရ မြောက်ကိုရီးယားသည် ၄င်း၏ နျူကလီးယားနှင့် ဒုံးပျံ စမ်းသပ်မှုများ အပြင် ယူရေနီယံ သန့်စင်မှု ရပ်ဆိုင်းမည်ဖြစ်သည်။ အပြန်အလှန် အားဖြင့် အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုရီးယား သို့စားနပ်ရိက္ခာအကူအညီပေးမည် ဖြစ်သည်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif