အီရတ်အမျိုးသားတစ် ဦးနှင့် ထိုင်းအမျိုးသမီးတစ်ဦးအား ဇနီးဖြစ်သူ သတင်းပေးပို့ တိုင်ကြား မှုကြောင့် ပတ်စ်ပို့လက်မှတ်အတု များ ပြုလုပ်မှုဖြင့် ထိုင်းနိုင်ငံ တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရ သည်။ ဩစတြလျတွင်လည်း အရှေ့ တောင်အာရှဒေသသို့ လူကုန်ကူး သည်ဟူသော စွဲချက်ဖြင့် လူလေးဦး အား ဖမ်းဆီးထားသည်။ လူကုန်ကူး မှု တိုက်ဖျက်ရေး စစ်ဆေးမှုတွင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ကပါ ပူးပေါင်းဆောင်ရွက်နေသော် လည်း ဖမ်းဆီးမှုများကိုမတွေ့ရသေး ပေ။
ပြီးခဲ့သည့် အင်္ဂါနေ့က ဖမ်းဆီး မှုများသည် "Operation Arapaima" ခေါ် စစ်ဆင်ရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နယ်စပ်ဖြတ်ကျော်လူ ကုန်ကူးမှုများ၏ ကွန်ရက်ကိုဖြိုခွင်း နေခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ မှ ပြောဆိုခွင့်ရ ပုဂ္ဂိုလ်ကပြောသည်။ ထိုင်းရဲအဖွဲ့၏ ပြောကြားချက် အရ ယူအေအီး၊ အီရတ်နှင့် အာရပ် နိုင်ငံများသို့သွားရောက်ရန် ပြုလုပ် ထားသော နိုင်ငံကူးလက်မှတ် (Passport)၁၆ခုကို လက်မှတ်အတု ပြုလုပ်နေသော အိမ်တစ်အိမ်ကိုဝင်စီး ရာမှ တွေ့ရှိခဲ့သည်ဟု သိရသည်။
http://www.yoyarlay.com






0 comments:
Post a Comment