http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Apr 2012

မုန်တိုင်းရာသီ


မုန်တိုင်းရာသီမြန်မာ နိုင်ငံတွင် မုန်တိုင်း ရာသီ နှစ်ကြိမ် ရှိပြီး ပထမ တစ်ကြိမ်မှာ မိုးကြို ကာလ ဖြစ်သည့် ဧပြီလ လယ်မှ မေလ လယ်အထိနှင့် မိုးလွန် ကာလ ဖြစ်သည့် အောက်တိုဘာလ နှင့် နိုဝင် ဘာလများ ဖြစ်သည်။
ကမ္ဘာပေါ်တွင် နှစ်စဉ်အပူပိုင်း မုန်တိုင်းအကြိမ် ၈၀ခန့်ဖြစ်ပေါ်လေ့ ရှိပြီး မြန်မာနိုင်ငံအနီးရှိ ဘင်္ဂလား ပင်လယ်အော်တွင် ပျမ်းမျှတစ်နှစ် ၁၀ ကြိမ်နှင့် တောင်တရုတ်ပင် လယ်ပြင်တွင် တစ်နှစ် ၂၉ ကြိမ်နှုန်း ခန့်ဖြစ်ပွားရာ တစ်ကမ္ဘာလုံး၏ ၅၀ ရာခိုင်နှုန်းခန့်ရှိနေသည်။ ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းဖြစ် တိုင်း မြန်မာနိုင်ငံနှင့် သက်ဆိုင် ခြင်းမရှိဘဲ သတင်းထုတ်ပြန်ချက် များကိုသာ ဂရုပြုနားဆင်ရန်လို အပ်သည်။
မုန်တိုင်းသတင်းပေးချက်
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ဆိုင်ရာ မှ မုန်တိုင်းသတင်းနှင့် မုန်တိုင်း သတိပေးချက် ဟူ၍ နှစ်မျိုးထုတ်ပြန် လေ့ရှိပြီး မြန်မာနိုင်ငံအတွက် အန္တ ရာယ်မရှိပါက "မုန်တိုင်းသတင်း" ဟု အမည်တပ်ပြီး အန္တရာယ်ရှိပါ က"မုန်တိုင်းသတိပေးချက်"ဟု အမည်တပ် ကြေညာမည် ဖြစ်သည်။
၎င်းအပြင် ဘင်္ဂလားပင်လယ် အော်၏ အရှေ့မြောက်ပိုင်း၊ အရှေ့ အလယ်ပိုင်း၊ အရှေ့တောင်ပိုင်း တွင် မုန်တိုင်း ဖြစ်ပွားပါက မြန်မာ့ ကမ်းရိုးတန်းနှင့် နီးစပ်သည့် အတွက် ကြိုတင် ကာကွယ် ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်ပြီး ဘင်္ဂလားပင် လယ်အော်၏ အနောက် မြောက် ပိုင်း၊ အနောက်အလယ်ပိုင်း၊ အ နောက်တောင်ပိုင်းတွင် မုန်တိုင်း ဖြစ် ပေါ်ပါက အိန္ဒိယနိုင်ငံ၏ အရှေ့ ဘက် ကမ်းခြေကို ထိခိုက်နိုင်သည်။
မုန်တိုင်းအရွယ်အစား
မုန်တိုင်းဖြစ်ပေါ်ရန်အတွက် ကြီးမားကျယ်ပြန့်သောရေပြင်ကျယ် ရှိရမည်ဖြစ်ပြီး ရေမျက်နှာပြင်အပူ ချိန် ၂၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ် နှင့် အထက်မြင့်တက်လာပါက အပူချိန်ကြောင့် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ် လာသည်။ ၄င်းထက်အင်အားမြင့် တက်လာ ပါက မုန်တိုင်းငယ်၊ ဆိုင်ကလုန်း မုန်တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်းကြီး နှင့် ယင်းမှတစ်ဆင့်အင်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း ကြီး အဆင့်သို့ ပြောင်းလဲရောက်ရှိ လာသည်။
လေဖိအားနည်းရပ်ဝန်းသည် တစ်နာရီလေတိုက်နှုန်း ၃၂ မိုင်ရှိပြီး မုန်တိုင်းငယ်မှာ အချင်းမိုင် ၁၀ဝ နှင့် တစ်နာရီလေတိုက်နှုန်း ၃၃ ဒသမ ၃၉ မိုင်၊ အပူပိုင်းမုန်တိုင်း မှာ အချင်းမိုင် ၂၀ဝ နှင့် တစ်နာရီ လေတိုက်နှုန်း ၄၂ ဒသမ ၅၄ မိုင်၊ ဆိုင်ကလုန်းမုန်တိုင်းမှာ အချင်းမိုင် ၃၀ဝကျော်နှင့် တစ်နာရီ လေတိုက် နှုန်း ၅၅ ဒသမ၇၂မိုင်၊ ဆိုင်ကလုန်း မုန်တိုင်းကြီး ဆိုပါက အချင်းမိုင် ၄၀ဝကျော်နှင့် တစ်နာရီ လေတိုက် နှုန်း ၇၃ မိုင်နှင့် စူပါဆိုင်ကလုန်း အဆင့်ဆိုပါက တစ်နာရီ လေ တိုက်နှုန်း ၁၀၁ မိုင်နှင့် အထက် တိုက်ခတ်မည်ဖြစ်သည်။
အရောင်သတ်မှတ်ခြင်း
ဖြစ်ပေါ်နေသော မုန်တိုင်း သည် အင်အားပိုမိုကြီးမားလာပါ က အဝါရောင်အဆင့်အဖြစ်သတ် မှတ်ကြေညာပြီး ယင်းမုန်တိုင်းမှာ မြန်မာ့ကမ်းရိုးတမ်းသို့ရွေ့လျားလာ ပါက လိမ္မော်ရောင်အဆင့်၊ မြန်မာ့ ကမ်းရိုးတန်းသို့ ၁၂နာရီအတွင်း ဖြတ်သန်းမည့်အခြေအနေဖြစ်ပေါ် ပါက အနီရောင်အဆင့်၊ မြန်မာ့ ကမ်းရိုးတန်းအားဖြတ်ကျော်ဝင်နေ သည့် အချိန်တွင် အညိုရောင်အ ဆင့်နှင့် ゞင်းမုန်တိုင်းအားပျော့ပျက် ပြယ်နေပါက အစိမ်းရောင်အဆင့် အဖြစ် အသီးသီးသတ်မှတ် ကြေ ညာမည်ဖြစ်သည်။
ကြိုတင်ကာကွယ်မှု
မုန်တိုင်းဖြစ်ပေါ်လာပါက မုန် တိုင်း၏ တည်နေရာနှင့် မိမိနေထိုင် ရာဒေသအကွာအဝေး၊ မုန်တိုင်း ရွေ့လျားရာလမ်းကြောင်းနှင့် မိမိ နေထိုင်ရာဒေသအကွာအဝေး ၊ မုန် တိုင်းအမျိုးအစား၊ မုန်တိုင်းဖြတ် ကျော်မည်ဟု ခန့်မှန်းဒေသနှင့် မိမိ နေထိုင်ရာဒေသအကွာအဝေး၊ မုန် တိုင်းဖြစ်ပေါ်ချိန်နှင့် ရေထရက်၊ ဒီ ရေသဘာဝတို့ကို သတိပြုရမည် ဖြစ်သည်။
အထူးသဖြင့် မိုးသက်လေ ပြင်း များကျရောက်စဉ် လေဖိအား တဖြည်းဖြည်းကျဆင်းခြင်း၊ လေ တိုက်နှုန်းတစ်စတစ်စမြင့်မားလား ခြင်း၊ အပူချိန်ရုတ်ခြည်းဖြင့် တက် လာခြင်း ဖြစ်ပေါ်ပါက မိမိနေထိုင်ရာ အနီးသို့ မုန်တိုင်းဗဟိုချဉ်းကပ်ကာ နေပြီး ရုတ်တရက်မိုးလေငြိမ်သက် ကာ တိမ်များကင်းစင်ပြီး ကောင်း ကင်ပြာကိုမြင်တွေ့ရခြင်း၊ ညအချိန် တွင် ကြယ်များကို မြင့်တွေ့ရခြင်း ဖြစ်ပေါ်ပါက မုန်တိုင်းဗဟိုတွင် ရောက်ရှိနေကြောင်း သတိပြုရ မည်ဖြစ်သည်။
ယင်းကာလမှာ တို တောင်းပြီး ရုတ်တရက် ဆန့်ကျင် ဘက်အရပ်မှ လေပြင်းများတိုက် ခတ်ကာ လေဖိအားပြန်လည်မြင့် တက်ပြီး မိုးကြီးသည်းထန်စွာရွာ သွန်းခြင်းဖြင့် ကြုံတွေ့နိုင်သည်။ ၄င်းအပြင် မုန်တိုင်း ရာသီချိန်တွင် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်း စာ၊ မိုးလေဝသနှင့် သက်ဆိုင် သော ဝက်ဘ်ဆိုက်များအပြင် ဒေသခံအာဏာပိုင်များ၏ သတိပေး မှုများအားဂရုပြုရမည်ဖြစ် သည်။
မုန်တိုင်းဖြစ်ပေါ်လာပါက မိမိနှင့် အနီးဆုံးတွင် တည်ရှိသော မုန်တိုင်း ခိုအဆောက် အအုံ(သို့) လုံခြုံခိုင် ခံ့သော အဆောက်အအုံ ရှိမည့် နေရာနှင့် အမြန်ဆုံး ရောက်ရှိနိုင် မည့် လမ်းကြောင်းအား ကြိုတင် လေ့လာမှု ပြုလုပ်ရမည် ဖြစ်ပြီး လက် ကိုင်ရေဒီယို၊ လက်နှိပ်ဓာတ် မီး၊ ဓာတ်ခဲခြောက်၊ ကြာရှည်ခံ အစား အသောက်များ၊ သောက်သုံးရေနှင့် ရှေးဦးသူနာပြုဆေးသေတ္တာစသည့် အရေးပေါ်လိုအပ်သည့် ပစ္စည်းများ ကို ပြင်ဆင်ထားရမည်ဖြစ်သည်။  
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif