http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

အပိတ်ခံရတဲ့ ထိုင်းရှိတ်စပီးယား


ထိုင်းနိုင်ငံမှာ ရှိတ်စပီးယားရဲ့ Macbeth ပြဇာတ်ကို အခြေပြုရိုက်ကူးထားတဲ့ 'Shakespeare Must Die' ရုပ်ရှင်ကို ဖြန့်ချိခွင့် ပိတ်ပင်လိုက်ပါတယ်။

မနေ့က ထုတ်ပြန်တဲ့ စိစစ်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဒီ ထိုင်းစကားပြော ဘိုင်စကုတ်ဟာ “နိုင်ငံတွင်း ပြည်သူများ စည်းလုံးညီညွတ်ရေး ပျက်ပြားစေနိုင်သည့် ပြကွက်များ ပါရှိသည်” လို့ မှတ်ချက်ပြုထားပါတယ်။

၃ မိနစ်ကြာတဲ့ ရုပ်ရှင်ကြော်ငြာ နမူနာ ပြကွက်မှာတော့ ထိုင်းနိုင်ငံရဲ့ ၁၉၇၃ ကျောင်းသားလှုပ်ရှားမှု ချေမှုန်းခံရမှု၊ ၂၀၁၀ လမ်းမပေါ်က ၉၁ ယောက် သေဆုံးခဲ့ရတဲ့ ဆန္ဒပြမှု စတဲ့ ပြကွက်တွေ ပါဝင်ပါတယ်။

ရုပ်ရှင်ဒါရိုက်တာ Ing Kanjanavanit နဲ့ သူရိုက်ကူးခဲ့တဲ့ ထိုင်းပုံစံ ရှိတ်စပီးယားပြဇာတ်ရုပ်ရှင် DVD (ဓာတ်ပုံ-AP)
မူရင်း Macbeth ပြဇာတ်မှာတော့ အာဏာရရှိရေးအတွက် ဘုရင်ကို သတ်ဖြတ်၊ အာဏာမြဲရေးအတွက် သတ်ဖြတ်မှုတွေ ဆက်တိုက် ကျူးလွန်တဲ့ စစ်ဗိုလ်ချုပ် တယောက်အကြောင်း ရှိတ်စပီးယားက ရေးသားထားတာပါ။

ဒီသတင်းကြောင့် ရုပ်ရှင်ကြည့် ပရိသတ်တွေဆီက အသံ သိပ်မထွက်သေးပေမယ့် သတင်းဖတ် ပရိသတ်များကတော့ အကြီးအကျယ် ဝေဖန်နေကြပါပြီ။

စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပုလိပ်အရာရှိMaj Gen Anek Samplang ဖြစ်တယ်။ ယူနီဖောင်းနဲ့ ငနဲတွေက နေရာတကာမှာ အကောင် တက်ဖြစ်နေကြတယ်။ ဒီကောင်တွေ တခြားလုပ်စရာ မရှိတော့ဘူးလား လို့ ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းမှာ ပရိသတ်တယောက်က အငေါ်တူးထားလေရဲ့။

ယူနီဖောင်းနဲ့ဆရာတွေ နေရာမှားထိုင်နေကြတာ၊ လုပ်ချင်တာ လုပ်နေကြတာ လို့ သူက ဆိုပါတယ်။ 

http://www.nayzawlin.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif