http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Apr 2012

မာရဇ္ဇ ပြောတဲ့ အဆိုတော် ဖြစ်ခါစ ရန်ကုန်သင်္ကြန် အကြောင်း


မာရဇ္ဇ ပြောတဲ့ အဆိုတော် ဖြစ်ခါစ ရန်ကုန်သင်္ကြန် အကြောင်းဒီနှစ် သင်္ကြန်လည်း  မနှစ်ကလိုပဲ မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ ရှိမှာဖြစ် ကြောင်း မာရဇ္ဇက ပြောပါတယ်။ မာရဇ္ဇက မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ Metal Zone တီးဝိုင်းနဲ့ အတူ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ပရိသတ်တွေ အားလုံး ကြိုက်နှစ်သက်မယ့် သီချင်း တွေရော၊ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းတွေနဲ့ရော ပရိသတ် ကို ဖျော်ဖြေမှာ ဖြစ်ကြောင်း ဆိုပါတယ်။
အခုနောက်ပိုင်း သင်္ကြန်မှာ ဆိုရင် မန္တလေး သင်္ကြန် မှာပဲ ဆက်တိုက်ကျပြီး ဖျော်ဖြေဖြစ်တဲ့ အပေါ်ကို ဆက် မေးကြည့်တော့ ”အစ်ကို မန္တလေးမှာ ဆက်တိုက် ဆိုသလို သင်္ကြန်ကျဖြစ်တယ်။ ၁ဝနှစ်လောက်တော့ ရှိပြီ ထင်တယ်။ ဒါကြောင့် အစ်ကို မန္တလေးမှာပဲ ဖျော်ဖြေဖြစ်တယ်။ မန္တလေးကိုပဲ ဖီ လင် ပိုလာ တယ်”လို့ ပြောပါတယ်။
နှစ်တိုင်း မန္တလေး သင်္ကြန်မှာပဲ ဖြတ်ကျော် နေ ရတော့ တစ်ခါ တလေ ရန်ကုန် သင်္ကြန်ကို ပြန် အောက် မေ့ တာမျိုးတို့၊ ဒီ မှာပြန်ကျ ချင် တာမျိုးတို့ဖြစ်မိ လားဆိုတော့”ဟို တုန်းက အစ်ကို တို့တွေ အဆို တော် ဖြစ်ခါစက ရန်ကုန် သင်္ကြန်က တအား မိုက်တယ်။ အစ်ကိုတို့ ရန်ကုန်မှာ တအားစည် တယ်။ အဲဒီတုန်း ကတော့ အဆိုတော်တွေ ကို Stand By ခေါ်တဲ့ အချိန် မဟုတ်သေးဘူး။ အစ်ကိုတို့ အိမ်တွေကို ဖိတ်စာတွေပို့ တယ်။ ဖိတ်စာ ပို့ပြီးရင် အဆိုတော်တွေက မဏ္ဍပ်စုံအောင် သွားပြီး လည်ရတယ်။ သွားပြီး ဆိုပေးရတယ်။ တီးဝိုင်း ပေါင်းစုံကလည်း ရန်ကုန်မှာပဲရှိတာ။ အဲဒီတော့ အစ်ကိုတို့တွေ တအားပျော် တယ်။
နောက်ပိုင်း ကျတော့ ဘာဖြစ်လာလဲ ဆိုတော့  တက္ကသိုလ်ရိပ်သာ လမ်းဆိုရင်လည်း ရေပက်မဏ္ဍပ်ပဲ ရှိတယ်။ ဖျော်ဖြေရေး မဏ္ဍပ် မရှိဘူး။ ဖျော်ဖြေရေး မဏ္ဍပ်တွေ ကရန်ကုန်မြို့ မှာတော်တော် ကျဲတယ်၊၊ အဲဒီတော့ပရိသတ် လာကြည့်တာကလည်း ခြောက်တီး ခြောက်ကပ်၊ သီဆိုရတာလည်း ခြောက်တီးခြောက်ကပ် ဆိုတော့ သိပ်တော့ မနိပ်ဘူး။
မန္တလေးကျ တော့ အဲဒီလို မဟုတ်ဘူး။ မန္တလေးကျတော့ ကျုံးပတ်ပတ် လည် မှာရှောင်လွှဲ လို့မရ ဘူး။ Band တွေ တီးဝိုင်းတွေချည်းပဲ ဆိုတော့ အားလုံး က အဆင်ပြေ တယ်၊၊  မန္တလေး မှာဖျော်ဖြေ ရတာ အားရတယ်” လို့ ပြောပြပါတယ်။
သင်္ကြန်ပြီးရင် တော့သူ့ရဲ့ နောက်ထပ် တစ်ကိုယ်တော် အခွေထွက်ရှိဖို့ အတွက် စတင် ပြင် ဆင် နေပြီး သင်္ကြန်ပြီး တာနဲ့ စတူဒီယို ဒိတ် ယူပြီးတော့ တီးခတ်သွား တော့မှာဖြစ်တယ်လို့ သိရပါတယ်၊၊
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif