တန်ဖိုးနည်း ဟန်းဆက်များ ဂျီအက်စ်အမ်ဖုန်းများသာ အများ ဆုံးဝင်ရောက်ပြီး စီဒီအမ်အေ ဖုန်းများမှာ ဈေးကွက်အတွင်း ပစ္စည်းအဝင်နည်းသည်ဟု သိရ သည်။ ၄င်းတန်ဖိုးနည်း ဖုန်းများ၏ ဈေးနှုန်းမှာ သက်သာသည့် အပြင် ဖန်ရှင်စုံလင်ပြီး Touch အမျိုးအ စားဖြစ်သည့်အတွက် လူ ကြိုက်များ ပြီး ရောင်းအားကောင်းလျက်ရှိ ကြောင်း သိရသည်။
အဆိုပါတန်ဖိုးနည်း ဖုန်းများ ကို ရောင်းချလျက်ရှိသည့် ဝင်းလိုက် အီလက်ထရောနစ် ဆိုင်မှ တာဝန်ရှိ သူတစ်ဦးက " အခုနောက်ပိုင်း တန်ဖိုးနည်း ဟန်းဆက်တွေ အရမ်း ဝင်လာတယ်။ တန်ဖိုးနည်း ဖုန်းကဒ် တွေလည်း ချပေးတော့မယ်ဆို တော့ တချို့ ကျတော့ ကြိုဝယ်တာ လည်းရှိတယ်။
ဈေးနှုန်းသက် သာပြီး ကြိုက်လို့ ဝယ်တာလည်း ရှိတယ်။ ဟန်းဆက်တွေက တံဆိပ် မျိုးစုံနဲ့ ဝင်တာပဲ။ နောက်ပြီးဈေး နှုန်းက တစ်သောင်းကျော်ကနေ၊ သုံးသောင်းကျော် လောက်ဆို ဟန်း ဆက်ကောင်း ကောင်းရတယ်။ ဖုန်းကဒ်လည်း ဈေးကျတယ်။ ဟန်းဆက်တွေကလည်း ဈေးပေါ တယ်ဆိုတော့ ဝယ်တဲ့သူတွေအ တွက် အရမ်း အဆင်ပြေ ပါတယ်" ဟုပြောသည်။
တိုရှီဘာ ကျော်ဝင်း အရောင်းဆိုင်မှ "ဟန်းဆက်တွေ က တရုတ်က ဝင်လာတာ များတယ်။ ဈေးနှုန်းက အရမ်းသက် သာတယ်။ ဖန်ရှင်လည်းစုံတယ်။ဝယ် တဲ့သူ အရမ်း များတယ်။ ဈေး ကွက်ထဲမှာတော့ ရောင်း ကောင်း တယ်။ တစ်ခါတလေဆိုရင် ပစ္စည်းတောင်ပြတ်တယ်။ ကျွန် တော်တို့က ကိုယ်တိုင်ဝယ်တဲ့အခါ ကျတော့ ဈေးနှုန်း ကပိုသက်သက် သာသာနဲ့ရောင်းနိုင်တယ်။ နောက် ပိုင်း ရန်ကုန်မှာလည်း ဖုန်းကဒ် တွေကချပေး တော့မှာဆိုတော့ ဟန်းဆက် တွေက ဒီထက်ပိုရောင်း ရဖို့ရှိပါ တယ်"ဟု ကိုရဲဝင်းထွန်း ကပြောသည်။
ယခု နယ်မြို့များတွင် တန်ဖိုး နည်းဖုန်းကဒ်များ ချထားပေးသည့် အတွက် နယ်ဈေးကွက်တွင် ရောင်းအား ကောင်းရုံ သာမက ရန်ကုန် ဈေးကွက်အတွင်းပါ ရောင်းအား ကောင်းလျက်ရှိပြီး တန်ဖိုးနည်းဖုန်း များနှင့်ဆက်စပ်သည့် မိုဘိုင်း အပို ပစ္စည်းများပါရောင်းအားကောင်းလျက် ရှိသည်။ ဟန်းဆက်ဈေးနှုန်းမှာ ၁ သောင်းကျော်မှ ၄ သောင်းကျော် ဝန်းကျင်အထိ ရှိကြောင်း သိရသည်။
http://www.yoyarlay.com






0 comments:
Post a Comment