http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Apr 2012

New iPad Wi-fi အမျိုးအစားမှာ ရောင်းချမှုပိုများ


New iPad Wi-fi အမျိုးအစားမှာ ရောင်းချမှုပိုများပြည်တွင်း Apple ဈေးကွက် အပါအဝင် နိုင်ငံတကာ Apple ဈေးကွက် အတွင်း၌ ရေပန်းစား လျက်ရှိသည့် Apple ၏ နောက်ဆုံး ထုတ်ကုန် New i-Pad အား ပြည်တွင်း ဈေးကွက် အတွင်းတွင် ယခုလ တတိယပတ် မှစ၍ တင်သွင်း ရောင်းချ နိုင်ခဲ့ရာ New i-Pad Wifi အမျိုးအစားများကို ပြည်တွင်း ဈေးကွက် အတွင်း ရောင်းချမှု ပိုမို များပြား ကြောင်း Apple ပစ္စည်း အရောင်းဆိုင်အချို့မှ သိရသည်။
Apple ရုံးချုပ်မှNew i- Pad အား wifi အမျိုးအစားနှင့် 4G LTE အမျိုးအစား ဟူ၍ နိုင်ငံတကာ ဈေးကွက်သို့ ဖြန့်ချိပေးလျက်ရှိရာ နိုင်ငံတကာ ဈေးကွက်တွင် အမျိုး အစားနှစ်ခုစလုံးကို လူကြိုက်များ ကြောင်းသိရသည်။
New i-Pad Wifi အမျိုးအ စားများ ပြည်တွင်း ဈေးကွက်တွင် များပြားခြင်းနှင့် ပတ်သက်၍ imac mobile phone Sales and service centre ၏ ဆိုင်ပိုင်ရှင် ကိုတင်ထွဋ် က " New ipad Wifi အမျိုးအစားတွေ ပြည်တွင်း ဈေးကွက်မှာ များနေတာ ကတော့ ပြည်တွင်း မှာလည်း Wifi အမျိုး အစား ပိုကြိုက်ကြတယ်လေ။
ကျွန်တော့် ဆိုင်မှာလည်း Wifi အမျိုးအစား ပိုသွင်းဖြစ်တယ်။ ဆိုင်ကို ပစ္စည်း သွင်းပေးတဲ့ Carry ပြောတာ ကတော့ နိုင်ငံခြားမှာလည်း 4GLTE က ဝယ်ဖို့ ခက်ခဲ တယ်လို့ သိရပါတယ်။ ကျွန်တော့်ဆိုင်မှာ ဝယ်ယူ တဲ့သူတွေကတော့ Wifi ကိုပဲ ဝယ်ယူတဲ့သူများပါတယ်" ဟု ပြောကြားသည်။
New ipad Wifi အမျိုးအ စားနှင့် 4GLTE အမျိုးအစားများ ကွာ ခြားမှုအနေဖြင့် New ipad 4GLTE အမျိုးအစားတွင် GSM SIM card ထည့်သွင်းအသုံးပြုနိုင် ပြီး 4G Network ဖြင့် ချိတ်ဆက် အသုံးပြုနိုင်သည့် စနစ်ပါရှိသည်ဟု ဆိုသည်။
New ipad 4GLTE အမျိုး အစားနှင့် ပတ်သက်၍ Myanmar mobile application ဝက်ဘ်ဆိုက်၏ Founder ကိုသက်နိုင်စိုး က " New ipad 4G LTE အမျိုး အစားက 4G Network နဲ့ ချိတ်ဆက် အသုံးပြု နိုင်တာတော့ ဟုတ်ပါ တယ်။ ဒါပေမယ့် ပြည်တွင်းမှာ အဲဒီစနစ် အသုံးပြုဖို့က အဆင်မ ပြေဘူးလေ။ 4G အမျိုးအစားမှာ လည်း Wifi အနေနဲ့ အင်တာနက် သုံးလို့ရတဲ့ Function ပါပါတယ်။
Wifi စနစ်ထက် အားသာတာ တစ်ခုက 4G မှာGSM SIM card ထည့်သွင်း အသုံးပြုနိုင်ပြီး အင်တာနက်လိုင်း အသုံးပြုခွင့်ရတဲ့ ကဒ်ဆို Wifi ပိတ်ပြီး EDGE စနစ်နဲ့ အ သုံးပြုနိုင်တာပါ။ ကျန်တာ ကတော့ 4G LTE အမျိုးအစားနဲ့ Wifi အမျိုး အစားနဲ့က အတူတူပါပဲ"ဟု ပြော ကြားသည်။
New ipad Wi-fi အမျိုး အစားများ ပြည်တွင်း ဈေးကွက်တွင် များပြား နေသော်လည်း 4 GLTE အမျိုးအစားများကို ဝယ်ယူ လိုသူများလည်းရှိကြောင်းသိရသည်။
New ipad 4GLTE အ မျိုးအစားနှင့် ဝယ်ယူသူ များပြား ခြင်းနှင့်ပတ်သက်၍ i Nora Apple Store ၏ဆိုင်ပိုင်ရှင် ကိုထက်မြက် အောင်က " New ipad ကို မှာယူတုန်းက Wifi အမျိုးအစားတွေ ချည်းပဲ ရောင်းကောင်းမယ်ထင်ပြီး Wifi တွေကို ပိုမှာထားတာလာဝယ် တဲ့ သူတွေက 4GLTEကို ပိုစိတ် ဝင်စားတဲ့အတွက် ထပ်ပြီးမှာထား ရပါတယ်။Wifi အမျိုးအစားနဲ့4G အမျိုးအစား ဈေးကွာခြားချက်က တော့ နိုင်ငံတကာဈေးနဲ့ဆို ဒေါ်လာ ၁၀ဝ လောက်ပဲကွာပါတယ်" ဟုပြော ကြားသည်။
New iPad ကို ပြည်တွင်း Apple ဈေးကွက်တွင်း တင်သွင်း မှု၊ ဝယ်ယူမှု များပြားလျက် ရှိပြီး လက်ရှိ ပေါက်ဈေး အနေဖြင့် New iPad Wifi အမျိုးအစား 16GB များအား ၅၇၀ဝ၀ဝ၊ 32 GB များအား ၆၈၀ဝ၀ဝ၊ 64GB များ အား ၇၈၀ဝ၀ဝ၀ ဖြင့်ရောင်းချ ပေးလျက်ရှိပြီး New iPad 4G LTE အမျိုးအစား 16GB များအား ကျပ်၇သိန်း၊ 32 GB များအား ကျပ် ၈ သိန်း၊ 64 GB များအား ကျပ် ၉ သိန်းဖြင့် ရောင်းချပေး လျက်ရှိသည်ဟု ပြည်တွင်းဈေး ကွက်မှသိရသည်။  
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif