SMS ဈေးနှုန်း များကို ၆ လ နှင့် တစ်နှစ်ရယူမည်ဆိုပါက လျှော့ဈေးများ ရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။ ဈေးနှုန်းများကို SMS ရယူလို သူများအနေဖြင့် ၆လ ရယူလိုပါက ၁၀ ရာခိုင်နှုန်းအပြင် အပိုတစ်လ ခံစားခွင့် ရရှိမည်။ တစ်နှစ်ရယူလိုပါက ၁၅ ရာခိုင်နှုန်း အပြင် နောက်ထပ် အပိုတစ်လခံစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရ သည်။
" ၂၆ ရက်ကနေ ဧပြီ ၁၀ ရက်နေ့အထိကို SMS ဝန်ဆောင် မှုလိုချင်တယ်ဆိုရင် ကြိုတင် စာရင်း ပေးသွင်းရမယ်၊ အနည်းဆုံး ၆လယူမှရမယ်။ တစ်လချင်းစီတော့ ယူလို့မရဘူး။ အစ်မတို့ဆီက ဝန်ဆောင်ခက ၆ လကို ၃သောင်း၊ အဲ့ဒီ ၃ သောင်းကို ၁၀ ရာခိုင်နှုန်း လျှော့ပေးမယ်။ ၁ နှစ်ဆိုရင် ၆ သောင်း၊ အဲဒီ ၆ သောင်းကို ၁၅ ရာခိုင်နှုန်းလျှော့ပေးမယ်။
ပုံမှန်ယူနေတဲ့ လူတွေလည်း ရှိပါတယ်။ ဒါက သင်္ကြန် အထူးအစီအစဉ် အတွက် ဝန်ဆောင်ခ လျှော့ပေး ထားတာ။ ဒါပေမဲ့ သင်္ကြန်အတွက် အထူးအစီအစဉ် လုပ်ပေး ထားတော့ အရင် ထက်ယူတဲ့ လူပိုများလာပါတယ် ဟု Myanmar Exchange မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ Myanmar Exchange တွင် ရွှေဈေး၊ ငွေဈေး၊ ဒေါ်လာ ဈေးနှုန်းများ အပြင် မြို့၈မြို့၏ ကုန်စည် ဈေးနှုန်းနှင့် သတင်းအချက် အလက်များကို ကြည့်ရှုနိုင်သည်။ အသေးစိတ် သိလိုသူများ အနေဖြင့် ဝ၁-၅၅၅၄၄၆၆ သို့မေးမြန်း နိုင်ပါသည်။
http://www.yoyarlay.com/






0 comments:
Post a Comment