http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Apr 2012

ဖုန်းကဒ်များကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမည်


ဖုန်းကဒ်များကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမည်မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လာမည့် ဧပြီလ ၉ရက် နေ့တွင် ချထား ပေးမည့် တန်ဖိုးနည်း ဖုန်းများကို အရောင်းဆိုင်များ အနေဖြင့် ပြန်လည် ရောင်းချရာတွင် အရစ်ကျ စနစ် ရောင်းချခြင်းများ အပြင် ဖုန်းကဒ် များဝယ်ယူလျှင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမည့် ဝန်ဆောင်မှုစနစ် ကို Today's Mobile အရောင်းဆိုင်မှ ပြုလုပ်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Today's မိုဘိုင်း အရောင်းဆိုင်မှ တန်ဖိုးနည်း ဖုန်းကဒ်များ ဝယ်ယူရာတွင် (၃)ကဒ် အထက် ဝယ်ယူသော Customer များကို အိမ်တိုင်ရာရောက် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
ထိုသို့ ဖုန်းကဒ်များ ပို့ဆောင်ရာတွင် ဝယ်ယူသူဘက်မှ ဟန်းဆက်ကိုပါ ဝယ်ယူ ချင်ပါက ပြသ ရောင်းချ ပေးသွားမည် ဖြစ်သည်။ "ဖုန်းကဒ်တွေကို ဝယ်ချင်တယ် ဆိုတဲ့ သူတွေ အတွက် မပင်ပန်းရ အောင် ဒီလိုမျိုး ဝန်ဆောင်မှု ပေးတာပါ။
နောက်ပိုင်း မှာလည်း ဟန်းဆက်ပြင် ချင်တဲ့သူတွေ၊ ဟန်းဆက် ဝယ်ချင်တဲ့ သူတွေကိုပါ အိမ်တိုင်ရာ ရောက် ဝန်ဆောင်မှု ပေးမှာပါ။ ဝယ်တဲ့သူ အများစုက ဟန်းဆက် ဝယ်ရင် အရောင်း ဆိုင်တွေကို သွားတာများတယ်။ အဲဒီအတွက် ပင်ပန်းတယ်။ ခရီးစရိတ် ကုန်တယ်။ ဟန်းဆက် လိုချင်တယ် ဆိုရင် ကျွန်တော့်ဆိုင်ကို ဖုန်းဆက်ပါ။
လိုချင်တဲ့ ဟန်းဆက် အမျိုးအစားကို ပြောပါ။ ကျွန်တော်တို့ဘက်က သွားပြပေးမှာပါ။ မကြိုက်လို့ မယူလည်း ရပါတယ်။ အဓိက ဖုန်းကဒ်ကိုပဲ ဝန်ဆောင်မှုပေးချင်တာပါ။ အဲဒီအတွက် ဝန်ဆောင်ခလည်း ပေးစရာ မလိုဘူး။ ဖုန်းကဒ်ရဲ့ အရင်းတိုင်းရောင်းပေးသွားမှာပါ။
ဖုန်းကဒ် ဝယ်ချင်တဲ့ သူတွေအနေနဲ့ ဖုန်းဆက်ပြီးလှမ်းမှာရုံပါပဲ။ ကျွန်တော်တို့ ဘက်က အဆင်ပြေအောင် အကောင်းဆုံးဝန် ဆောင်မှုပေးသွားမှာပါ" ဟုToday's Mobile ၏ အရောင်းဆိုင်မှ ကိုနေလင်းထွန်းက ပြောသည်။  
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif