ယင်းဖုန်းများကို ပြည်နယ် များတွင် ယခုလ ၁၄ ရက်နေ့က စတင်ချ ထားပေးပြီး တိုင်းဒေသ ကြီးများတွင် ယခုလ ၂၈ ရက်နေ့မှ စတင်ချထား ပေးခြင်း ဖြစ်သည်။ ယင်းဖုန်းအချို့ကို စတင် ကတ်ထည့်ပြီး ချိန်တွင် လိုင်း မထွက်ခြင်း၊ အဝင်အထွက် နှစ်မျိုးလုံး မရခြင်း စသည့် ပြသနာများ ဖြစ် ပေါ်သည်ဟု သုံးစွဲသူများနှင့် မိုဘိုင်း အရောင်းဆိုင်များက ပြောသည်။
မကွေးတိုင်းဒေသကြီးရှိ မိုဘိုင်းဖုန်း ဆိုင်တစ်ဆိုင်က "ကျွန်တော်တို့ ဆိုင်တွေမှာ ဖုန်းတွေက ရောင်းရပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဖုန်းတွေက အထွက်မရတာတွေ ဘာတွေတော့ ဖြစ်ပါတယ်။ တချို့ ဖုန်းတွေကလည်း အဝင်မရတာ ဖြစ်တယ်။
ကျွန်တော်တို့ ဆီမှာတော့ အဲဒီလိုမျိုး ဖြစ်ရင်တော့ ကုမ္ပဏီတွေ ဘက်ကို ပြန်ပြောရင် လုပ်ပေးပါတယ်။ အများကြီးတော့ မဖြစ် ပါဘူး။ ချပေးတဲ့ ရှေ့ပိုင်း ရက်တွေက ဖြစ်တာများတယ်။ လိုင်းကျပ်တာ ကတော့ လျှပ်စစ်မီး လာတာ မလာတာ နဲ့လည်း ဆိုင်ပါတယ်"ဟု ပြောသည်။
တောင်ကြီးမြို့ရှိ မိုဘိုင်းဖုန်း ဆိုင်တစ်ဆိုင် ကလည်း "ကျွန်တော်တို့ဆီမှာ စချ ပေးတုန်း ရက်တွေကတော့ ဖြစ်ပါတယ်။ တချို့နံပါတ်မှာ စီးရီးအလိုက် အထွက်ခေါ်လို့ မရတာတွေ ဘာတွေ ဖြစ်ပါတယ်။ ပြန်ပြောရင်တော့ နောက်တစ်ရက်လောက်နေရင် ကောင်းသွားပါတယ်။ စက်ပိုင်းဆိုင်ရာမှာ နမမသမ နည်းနည်းရှိတယ်လို့ ထင်ပါတယ်"ဟု ပြောသည်။
ပြည်နယ် တစ်ခုမှ မိုဘိုင်းဖုန်းသုံးစွဲသူတစ်ဦးကလည်း"ကျွန်တော်တို့ဆီမှာ ညခြောက် နာရီကနေ ဆယ်နာရီအတွင်းလောက်ဆို အထွက်ခေါ်လို့မရတာ ဖြစ် ပါတယ်။ ကျန်တဲ့ အချိန် ဆိုရတယ်။ တချို့ဖုန်းတွေကလည်း အဝင်ခေါ် လို့မရတာမျိုးဖြစ်ပါတယ်။ အဝင်ဆို လုံးဝမဝင်ဘူး။ အထွက်ဆိုခေါ်လို့ ရတယ်။ အဲဒါမျိုးတွေလည်း ဖြစ်ပါတယ်"ဟု ပြောသည်။
http://www.yoyarlay.com






0 comments:
Post a Comment