http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Apr 2012

လုပ်ငန်းသုံး Truck ကားများ အရစ်ကျ ဝယ်ယူနိုင်ပြီ


လုပ်ငန်းသုံး Truck ကားများ အရစ်ကျ ဝယ်ယူနိုင်တရုတ်နိုင်ငံကွမ်ရှီ (Guangxi) မှ ထုတ်လုပ်သော လုပ်ငန်းသုံး ထရပ်ကား များကို ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျဖြင့် ဝယ်ယူနိုင်ကြောင်း အောင်ကြီး ထရေးဒင်း လီမီတက်မှ ပြန်ကြား ရေးနှင့် လေ့ကျင့်ရေးအရာရှိ ကိုမျိုး မင်းသန့်က ပြောသည်။
"ကျွန်တော်တို့ ကုမ္ပဏီက လုပ် ငန်းသုံး ထရပ်ကားတွေကို ဝယ်ယူ မယ့်သူက ဘယ်ဘက်နဲ့မဆို ချိတ် ဆက်ပြီးအရစ်ကျထပ် ဝယ်နိုင်ပါ တယ်။ အနည်းဆုံး တစ်နှစ်နဲ့ နှစ်နှစ်ထိအ ရစ်ကျသွင်းရပါမယ်၊ ဝယ်ယူတဲ့ ပစ္စည်းရဲ့အာမခံနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူသူတွေနဲ့ ထပ်တူ ဆောင်ရွက်ပေးနေပါတယ်။ စက်ပစ္စည်းတစ်မျိုးစီရဲ့အပို ပစ္စည်း တွေကိုလည်းရောင်းချ ပေးပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက တင်သွင်း တဲ့ ကားပစ္စည်းမှန်သမျှတစ်နေရာ တည်းမှာ ဝယ်ယူရရှိနိုင်ပါတယ်"ဟု ကိုမျိုးမင်းသန့်က ဆိုသည်။
အဆိုပါ အောင်ကြီးထရေးဒင်း လီမီတက်မှ လုပ်ငန်းသုံးထရပ်ကား များနှင့် စက်ယန္တရားမျာကို တရုတ်၊ စင်ကာပူ၊ ကိုရီးယား၊ မလေးရှား နိုင်ငံများမှ တင်သွင်းလျက်ရှိကြောင်း မတ် ၃၀ရက်မှ ဧပြီ ၂ရက်တွင် MCC ခန်းမ၌ မြန်မာ-တရုတ် (ကွမ် ရှီ) Guangxi ကုန်စည်ပြပွဲကြီးတွင် လည်း ပြသခဲ့ကြောင်း သိရသည်။ ဒီ ၂၀၁၂ ခုနှစ် နှစ်ဦးက Cra -wler Drall လို့ခေါ်တဲ့ ကိုရီးယား နိုင်ငံထုတ် ကျောက်မျက်နဲ့ သတ္တု တူးဖော်တဲ့ စက်ကြီးကိုလည်း တင် သွင်းထားတယ်။ ချန်လုံ Cheng - lang ကထုတ်တဲ့ အဝေးပြေးခရီး သည်တင် ဘတ်စ်ကားတွေလည်း တင်သွင်းတယ်။ ဝယ်ယူသူတွေကို one stop Service နဲ့ဆောင်ရွက်ပေး တယ်"ဟု အောင်ကြီးထရေးဒင်း လီမီတက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အောင်ကြီး ထရေးဒင်းလီမီ တက်ကို ၂၀ဝ၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ယခုလက်ရှိ မြို့ ကြီးများတွင် ဖြန့်ချိလျက်ရှိကြောင်း Niugong, Powermix, Cheng Long, King Long အမျိုးအစား လေးခုကိုအဓိကဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif