http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Apr 2012

မြန်မာ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ခရီးသွားတွေ များပြားလာ


တစ်ချိန်က စစ်အာဏာရှင် စိုးမိုးအုပ်ချုပ်ပြီး နိုင်ငံတ  ကာရဲ့ ပိတ်ဆို့  အေ  ရးယူခံခဲ့ ရတဲ့ မြန်မာနိုင်ငံဟာ   အခုအခါ ကမ္ဘာလှည့်ခရီးသွားတွေ စုပြုံဝင်ရောက်နေတဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။
(Photo: AFP)
ရန်ကုန်မြို့၊ ရွှေတိဂုံစေတီပေါ်တွင် နိုင်ငံခြား ခရီးလှည့် လည်သူများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
မနှစ်က ခရီးသွား  ဧည့်သည်                  (၄) သိန်းကျော် လာရောက်ခဲ့ပြီး ဒီနှစ်မှာတော့ အရေအတွက် နှစ်ဆတိုးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း Euro News က ဖော်ပြပါတယ်။
Khiri Travel Group ရဲ့ အထွေထွေ မန်နေဂျာ မစ္စတာ Edwin Briels ကတော့ - ဟိုတုန်းကတော့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့   အရေးယူထားတော့ မသွားကောင်းတဲ့အရပ်လို့ ခရီးသွားတွေက မှတ်ယူခဲ့ကြတယ်။ အခုတော့ သွားကောင်းတဲ့အရပ် ဖြစ်သွားပါပြီ။ အတော်  များများကတော့ စူးစမ်းချင်လို့ လာကြတာပါ။ ဒီကိုရောက်လာတဲ့ နိုင်ငံခြားသားတွေထဲမှာ ရိုးရိုးခရီးသွားတွေထက် အခွင့်အလမ်း လာရှာတဲ့ စီးပွားရေးသမားတွေက ပိုပြီးများတယ်လို့ ပြောဆိုပါတယ်။
မြန်မာပြည်မှာ သာယာလှပတဲ့ ရှုမြင်ကွင်းတွေ၊ ရှေးဟောင်း စေတီပုထိုး ဘုရားကျောင်းကန်တွေ ရှိသလို တစ်ဘက်မှာလည်း ပြည်သူအများစုကြီးရဲ့ လူနေမှုဘ၀ အခြေအနေက နိမ့်ကျနေဆဲ၊ လူ့အခွင့်အရေး အခြေအနေတွေက စိုးရိမ်စရာ ကောင်းဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ တပြိုင်တည်းမှာ အကောင်းဘက်ကို မျှော်လင့်နိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အတိုက်အခံဘက်ကလည်း အစိုးရ လက်ဝေခံတွေရဲ့ လက်ထဲရောက်သွားမယ့် ခရီးသွား အစီအစဉ်တွေထက် ပြည်သူတွေ အကျိုးရှိမယ့် ခရီးသွားလုပ်ငန်းမျိုး ထွန်းကားဖို့ ပိုပြီး အားပေးချင်တာကို တွေ့ရပါတယ်လို့ Euro News က ရေးသားဖော်ပြပါတယ်။ 
www.rfa.org/burmese/news/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif