ရီးရဲလ် ကွင်းလယ် ကစားသမား ကာကာမှ သူ၏ ပုံမှန်ခြေစွမ်းကိုပြန်လည် ရရှိနေပြီဟု ယုံကြည်နေကြောင်းပြောဆိုခဲ့သည်။ အေပိုးလ်နှင့် ကစားခဲ့ သည့် ပွဲစဉ်တွင် အနိုင်ဂိုး တစ်ဂိုးအား အဝေးမှ ကန်သွင်းယူခဲ့သည့် ကာကာ မှ ကိုယ့်ကိုကိုယ် ယုံကြည်မှုများနောက် တစ်ကြိမ်ပြန်လည် တည် ဆောင်နိုင်ပြီဟု ဖွင့်ဟ ပြောဆိုခဲ့သည်။
အေစီမီလန် အသင်းမှ (၂၀၀၉) ခုနှစ်တွင် ရီးရဲလ်သို့ပြောင်းရွှေ့ရောက် ရှိလာ ခဲ့သည့် ကာကာမှာ ဒဏ်ရာပြဿနာကြောင့် ပုံမှန် ခြေစွမ်း ပျောက် ဆုံးနေခဲ့ သော်လည်း ယခုအခါမှာ သူ၏ခြေစွမ်း အစစ်အမှန်ကိုပြသဖို့ အချိန်ရောက်ပြီဟု ကြုံးဝါးပြောဆို ခဲ့ခြင်းလည်း ဖြစ်သည်။ “ယုံကြည်မှုတွေ က ကျွန်တော်ဆီ ပြန်ရောက်လာ ပါပြီ။
ကျွန်တော် အဝေး ကန်ချက်တွေ လုပ်ဖို့ ယုံကြည်မှု မရှိခဲ့ပေမယ့် ဒီနေ့မှာ လုပ်နိုင်ခဲ့ပါပြီ။ ကျွန်တော့် ခြေစွမ်း တိုးတက်လာပြီ ဖြစ်လို့ ပျော်ရွှင်မိပါတယ်။ ဂိုးသွင်းတာတွေ၊ ဖန်တီးမှုတွေ အသင်းအတွက် လိုအပ်တာတွေကို ပိုပြီး လုပ်နိုင် ပါပြီ”ဟုကာကာမှ သတင်းထောက် တစ်ဦးသို့ပြောဆိုခဲ့သည်။ ကာကာမှ ဆက်လက်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွင် တွေ့ဆုံမည့် ဘိုင် ယန်မြူနစ် အသင်း၏ ရစ်ဘာရီ၊ ရော်ဘင်၊ ဂိုမက်ဇ်တို့၏ တိုက်စစ်နှင့် ပတ်သက်ပြီး အသင်းဖော်များအား သတိပေး စကားဆိုခဲ့သည်။
http://www.yoyarlay.com
0 comments:
Post a Comment