http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

လူမှုကွန်ရက် Website နှစ်ခုအပါအဝင် Website ၁၂ ခုကို တရုတ်ပိတ်ပင်


လူမှုကွန်ရက် Website နှစ်ခုအပါအဝင် Website ၁၂ ခုကို တရုတ်ပိတ်ပင်မကြာ သေးသည့် အချိန် ကာလ အတွင်းက Facebook စသော လူမှု ကွန်ရက် များကို ပြန်လည် အသုံး ပြုခွင့် ပေးခဲ့သည့် တရုတ် နိုင်ငံသည် ယခုအခါ လူအသုံး များသည့် လူမှု ကွန်ရက် နှစ်ခု အပါအဝင် နာမည်ကျော် ဝက်ဘ်ဆိုက် ၁၂ ခုအား ပိတ်ပင်လိုက် ကြောင်း သိရသည်။
ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းမှာ ၄င်းလူမှု ကွန်ရက်များ ပေါ်တွင် အသုံး ပြုသူများအချင်းချင်း နိုင်ငံရေးဆိုင်ရာ အဆင့်မြင့်ပုတ်ခတ်ဝေဖန်မှုများ ပြု လုပ်ခဲ့ ကြခြင်း ကြောင့် ဖြစ်သည်ဟု သိရ သည်။
အွန်လိုင်း မီဒီယာ စည်းကမ်း တင်းကျပ်မှု များစွာ ရှိသည့် တရုတ် နိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင်များက အွန်လိုင်း စီးပွားရေး ကဏ္ဍကို ဖွံ့ဖြိုးမှု အရှိဆုံး အတိုင်းအတာ ရောက်အောင် ပြုလုပ်ခဲ့ကြသည့် အတွက် နိုင်ငံသား များစွာက အွန်လိုင်း စီးပွားရေးကို စိတ်ဝင်စား ကြသော်လည်း ယခုကဲ့သို့ ဝက်ဘ်ဆိုက်များ မကြာခဏ ပိတ်ပင် ခံရခြင်းကို စိတ်ပျက်နေကြကြောင်း သိရသည်။
သို့ရာတွင် အာဏာပိုင်များ ဘက်က မှားယွင်းသည့် ဝေဖန်မှု များကို လက်ခံမည်မဟုတ်ဘဲ ထို ဝက်ဘ်ဆိုက် များကို ပိတ်ပင်အပြစ် ပေးခြင်းဖြင့် ပို၍စည်းစနစ်ရှိသည့် အွန်လိုင်းမီဒီယာကဏ္ဍကို အကောင် အထည်ဖော်နိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြား ခဲ့သည်။ 
http://www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif