ရွှေတြိဂံဒေသ၌ လှုပ်ရှားနေသော မူးယစ်ရာဇာ စိုင်းနော်ခမ်း၏ နောက်လိုက် (၈) ဦး တို့သည် ဧပြီလ (၂၃) ရက်နေ့ ရက်နေ့၌ လက်နက်ချတယ်လို့ (၂၅) ရက်နေ့ထုတ် အစိုးရ သတင်းစာ၌ ဖော်ပြ ပါရှိပါသည်။ လက်နက်ချ အဖွဲ့အား အိုက်ထွန်းမှ ဦးဆောင်၍ လက်နက် (၅) လက်၊ ကျည်မျိုးစုံ (၁၆၄) တောင့်၊ ဗုံးသီး (၁၁) လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး တို့နှင့်အတူ တာခ်ျီလိတ် နယ်မြေရှိ တပ်မတော်စခန်း တစ်ခုသို့ ဝင်ရောက် လက်နက်ချခဲ့ခြင်းဖြစ်သည်။ မြန်မာ ထိုင်း လာအို သုံးနိုင်ငံ ဆုံရာ ရွှေတြိဂံ နယ်မြေ၌ လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့ တစ်ခုရဲ့ ခေါင်းဆောင် စိုင်းနော်ခမ်း အသက် (၄၂) နှစ် ရှိပြီး လွန်ခဲ့သည့် ဧပြီလ (၂၀) ရက်နေ့က ထိုင်းနိုင်ငံမှ ထိပ်တန်း မူးယစ်ရာဇာ တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကာ ဘတ်ငွေ နှစ်သန်း ဆုငွေ ထုတ်ထားပါသည်။
www.phophtaw.org/burmese
0 comments:
Post a Comment