http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

မြန်မာ့ပညာရေး ကဏ္ဍာ ဖွံ့ဖြိုးရေး အီတလီ ကူညီမည် ဟုဆို


မြန်မာ့ပညာရေး ကဏ္ဍာ ဖွံ့ဖြိုးရေး အီတလီ ကူညီမည် ဟုဆိုမြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အီတလီ အစိုးရ အနေဖြင့် ကူညီထောက်ပံ့ပေး သွားရန် စီစဉ် လျက်ရှိကြောင်း အီတလီ ဆီး နိတ် လွှတ်တော် အမတ် မစ္စတာ Malpeli Giuseppe က ပြောသည်။
ထိုသို့ ကူညီရာ၌ ကျောင်း သားကျောင်းသူများအား အီတလီနိုင်ငံရှိ တက္ကသိုလ်နှင့် ကော လိပ်များတွင် ပညာသင်ကြား နိုင်မည့် ပညာသင် ဆုများ အပါ အဝင် အခြေခံပညာကျောင်း များမှ ထူးချွန် ကျောင်း သား ကျောင်းသူများအား ဆက် လက် ပညာသင်ကြားနိုင်ရေးအတွက် ရန်ပုံငွေများပေးအပ်မည့် အစီ အစဉ်များလည်း ပါဝင်ကြောင်း ၄င်းက ရှင်းပြ သည်။
”အီတလီ အစိုးရအနေနဲ့ ဒီအစီအစဉ်ကို စတင်ဆောင် ရွက်ဖို့ စီစဉ်ထားတာကြာပါပြီ။ ပိတ်ဆို့အရေးယူမှုတွေ ရှိနေ သေးတဲ့ အတွက် ကူညီဖို့ အဆင်မပြေဘူးဖြစ်နေတာ။ အခု ပိတ်ဆို့မှု တွေကို ဖယ်ရှား ဖို့ ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် မကြာခင် မှာ အီတလီ အစိုးရနဲ့ မြန်မာ အစိုးရ အကြား ညှိနှိုင်းပြီး ဒီအစီအစဉ်တွေ ကို အကောင်အထည်ဖော်သွား ပါမယ်” ဟု ၄င်းက ထပ်မံ ပြောကြား သည်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif