http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Apr 2012

NLD မှ ဒေါ်ဖြူဖြူသင်းကို ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း တရားစွဲ


NLD မှ ဒေါ်ဖြူဖြူသင်းကို ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ငွေ ၁၀ သိန်းတင် တရားစွဲမင်္ဂလာ တောင်ညွန့် မြို့နယ်မှ ပြည်သူများ၏ ရွေးချယ် တင်မြှောက်မှုကြောင့် ကြားဖြတ် ရွေးကောက်ပွဲ အနိုင် ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ် စားလှယ် ဒေါ်ဖြူဖြူသင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေးက ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်သည် ဟုဆိုကာပြည်ထောင်စုရွေး ကောက်ပွဲ ကော် မရှင်ထံတွင် ငွေ ၁၀ သိန်းတင် တရားစွဲဆိုလိုက်ကြောင်း ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။
"ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ လုပ်တယ်ဆိုပြီး ငွေ ၁၀ သိန်းတင်တရားစွဲတယ်။ မေလ ၄ ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ တရား ရင်ဆိုင်ဖို့ သွားရပါမယ်" ဟု ၄င်းကဆိုသည်။ အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲ ၄၃ နေရာတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ ထားသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif