http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Apr 2012

သင်္ကြန်ကာလ ရေထုပ်နှင့် ပစ်ပေါက်မှုကြောင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်


သင်္ကြန်ကာလ ရေထုပ်နှင့် ပစ်ပေါက်မှုကြောင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူး မြို့နယ်တွင် ရေထုပ်နှင့် ပစ်ပေါက်မှု ကြောင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသ ကြီး လှည်းကူးမြို့နယ် ဘိုရင်း ကလေးကျေးရွာနေ ဒေါ်ညို ၄၆ နှစသည် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် လမ်းမပေါ်မှ ရေထုပ်ဖြင့် ပစ်ပေါက် ခံရမှုကြောင့် အတူနေ ခင်ပွန်းဖြစ်သူ အသက် ၄၅ နှစ် အရွယ် လယ်လုပ်သူက နေအိမ်ခြံ အပြင်ဘက်ထွက်၍ ရေထုပ်နဲ့ပေါက်တာ ဘယ်သူလဲဟု မေးမြန်း စဉ် တစ်ရွာတည်းနေသူ အသက် ၄၅ နှစ်အရွယ်ရှိ ကျပန်းလုပ်ကိုင်သူ နှင့် စကားများရန်ဖြစ်ပြီး ကျပန်း လုပ်ကိုင်သူအမျိုးသားမှ ဓားဖြင့် ဝဲရင်ညွန့် ထိုးသွင်းချက် တစ်ချက်၊ ယာရင်အုံ ဘေး ထိုးသွင်းချက် တစ်ချက် ရရှိကာ ဇနီးဖြစ်သူကနေအိမ် သို့ ပြန်ခေါ်လာစဉ် နေအိမ်ပေါ် အရောက်သေဆုံးသွားသဖြင့် ဇနီး ဖြစ်သူမှ တရားခံအား အရေးယူပေးပါရန် တရားလိုပြု တိုင်တန်းထား ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒါးပိန် ရဲစခန်းက (ပ) ၂၇/၁၂ ပုဒ်မ-၃၀၂ အရအမှုဖွင့်ပြီး တရားခံအားဖမ်း ဆီးရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif