ထိုကဲ့သို့သော သူများသည် လက်ဖက်ရည်တစ်အိုး ဒါမှမဟုတ် အအေးဖျော်ရည် တစ်ခုခုတို့ကို တစ်နာရီလျှင် အမေရိကန်ဒေါ်လာ ၁၂ဒေါ်လာဖြင့် ကြောင် ကော်ဖီဆိုင်များတွင် ၄င်းတို့ချစ်သော ကြောင်များနှင့်အတူ လာရောက် အပန်းဖြေနိုင်ပါတယ်။ ထိုသို့လာရောက်သော ဧည့်သည်များတွင် အလုပ်ခွင်မှ ပင်ပန်းစွာဖြင့် အလုပ်ဆင်းလာကြသူအများစု ပါဝင်ပါတယ်။ ပင်ပန်းနွမ်းနယ်နေသော အလုပ်သမားများဟာ အိမ်မပြန်ခင် ကြောင် ကော်ဖီဆိုင်သို့လာကာ ကြောင်ကလေးများကို ပွတ်သပ်ယုယ ဆော့ကစားပြီး စိတ်ဖိစီးမှုများကို ဖြေဖျောက်ကြပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံမှ အသစ်ထုတ်ပြန်လိုက်တဲ့ တိရစ္ဆာန်ကာကွယ်ရေး ဥပဒေတစ် ခုဖြစ်တဲ့ အများပြည်သူနေရာများတွင် တိရစ္ဆာန်များ ခင်းကျင်းပြသခြင်း ကို ည ၈ နာရီအထိသာ ခွင့်ပြုတယ်ဆိုတဲ့ ဥပဒေကို ထုတ်ပြန်လိုက် ပါတယ်။ ဒီဥပဒေကြောင့် ကြောင်ကော်ဖီဆိုင်များ စီးပွားရေး ထိခိုက် လာနိုင်တာကြောင့် တိုကျိုမှ ကြောင်ကော်ဖီဆိုင်ပိုင်ရှင်များက စိုးရိမ် လျက်ရှိနေပါတယ်။ ဧည့်သည်များကလည်း ည ၈ နာရီနောက်ပိုင်းမှ လာရောက်တတ်ကြပြီး ဆိုင်ပိတ်ချိန် ည ၁၀ နာရီအထိ အပန်းဖြေကြပါ တယ်။ ကြောင်တွေနဲ့ ရင်းနှီးပျော်ရွှင်စွာ နေထိုင်လိုတာကြောင့်သာ ကော်ဖီလာသောက်တာဖြစ်တဲ့အတွက် ကြောင်ကော်ဖီဆိုင်များဆက်လက် ဖွင့်လှစ်ရန် အခက်အခဲဖြစ်လျက်ရှိပါတယ်။
www.yoyarlay.com






0 comments:
Post a Comment