http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Apr 2012

ပေကျင်းမြို့ကို ပစ်ခတ်နိုင်သည့် နျူကလီးယား ဒုံးပျံ အိန္ဒိယ စမ်းသပ်


ပေကျင်းမြို့ကို ပစ်ခတ်နိုင်သည့် နျူကလီးယား ဒုံးပျံ အိန္ဒိယ စမ်းသပ်အိန္ဒိယ နိုင်ငံသည် တရုတ်ပြည် ၏ အဓိက မြို့ကြီး များ ဖြစ်ကြသော ပေကျင်းနှင့် ရှန်ဟိုင်း မြို့များကို တိုက်ခိုက် နိုင်စွမ်း ရှိသော နျူကလီးယား စွမ်းရည် ဒုံးပျံသစ် တစ်မျိုးကို အောင်မြင်စွာ စမ်းသပ် ခဲ့ကြောင်း အိန္ဒိယအစိုးရက ဧပြီ ၁၉ ရက်တွင် ကြေညာသည်။
တရုတ်ပြည်၏ အိန္ဒိယ ဒေသဆိုင်ရာ လွှမ်းမိုးမှုကို တန်ပြန်ရန်နှင့် ၄င်း၏ ကိုယ်ပိုင် အခွင့်အရေးအရ အာရှအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာရန် ကြိုးပမ်းအားထုတ်မှုများကို အဓိက တွန်းအား တစ်ရပ်အဖြစ် အစိုးရက ကီလိုမီတာ ၅၀ဝ၀ (၃၁၀ဝမိုင်) အကွာအဝေး ရောက်အောင် ပစ်ခတ်နိုင်သော "အဂ္ဂနီ-၅" ဒုံးပျံကို ချီးကျူး လိုက်သည်။
အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အကြီးအကဲ ဗီဂျေး ဆာရာဆဝပ်က ဒုံးပျံကို အိန္ဒိယအရှေ့ဘက်ကမ်းခြေ ကမ်းလွန်ဝှီးလားကျွန်းမှ နံနက် ၈နာရီ ၇ မိနစ်တွင်ပစ်လွှတ်ခဲ့ကြောင်း၊ ဒုံးပျံသည် အမြင့် ၆၀ဝ ကီလိုမီတာ ကျော် ၃၇၀ မိုင်အထိ ထိုးတက် သွားကြောင်း၊ ဒုံးပျံ၏အဆင့် သုံး ဆင့်သည်မှန်ကန်စွာ အလုပ်လုပ်ခဲ့ပြီး ၄င်း၏ ပေါက်ကွဲအားသည် စီစဉ်ထားသည့်အတိုင်းထိ ရောက် မှု ရှိကြောင်း Times Now နယူးစ် ချန်နယ်သို့ ပြောကြားခဲ့သည်။ ၄င်း က "အဓိက ဒုံးပျံအင်အားကြီး တစ်နိုင်ငံအဖြစ် ဒီပစ်လွှတ်မှုမှ အိန္ဒိယဟာ ပေါ်ထွက်လာခဲ့တယ်" ဟု ပြောကြားသည်။
စမ်းသပ်မှုဆိုင်ရာ မစ်ရှင်ဒါ ရိုက်တာ အေဗီနတ်ရှ်ချန်ဒရာက ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင် ပစ်လွှတ် သည့်အခါ ဒုံးပျံသည် စီစဉ် ထားသည့် အတိုင်း စွမ်းဆောင်ခဲ့ သည်ဟု ပြောကြားသည်။
၎င်းက "ဒီမစ်ရှင်အောင်မြင်ဖို့ ကျွန်တော်တို့ လိုချင်တဲ့ အရာကို အတိအကျ စွမ်းဆောင်နိုင်ခဲ့တယ်"ဟုTimes Now သို့ ပြောကြားသည်။ အဂ္ဂနီ- ၅ သည် ၁ ဒသမ ၅ တန် အလေး ချိန်ရှိ နျူကလီးယားထိပ်ဖူးတစ်ခု ကို သယ်ဆောင်ရန် ဒီလိုင်းထုတ် ထားသော လောင်စာခဲသုံးအဆင့် သုံးဆင့်ပါ ဒုံးပျံတစ်စင်းဖြစ်သည်။ ဒုံးပျံသည် ၁၇ ဒသမ ၅ မီတာ ၅၇ ပေ မြင့်ပြီး တန် ၅၀ အလေး ကိုပစ်လွှတ်နိုင်ပြီး ရူပီး ၂၅ ဘီလျံ(ဒေါ်လာ ၄၈၆ သန်း) အကုန် အကျခံတည်ဆောက်ခဲ့ကြောင်း သိ ရသည်။
ဒုံးပျံကို ကုန်းလမ်း သို့ မဟုတ် မီးရထားလမ်းဖြင့် တိုင်း ပြည်အနှံ့ ရွှေ့ပြောင်းနိုင်ပြီး ထိပ်ဖူး မျိုးစုံ သယ်ဆောင်ရန် သို့မဟုတ် အာကာသအတွင်း ဂြိုဟ်တုများ ပစ်လွှတ်ရန် အသုံးပြုနိုင်သည်။
၂၀၁၄ သို့မဟုတ် ၂၀၁၅ ခုနှစ် ခန့်တွင် ယခုဒုံးပျံကို အိန္ဒိယလက်နက် တိုက်သို့မသွင်းမီ နောက်ထပ်လေး ကြိမ် သို့မဟုတ် စမ်းသပ်ဖို့ လိုအပ် မည်ဟု အိန္ဒိယအရာရှိများက ပြော ကြားခဲ့ကြသည်။
ဒုံးပျံပြိုင်ပွဲတွင် တရုတ်ပြည် သည် အိန္ဒိယထက် ရှေ့ရောက်နေ သည်။ တရုတ်တိုက်ချင်းပစ် ဒုံး ကျည်များသည်အိန္ဒိယရှိနေရာ အားလုံးသို့ ရောက်ရှိနိုင်စွမ်းရှိသည်။ လောလောဆယ်အဝေးဆုံးအကွာ အဝေး ပစ်ခတ်နိုင်သည်။
အိန္ဒိယ ဒုံးပျံအဂ္ဂ နီ-၃သည် ကီလိုမီတာ ၃၅၀ဝ မိုင် ၂၁၀ဝ မျှသာရောက် ရှိပြီး တရုတ်ပြည်၏ အဓိကမြို့ ကြီးများသို့ မရောက်နိုင်ပေ။ ဧပြီ ၁၉ ရက်စမ်းသပ်မှုသည် ကမ္ဘာ့ အင်အားကြီး တစ်နိုင်ငံအဖြစ် ရှုမြင်ခံ ရဖို့ ၄င်း၏ကြိုးပမ်းမှုတွင် အဓိက ခြေလှမ်းတစ်ရပ်အဖြစ် အိန္ဒိယ အစိုးရက ချီးကျူးခဲ့သည်။
"အိန္ဒိယဟာ တိုက်ချင်းပစ် ဒုံး ပျံများ တိုးတက်ရန် ထုတ်လုပ် ဆောက်နိုင်စွမ်းရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဒီကနေ့ဖြစ်လာပြီ။ ဒီကနေ့ ကျွန် တော်တို့ဟာ ဒီလိုမျိုးစွမ်းရည်ရှိတဲ့ နိုင်ငံ ခြောက်နိုင်ငံအတွင်း ပါဝင်နေ ပြီ"ဟု ဆာရာဆဝပ်က ပြောကြား ခဲ့သည်။
အိန္ဒိယနှင့် တရုတ်တို့သည် ၁၉၆၂ ခုနှစ်တွင် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ခဲ့ကြပြီး နယ်စပ်အငြင်း ပွားမှုတစ်ခုနှင့်ပတ်သက်ပြီး ဆက် လက်၍ အကြိတ်အခဲဖြစ်နေကြ သည်။ မကြာမီ နှစ်များက အိန္ဒိယ သမုဒ္ဒရာတွင် ဩဇာတိက္ကမကြီး ထွားရန် တရုတ်အစိုးရ၏ ကြိုးပမ်း မှုများကို အိန္ဒိယသည် သံသယရှိ နေသည်။
"တရုတ်ပြည်ဟာ အိန္ဒိယကို ပြိုင်ဘက်တစ်ဦး သို့မဟုတ် ခြိမ်း ခြောက်မှုတစ်ရပ်အဖြစ် အမှန် တကယ် မယူဆဘူး။ အိန္ဒိယနိုင်ငံ အနေနဲ့လည်း အလားတူသဘော ထားတယ်"ဟု နယူးဒေလီမြို့ရှိ ကာကွယ်ရေး လေ့လာဆန်းစစ်သူ တစ်ဦးဖြစ်သော ရာဟူးဘီဒီက ပြောကြားသည်။
အိန္ဒိယတွင် ၄င်း ၏အဓိက ပြိုင်ဘက် ပါကစ္စတန်နိုင်ငံ အတွင်းရှိ မည်သည့် နေရာမဆို ပစ်ခတ်နိုင်သော စွမ်းရည်ရှိပြီ ဖြစ် သည်။ သို့သော် တရုတ်ပြည်၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် မကြာမီ နှစ်များအတွင်း ကာကွယ်ရေးအသုံး စရိတ် အကြီးအကျယ် တိုးမြှင့်သုံးစွဲ ခဲ့သည်။
အိန္ဒိယ ရေတပ်သည် ယခုနှစ် ဆန်းက ရုရှားနျူကလီးယားရေငုပ် သင်္ဘောတစ်စင်းကို ရယူခဲ့သည်။ အိန္ဒိယသည် ဆိုဗီယက်ခေတ်က တည်ဆောက်ခဲ့ပြီး ပြန်လည်မွမ်းမံ ပြင်ဆင် ထားသည့် လေယာဉ်တင် သင်္ဘောတစ်စင်းကို မကြာမီလွှဲ ပြောင်းရယူရန်မျှော်လင့်ထားသည်။
ဟိန္ဒူဘာသာ စကားလုံးအရ "မီး"ဟု နာမည်ပေးထားသည့် အဂ္ဂနီ ဒုံးပျံသစ်သည် အထက်ဖော်ပြပါ စစ်ရေးတည်ဆောက်မှု၏ အစိတ် အပိုင်းဖြစ်ပြီး တရုတ်ပြည်အတွင်း ပိုင်းအထိ ထိမှန်ရန် ရည်ရွယ်တည် ဆောက်ခဲ့ကြောင်း ဘီဒီက ပြော ကြားသည်။
"ကျွန်တော် တို့ရဲ့ဒုံးပျံ စနစ်များဟာ ခုခံတားဆီးရေး အတွက်နဲ့ ကျွန်ုပ်တို့ရဲ့ လုံခြုံရေး လိုအပ်ချက်များ ဖြည့်ဆည်းရေး အတွက် ဖြစ်တယ်။ ဒါဟာ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ခြိမ်း ခြောက်ဖို့မဟုတ်ဘူး"ဟု ကာကွယ် ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရာဘီဂုပတားက ပြောကြားသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif