http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Apr 2012

နှစ်သိန်း မဟုတ်သော နှစ်သိန်း တန်ဖုန်း


နှစ်သိန်း မဟုတ်သော နှစ်သိန်း တန်ဖုန်းဧပြီလ၉ ရက်နေ့က ချထားပေးခဲ့သော တန်ဖိုး နည်းနှစ်သိန်းတန် GSM ဖုန်းအား လိုချင်သောကြောင့် နှစ်သိန်း တန်ဖုန်း အသံကြား ကတည်းက ပိုက်ဆံ စုထားခဲ့သော်လည်း တကယ်တမ်း သွားရောက် ဝယ်ယူသောအခါ လက်ထဲ၌ ရှိသော ပိုက်ဆံနှင့် ဖုန်းကတ်ဝယ် မရသည့် အပြင် စောင့်ဆိုင်း ဝယ်ယူမှရ မည် ဆိုသောကြောင့် ဖုန်းအရောင်း ဆိုင်ရောက်ပြီးကာမှ လှည့်ပြန်လာခဲ့ရသည်ဟု တန်ဖိုး နည်းဖုန်း ဝယ်ယူချင်သူ အင်းစိန်မြို့ ဧပြီလ နယ်မှ မခင်ခင်က ပြောသည်။
"ဖုန်းထွက်တဲ့နေ့မှာ သွားဝယ် တာပဲ။ ဖုန်းကတ်ကတင် နှစ်သိန်း သုံးသောင်းဆိုတော့ ငွေဖြည့်ကတ် ဝယ်ရမှဆိုရင် လိုချင်တဲ့ ဟန်းဆက် လည်း မရနိုင်ဘူး။ လိုချင်ရင် နာမည်စာရင်းပေးခဲ့ နောက်နေ့မှ ရမှာဆိုလို့ ပိုက်ဆံလည်းမလောက် တာနဲ့ပြန်လာခဲ့ရတာ။ အပိုဆောင်း ပေးရတဲ့ပိုက်ဆံက ဟန်းဆက် ဈေးနည်းတာတောင် ဝယ်လို့ရ တယ်"ဟု မခင်ခင်က ပြောသည်။ သူမကဲ့သို့ပင် တန်ဖိုးနည်း GSM လိုချင်နေသူ နောက်တစ် ဦးက ကိုညီညီပင်ဖြစ်သည်။ သူ သည်လည်း ဖုန်းတစ်လုံး လိုအပ် နေသဖြင့် အရစ်ကျဝယ်ယူရန် စီစဉ် ထားသော်လည်း ယခုအချိန်ထိ မရ သေးပေ။
"ဖုန်းက လိုအပ်လို့ဝယ်ရတာ။ လက်ထဲမှာ ပိုက်ဆံက အလုံအ လောက်မရှိတော့ အရစ်ကျအနေ နဲ့ ဝယ်ဖို့လုပ်ထားတာ။ မတ်လ ကုန် ကတည်းက ပထမအရစ် ပိုက်ဆံ ခြောက်သောင်းပေးထားတာ။ ၉ ရက်နေ့မှာ ရမယ်ဆိုလို့ ဝယ်ခဲ့တာ။ အခုချိန်ထိ မရသေးဘူး"ဟု ကိုညီညီက ပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော် အစိုးရက ဆက်သွယ်ရေးကဏ္ဍတိုး တက်ကောင်းမွန်စေရန် ရည်ရွယ် ချက်ဖြင့် မိုဘိုင်းဖုန်းတပ်ဆင်ချ ထားနိုင်ရေးအတွက် ငါးနှစ်တာ စီမံကိန်းချမှတ်ရေးဆွဲပြီး ယခုအခါ ပထမနှစ် စီမံကိန်းအဖြစ် တန်ဖိုး နည်း နှစ်သိန်းတန် GSMနှင့် WCDMAတို့ကို ချထားပေး လျက်ရှိသည်။ တန်ဖိုးနည်း GSM ဖုန်းများ ကို မတ်လ ၁၄ ရက်နေ့၌ ပြည်နယ် များတွင်လည်းကောင်း၊ မတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်နှင့်မန္တလေး မြို့မှအပ ကျန်တိုင်းဒေသကြီးများ တွင်လည်းကောင်း၊ ဧပြီလ ၉ ရက် နေ့တွင် တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီး၌လည်းကောင်း ချ ထားပေးရန်စီစဉ်ခဲ့ကြောင်းသိရသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့၌ တန်ဖိုးနည်းဖုန်း များ ရောင်းချပေးခဲ့ရာ ဝယ်ယူသူ များ အလွန်များပြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၌မူ တန်ဖိုးနည်းဖုန်း ထွက်ပေါ်လာမည် တရားဝင် သတင်းထုတ်ပြန်ပြီး နောက်ပိုင်းမှစကာ စီးပွားရေးသမား များအတွက် အရစ်ကျ ဖုန်းရောင်း ဝယ်ရေးဈေးကွက်တစ်ခု စတင်၍ ပေါ်ပေါက်လာခဲ့သည်။ အဆိုပါအရစ်ကျ ဖုန်းရောင်း ချမှုကို ဌာနဆိုင်ရာရုံးများ၊ရပ်ကွက် အတွင်း ငွေကြေးတတ်နိုင်သူများ နှင့် ပုဂ္ဂလိက ဖုန်းအရောင်းဆိုင် အချို့မှ ပြုလုပ်ပေးလျက်ရှိနေ ကြောင်း သိရသည်။
"ကျွန်မတို့ရုံးမှာ ကုမ္ပဏီ တစ် ခုကနေ လာဆက်သွယ်ပြီး ရောင်း ပေးတာပါ။ ဖုန်းကတ်နဲ့ ဟန်း ဆက်တွဲဝယ်ရတယ်။ ဝယ်ယူမှုပေါ် မူတည်ပြီး ကျသင့်ငွေကို သုံးလ၊ ခြောက်လ၊ ဆယ်လဆိုပြီး အရစ် ကျသွင်းရတယ်။ သုံးလဆိုရင် အတိုးပေးစရာ မလိုပေမယ့် ခြောက် လတို့ဆယ်လတို့ဆိုရင် အတိုးပေး ရတယ်။ ဟန်းဆက်ကတော့ ကိုယ် တတ်နိုင်တာကို ယူလို့ရတယ်။ အနိမ့်ဆုံးက ခြောက်သောင်းနဲ့ အမြင့်ဆုံးက လေးသိန်းလောက် အထိရှိတယ်။ ပိုက်ဆံကိုတော့ ကိုယ်ယူတဲ့အပေါ်မူတည်ပြီး သွင်း ရမယ်။ တန်ဖိုးကို လစာထဲက နုတ် သွားတာ"ဟု အစိုးရဌာနတစ်ခုမှ အသက် ၅၀ အရွယ် အမျိုးသမီး ဝန်ထမ်းတစ်ဦးက ပြောသည်။ ရပ်ကွက်များ အတွင်း၌ လည်း ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်သူများမှ ငွေ ရင်းနှီးကာ ယုံကြည် စိတ်ချရသူများ အား အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးလျက်ရှိနေသည်။
"ကိုယ်က ငွေရင်းပြီးဝယ်ပေး ထားတယ်။ ယူမယ့်သူကို ဖုန်းနဲ့ ကတ်ပေးလိုက်တယ်။ ပိုက်ဆံကျ တော့မှ စာရွက်စာတမ်းထုတ်ပေး မယ်။ ပိုက်ဆံလာမသွင်းလည်း မစိုးရိမ်ရဘူးလေ။ လိုင်းပိတ်လိုက် မှာပေါ့"ဟု လှိုင်မြို့နယ်အတွင်းရှိ အရစ်ကျ ဖုန်းအရောင်းအဝယ် ဝန် ဆောင်မှု ပေးနေသူတစ်ဦးက ပြော သည်။
ပုဂ္ဂလိကဖုန်းအရောင်းဆိုင် အချို့တွင်မူ အရစ်ကျ ဖုန်းဝယ်ယူ လိုပါက နာမည်စာရင်း ပေးသွင်း ထားရပြီး လိုင်းကတ်ဝယ်ယူပါက ၄င်းတို့ဆိုင်မှ ဟန်းဆက်နှင့်အခြား သော ဆက်စပ်ပစ္စည်းများကိုပါ တစ်ပါးတည်း ဝယ်ယူရကြောင်း သိရသည်။ ရန်ကုန်မြို့၌ တန်ဖိုးနည်းဖုန်း များ လိုင်းမဖွင့်သေးသော်လည်း လိုင်းကတ်စတင်ရောင်းချမှုများ ရှိခဲ့ ပြီး လိုင်းဖွင့်သည့် ဧပြီလ ၉ ရက် နေ့တွင် လိုင်းကတ်ဝယ်ယူမှုမှာ အခက်အခဲများစွာရှိခဲ့ကြောင်း၊ လိုင်းကတ်ပေါက်ဈေးများမှာလည်း ကျပ်နှစ်သောင်းမှ အမြင့်ဆုံး ကျပ် ငါးသောင်းအထိမြင့်တက်ခဲ့ကြောင်း၊ နံပါတ်ကြိုက်ရာ ရွေးပါကလည်း ပိုက်ဆံသောင်းချီ၍ ထပ်ဆောင်း ပေးရကြောင်း ဖုန်းအရောင်းဆိုင် အချို့နှင့် ဝယ်ယူသူအချို့ထံမှစုံစမ်း သိရသည်။ "ကျွန်တော် သွားဝယ်တုန်းက လိုင်းမဖွင့်သေးဘူး။ နှစ်သိန်းတစ် သောင်းပေးရတယ်။ နောက်သုံး ရက်ကြာတော့ ကျွန်တော်ရုံးက သူ ငယ်ချင်းကို လိုက်ဝယ်ပေးတာ နှစ် သိန်းလေးသောင်းတဲ့။ ဘာလို့ အဲ လောက်တက်သွားရတာလဲလို့ မေးတော့ ဖုန်းနံပါတ်လှ လို့တဲ့"ဟု နှစ်သိန်းတန်ဖုန်း ကိုင်ဆောင်သူ တာမွေမြို့နယ်မှ ရှေ့နေတစ်ဦးက ပြောသည်။
"ဖုန်းကတ်ကို ၅ ရက်နေ့က ထုတ်ပေးတယ်။ ၁၀ ရက်နေ့ရောက် တော့ မထုတ်ပေးတော့ဘူး။ ပြီး တော့သင်္ကြန်ရုံးပိတ်ရက်တွေက ခံ နေတော့ အရမ်းအခက်အခဲဖြစ်သွား ပြီး ဈေးကမြောက်သွားတာ။ ကျွန် တော်တို့ဆိုင်တွေဆို ယူထားတဲ့ ကတ်တွေကုန်သွားပြီး ဝယ်သူတွေ ရှိနေသေးလိုတခြားနေရာတွေကနေ လိုက်ရှာပြီး ဝယ်ရတဲ့အထိဖြစ်သွား တာ။ ဝယ်သူတွေကို ဖုန်းကတ် ရောင်းတာအရင်းအတိုင်းပြန်ရောင်း ရတယ်။ သင်္ကြန်မတိုင်ခင်တစ်ရက် အလိုဆို ဖုန်းကတ်ဈေးက နှစ်သိန်း ခွဲအထိ ပေါက်သွားတာ။ ကတ် အရေအတွက်ထောင် ဂဏန်းလောက် ရောင်းလိုက် ရတာ"ဟု လူကြီးမင်း ဖုန်းအရောင်းဆိုင်မှ ပြောသည်။
အလားတူပင် News Mobile ဖုန်းအရောင်းဆိုင်မှ ဦးသန်း ထွဋ်ကလည်း "သင်္ကြန်မတိုင်ခင် ကဆို ဖုန်းကတ်အရမ်းရောင်းရ တယ်။ ဦးတို့ဆိုင်က ကတ် ၄၀ဝ လောက်ပဲရလိုက်တာ အကုန် ရောင်းလိုက်ရတယ်"ဟုပြောသည်။ ဖုန်းကတ်ဈေးများ အဆမတန် မြင့်တက်ရခြင်းမှာ ကတ်အရေ အတွက်ကို လိုသလောက် ထုတ် ရောင်းခြင်း မပြုသောကြောင့် ဖြစ် ကြောင်း၊ ရက်အကန့်အသတ်ဖြင့် ကတ်ရောင်းချမှုကြောင့်ဝယ်လိုအား နှင့် ကတ်အရေအတွက်မလောက်င သောကြောင့်လည်းကောင်း ဈေးကွက်အတွင်း ကတ်ပြတ်လပ်မှု များဖြစ်ပေါ်ခဲ့ကြောင်း၊ဖုန်းအရောင်း အဝယ် ဈေးကွက်အတွင်းမှ ဝန် ဆောင်မှုပေးသူအချို့က သုံးသပ် ကြသည်။ ယခု လက်ရှိအချိန်တွင်လည်း ဖုန်းကတ်ဝယ်ယူလိုပါက လို သ လောက်ဝယ်ယူနိုင်ပြီး ဝန်ဆောင်ခ အနေဖြင့် ကျပ်တစ်သောင်းသာ ပေးဆောင်ရမည်ဖြစ်၍ ဝယ်ယသူ အနေဖြင့် ဓာတ်ပုံနှစ်ပုံနှင့် မှတ်ပုံ တင်မိတ္ထူကိုပါ ဓာတ်ပုံနှစ်ပုံနှင့် မှတ်ပုံ ဝန်ဆောင်မှုပေါ်ပေါက်လျက် ရှိနေ ကြောင်း အဆိုပါဝန်ဆောင်သူများ ထံမှ ဖုန်းကတ်ဝယ်ယူသူအချို့ က ပြောသည်။
မြန်မာနိုင်ငံတွင် GSMသန်း သုံးဆယ်ချထားပေးမည့် ငါးနှစ်စီမံ ကိန်းနှင့် ပထမနှစ်အတွက် ဖုန်း လိုင်းအရေအတွက် လေးသန်းကို ပထမအကြိမ် မတ် ၁၄ ရက်တွင် ကယားပြည်နယ်အတွက် ၈၃၇၅ လိုင်း၊ ချင်းပြည်နယ်အတွက် ၁၂၃၂၀ လိုင်း၊ ကချင်ပြည်နယ် အတွက် ၅၂၃၀ လိုင်း၊ ကရင်ပြည် နယ်အတွက် ၇၄၃၅၂ လိုင်းတို့ကို ချထားပေးခဲ့ပြီး ဒုတိယအကြိမ် မတ်လ ၂၈ ရက် နေပြည်တော် အတွက်၂၀၄၅၆၅ လိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွက် ၈၆၀၁၉ လိုင်း၊ ပဲခူးတိုင်းဒေသကြီးအတွက် ၃၉၀၁၂၉ လိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွက် ၄၀ဝ၁၂၉ လိုင်း၊ မကွေးတိုင်းဒေသကြီးအတွက် ၄၀၃၂၄၀ လိုင်းတို့ကို ချထားပေးခဲ့ ကြောင်း၊ ပထမအရစ် လေးသန်း စီမံကိန်း၏နောက်ဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီးအတွက် ၅၅၅၅၈၀ လိုင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွက် ၇၉၇၇၆၆ လိုင်း ချပေး ခဲ့ကြောင်း မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ သတင်းထုတ်ပြန် သည်။
ဧပြီလ ၉ ရက်နေ့၌ လိုင်းဖွင့် ပေးခဲ့သည့် GSMဖုန်းကတ်များ၏ ရောင်းအား အခြေအနေသည် သင်္ကြန်အပြီးကာလ၌ ပုံမှန်သာရှိ နေပြီး ဈေးနှုန်းများလည်း ကျဆင်း လျက်ရှိနေကြောင်း ဖုန်းဈေးကွက် အတွင်းမှ သိရသည်။ "ကျွန်မတို့ဆိုင်အနေနဲ့ ကတ် ရောင်းအားကတော့ သင်္ကြန်မကျ ခင်ကထက်စာရင် ရောင်းအား အနည်းငယ်လျော့သွားတယ်။ ဈေး နှုန်းကလည်း နှစ်သိန်းတစ်သောင်း ခွဲပဲ ရှိတယ်"ဟု Mr.Fone မို ဘိုင်းဖုန်း အရောင်းဆိုင်မှ မယုယု ဇော်က ပြောသည်။
ဧပြီလ ၂၃ ရက်နေ့၌ တန်ဖိုး နည်း GSM နှင့် WCDMA ဖုန်း ကတ်များကို ပြန်လည်ရောင်းချပေး လျက်ရှိရာ ရန်ကုန်မြို့ရှိ Elite Techဖုန်းအရောင်းဆိုင်များ၌ ဝယ်ယူရန် စောင့်ဆိုင်းနေသူများမှာ အလွန်များပြားလျက်ရှိကြောင်း မျက်မြင်တွေ့မြင်ခဲ့သူအချို့ ပြော သည်။ တန်ဖိုးနည်းဖုန်းလိုချင်နေသူ မခင်ခင်တစ်ယောက်ကလည်း"ဝယ် တော့ဝယ်မယ်။ ဒါပေမယ့်အသည်း အသန်မဝယ်တော့ဘူး။ တန်ရာ တန်ကြေးနဲ့ပဲ ပေးဝယ်တော့မယ်။ နဂိုကလည်း မသုံးဘဲ နေခဲ့တာပဲ လေ။ခဏတော့သည်းခံလိုက်တော့ မယ်"ဟု သူမစိတ်ကူးအား ပြော ကြားခဲ့သည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif