အခုပုံမှာ တွေ့မြင်ရမှာက ဆွစ်ဇာလန် နိုင်ငံရဲ့နာမည်ကြီး ဗာဇက် စကာမြစ်ပါပဲ။ (၃၀) ကီလိုမီတာ ရှည်ပြီး အနက်ပေ(၅၀)ရှိတဲ့ဒီမြစ်ဟာ ဘယ် လောက်ထိတောင် ကြည်လင် သန့်ရှင်း သလဲ ဆိုရင် ရေပြင်ပေါ်ကနေ ရေအောက် ကြမ်းပြင်အထိကို မှုန်ဝါခြင်းမရှိ ထွင်း ဖောက်မြင်နေရပါတယ်။
\မြစ်ရဲ့အပေါ် မှာ တံတားအသွယ်သွယ် မြစ်ရဲ့ဘေး ပတ်ဝန်းကျင် မှာ စိမ်းညှို့ညှို့ တောင်တန်း တွေ ဝိုင်းရံနေပြီး ဒီဓာတ်ပုံတွေ ရိုက် ကူးယူခဲ့တဲ့ဓာတ်ပုံဆရာ ကလောက် ဒီယိုဂါဇာရိုလီက "ဒီမြစ်ရေရဲ့ ကြည် လင်ပုံကတော့ စာဖွဲ့လို့တောင်မကုန်ပါ ဘူး။
ဘယ်နေရာကပဲ ကြည့်ကြည့် မြစ်ရဲ့ ကြမ်းပြင်ကို ကြည်ကြည် လင်လင် ပြတ်ပြတ်သားသား မြင်နေ ရပါ တယ်။ အရမ်း လှလွန်းလို့ ဒီနေရာကို အခေါက်(၂၀ဝ)လောက် ကျွန်တော် ရောက်ဖူးပါပြီ"လို့ ပြောကြားခဲ့ပါ တယ်။ဘယ်လိုပဲ ပြောပြော ဒေသခံတွေ သာ စည်းမဲ့ကမ်းမဲ့ အမှိုက်သရိုက်၊ အညစ်အကြေးတွေ စွန့်ပစ်ကြမယ် ဆိုရင် ဒီမြစ်ရေဟာ ဒီလောက် သန့်ရှင်း ကြည်လင် နေစရာ အကြောင်း မရှိပါဘူး။
www.yoyarlay.com






0 comments:
Post a Comment