http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Apr 2012

မြန်မာသံစဉ်ကို ဂီတအစည်းအရုံး က ပံ့ပိုးပေးစေချင်ပါတယ်.. ပန်းဆုပြည့်ကျော်


မြန်မာသံစဉ်၊ မဟာဂီတကို ဂီတအစည်းအရုံးက ပံ့ပိုးပေးစေချင်ပါတယ်.. ပန်းဆုပြည့်ကျော်ပြောင်း လဲ လာတဲ့ ဂီတ ရေ စီး ကြောင်း ပေါ်မှာ မြန်မာသံကို ချစ်တဲ့ မြန်မာ သံစဉ် ဂီတ သမား များကလည်း ဂီတ အစည်းအရုံးကို မိဘသဖွယ် အားကိုး လာကြပါတယ်။ ပန်းဆု ပြည့်ကျော်က သူမရဲ့ခံစားချက်အချို့ကို ပြော ကြားလာရာမှာ-
"ပန်ဆု ထင်တာ ကတော့ ဂီတအစည်းအရုံးနဲ့ မြန်မာသံကို ကျွန် တော် ပံ့ပိုး ပေးစေ ချင်ပါတယ်။ မြို့ပေါ် ပွဲတွေမှာလည်း မြန်မာသံက အရမ်းနည်း လွန်းတယ်။ ဟစ်ဟော့ပ်က ပိုများနေသလိုပဲ။ဂီတအစည်းအရုံးအနေနဲ့ မြန်မာ သံကိုရော မဟာဂီတအဖွဲ့ကိုပါ ပွဲတွေမှာ မြန်မာမှုကိုဦးစားပေး ဖော်ထုတ် ပေးစေသင့်ပါတယ်။
လက်ရှိကာလမှာ အခွေထွက်ပြီးမှ အဆိုတော် ဖြစ်တယ် ဆိုတာ ပန်ဆုတို့ မြန်မာသံပဲ ကျန်တော့ တယ်။ တချို့ကလေးတွေဆို အင်တာ နက်မှာ တင်လိုက်ကြတာပဲ။ တင်ပြီးတာနဲ့ သူတို့သီချင်းလေးတွေပေါက် အဆိုတော်ဖြစ်သွားကြတာပဲ။
ပန်ဆုတို့ မြန်မာသံကျတော့ စီးရီးထွက်မှ တန်းဝင်အဆိုတော်ဖြစ်သလို ဖြစ်နေတယ်။ ပန်ဆု ဆို ၄ ခွေထွက်ပြီးပါပြီ။ ပန်ဆုကတော့ မြန်မာသံကို ငယ်ငယ်ကတည်းက ချန်ခဲ့တာပါ။ ဒါပေမဲ့ တခြားဂီတကို မစော်ကားဘူး။ ခိုးကူးကတော့ ပန်ဆုတော်တော်စိတ်ဆင်းရဲ တယ်။
ပန်ဆုဆို ထွက်ခဲ့တဲ့စီးရီးဆို ပရိုဂျူဆာဆိုင်ကြီးတွေရှိပြီး နောက်အခွေ ကျတော့ အဲဒီ ဆိုင်ကြီးတွေက မထုတ်ရဲကြတော့ဘူး။ ခိုးကူးကြောင့်ပါ။ ခိုး ကူးတွေကိုနှိမ်နင်းစေချင်တယ်။ အဆိုတော် တော်တော်များများဟာ ကိုယ့် ပိုက်ဆံနဲ့ကိုယ် စီးရီးထုတ်နေကြရတယ်။
ဈေးကွက်ပျောက်ပြီး ရပ်တည်ဖို့ ခက်လာတယ်။ပန်ဆုတို့ဆို သိန်း ၁၀ဝ ကျော်၊ ၂၀ဝ ကျော်ရင်းပြီး ခိုးကူး ကြောင့် အားလုံးအခက်တွေ့လာနေတယ်။ဒီကိစ္စဟာ ဗုဒ္ဓဘာသာမြန်မာနိုင်ငံ ဖြစ်ပြီး ခိုးကူးတာမကောင်းပါဘူး။ နှိမ်နင်းပေးပါလို့တောင်းဆိုပါတယ်။ ရုပ်ရှင်ရော၊ ဂီတရောတော်တော်စီးပွားပျက်နေကြပါတယ်"လို့ ပြောကြား သွားပါတယ်။ပန်ဆုပြည့်ကျော်ဟာ "သားရှင်ပြုအလှူပွဲ"နဲ့ ပရိသတ်အခိုင် အမာရလာတဲ့ မြန်မာသံအဆိုတော်တစ်ဦးဖြစ်ပါတယ်။  
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif