http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Apr 2012

စိတ်ကို အရိုးသားဆုံးနဲ့ အဖြူစင်ဆုံး ထားတတ်ဖို့ လိုတယ် မိုးယုစံ


စိတ်ကို အရိုးသားဆုံးနဲ့ အဖြူစင်ဆုံး ထားတတ်ဖို့ လိုတယ်ဟု ပြောလာသည့် မိုးယုစံ"ခုနောက်ပိုင်း မိုးယု အနုပညာ အလုပ်တွေကို လက်လှမ်း မီသလောက် အကောင်းဆုံး ဖြစ်အောင် တတ်သလောက် ကြိုးစားပြီး သရုပ်ဆောင်တယ်။ ခွေတွေ ကြည့်တယ်။ လက်တွေ့ ကတော့ ကိုယ်တိုင် သရုပ်ဆောင်တဲ့ အခါကျမှပဲ အဆင်ပြေသလို ကြိုးစားပြီး လုပ်ပါတယ်။
သရုပ်ဆောင် တစ်ယောက်၊ အနုပညာ ရှင်တစ်ယောက်အောင်မြင်မှုရဖို့၊ နေရာ တစ်နေရာ ရဖို့က မလွယ်ပါဘူး။ အနုပညာ လောကထဲ ဝင်ဖို့ဆိုတာ မလွယ်ပါဘူး။ အနုပညာ အလုပ်ဆိုတာ ကံပါမှလည်း လုပ်လို့ရတာ။ အောင်မြင်မှုရအောင် လုပ်ရဖို့ထက် ရပြီးသားအောင်မြင်မှုကို ထိန်းသိမ်းရတာပိုခက်ပါ တယ်။
ကြိုးစားမှု၊ ပေါင်းသင်း ဆက်ဆံရေး စိတ်ကိုအရိုးသားဆုံး နဲ့ အဖြူစင်ဆုံး ထားတတ် ဖို့လည်း လိုပါတယ်။ မိုးယုက သရုပ် ဆောင်ဖြစ်တဲ့အတွက် ကာရိုက်တာစုံတော့ သရုပ် ဆောင်တယ်။
ပရိသတ်ကိုသရုပ်မဆောင်ဖူးတဲ့ ပုံစံမျိုးတွေ ချပြချင်ပါတယ်။ မိုးယုကိုယ်တိုင်လည်း ကြိုးစားမယ်။ ခုနောက်ပိုင်းဆို မိုးယုပရိ သတ်တွေသဘောကျမယ့် ဇာတ်လမ်းမျိုးတွေ ရွေးပြီး လက်ခံ ထားပါတယ်"လို့ ပြောကြားသွားပါတယ်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif