http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Apr 2012

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များကို စစ်ဘက်အရာရှိကြီး များဖြင့် အစားထိုး


တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို စစ်ဘက်အရာရှိကြီး များဖြင့် အစားထိုးတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အကြောင်းကြား ချက်အရ တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၀ ဦးတို့ကို ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးအပါအဝင် စစ်ဘက် ရာထူးမြင့်မားသူ များဖြင့် အစား ထိုး ပြောင်းလဲ လိုက်ကြောင်း သိရ သည်။
အစားထိုး ခန့်အပ်လိုက်သူ များထဲတွင် ဗိုလ်မှူးချုပ်အဆင့်ရှိ သူ ၈ ဦး၊ ဗိုလ်မှုးကြီး အဆင့်ရှိသူ ၁၄ ဦးနှင့် ဒုတိယဗိုလ်မှူးကြီး အဆင့် ရှိသူ ၃၇ ဦးဖြစ်ပြီး ယခင် က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များထက် ရာထူး အရ မြင့်မားကြသူများ ဖြစ်ကြ သည်။
"တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ထောက်ခံချက်နဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းက သူတို့ လိုအပ်သလို ခန့်ထားခွင့်ရှိ တာပဲ။ အခုလိုပြောင်းလဲလိုက်တဲ့ အပေါ် မှာတော့ သဘောထား မပေးချင်ဘူး" ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ တပ်မတော် အငြိမ်းစားအရာရှိတစ်ဦးဖြစ်သူ ဦးဝင်းထိန်ကပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အကြောင်း      ကြားချက် အရ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် က စိစစ်ပြီး တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်များကို အစား ထိုး ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။
၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်တွင် တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်စရာမလိုဘဲ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ၏ ထောက်ခံမှုဖြင့် တိုက်ရိုက်ခန့်ထားခွင့်ရှိသည်။
နိုင်ငံတော်၏ အခြေခံမူများ တွင်လည်း အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မ တော်က ပါဝင်ထမ်းဆောင်နိုင်ရေး ကို အစဉ်တစိုက် ဦးတည်သည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဖော်ပြ ထားသည်။
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif