တစ်နိုင်ငံလုံးမှာရှိတဲ့ မည်သည့် အဝေး ပြေးယာဉ်လိုင်းများမှာမဆို မြန်မာဗီဒီယို ဇာတ်ကားများ ပြ သနေမှုကိုခွင့်ပြုတော့မည် မဟုတ်ကြောင်း၊ ယခုကဲ့သို့ ပြလုပ်ရခြင်းက တစ်မြို့နယ်မှတစ်မြို့နယ်၊ တစ်ပြည်နယ်မှာ တစ်ပြည်နယ်ကို သယ်ဆောင်ပြသသွား ရတာဖြစ် တဲ့အတွက် နယ်ကျော်ရာ သက်ရောက်နေခြင်းကြောင့် ဗီဒီယိုဥပဒေ ချိုးဖောက် ရာရောက်သလိုဖြစ်တဲ့အတွက် ပြသခွင့်ပိတ်ပင်သွားမှာဖြစ်ကြောင်း သိရသည်။ ယခုကဲ့ သို့ ပြသလို့မရတော့ တဲ့အကြောင်းကိုလည်း မကြာခင် ထုတ်ပြန် ကြေညာ သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
”သက်ဆိုင်ရာ မြို့နယ်က ငှားထားတဲ့ ဇာတ်ကား ကို အဲဒီမြို့နယ်အတွင်းမှာပဲ ပြသ ခွင့်ရှိတာပါ။ တခြားနယ်ကိုကျော်ယူသွားလို့ မရပါဘူး။ အဲဒါကြောင့် ပြသခွင့်မရှိတာပါ” လို့ ၄င်းကထပ်လောင်းပြောကြားသည်။ပရီစ နစ်ဖြင့် ထုတ်လုပ်သည့်သီချင်းခွေ များ ကိုသာ ပြသခွင့်ရမှာဖြစ်ပြီး မြန်မာဗီဒီယို ဇာတ်ကားများကို နယ်ကျော် ပြီး ပြသ ရာ ရောက် သည့် အတွက် ပြသခွင့်မပြုတော့ ကြောင်း သိရသည်။
www.yoyarlay.com






0 comments:
Post a Comment