အမေရိကန် ဆေးသုတေ သန ပညာရှင် များသည် အယ်လ်ဇိုင်းမား ရောဂါ ဝေဒနာရှင် တစ်ဦး၏ ဦးနှောက် ဖွဲ့စည်းပုံကို အသေးစိတ် ဓာတ်မှန် ရိုက်ကြည့် ခဲ့ကြပြီး၊ ဝေဒနာရှင် ၏ ဦးနှောက်သည် လုပ်ဆောင်နိုင်စွမ်း လျော့နည်းကာ ဦးနှောက် အတွင်း သွေးစီးဆင်းမှုလည်း ကျဆင်းလျက် ရှိကြောင်း တွေ့ခဲ့ ကြသည်။
အယ်လ်ဇိုင်းမား ရောဂါသည် ရူးသွပ်ခြင်း ဝေဒနာနှင့်လည်း ဆက်စပ်လျက်ရှိ ရာ၊ ယင်းလူနာများသည် အမေရိ ကန်ပြည်ထောင်စုတွင် ၅ဒသမ ၄ သန်းခန့်ရှိနေသည်။ ယင်းဝေဒနာသည် အသက်အ ရွယ်ကြီးရင့်လာသူများတွင် အများ ဆုံးဖြစ်ပွားလေ့ရှိပြီး၊ ဆေးဝါးကုသ ကုန်ကျစရိတ်လည်းမြင့်မားလာနေ သည်။ အမေရိကန် ကျန်းမာရေးဝန် ကြီး ကက်သရင်း ဆီဘီလီယပ်စ်က အမျိုးသားအဆင့် အယ်လ်ဇိုင်းမား ရောဂါသည်များ စီမံကိန်းအောင် မြင်ရေးအတွက် ဤတွေ့ရှိချက်က အစိတ်အပိုင်း တစ်ရပ်အဖြစ် ထောက်ကူ ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
ဤစီမံကိန်းအတွက် ၂၀၁၂ ခုနှစ်အတွင်း သုတေသန ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း ၅၀ဖြည့်တင်းသွားရန်ရှိသည်ဟု ဆို သည်။ ယခုအခြေအနေအတိုင်း ဆိုပါက ၂၀၅၀ ပြည့်နှစ်တွင် အယ်လ် ဇိုင်းမားဝေဒနာရှင် အမေရိ ကန် လူမျိုး ၁၆သန်းအထိရှိလာမည် ဟုကျန်း မာရေးဌာနက မျှော်လင့် ထားသည်။ ယခုစီမံကိန်းတွင် ဆရာ ဝန်များအား ယခုထက်ပိုကောင်း မွန်သော လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးသွား မည်ဖြစ်သည်ဟု ဆိုသည်။
www.yoyarlay.com/index.p
0 comments:
Post a Comment