ရန်ကုန်ယူနိုက်တက် FC ဘောလုံးအသင်း ပရိသတ်တစ်ဦး ဖြစ်သည့် အောင်လသည် ဧပြီလနှောင်းပိုင်းက ဟောင်ကောင်၌ ကျင်းပခဲ့သည့် ရန်ကုန်ယူနိုက်တက် FC ဘောလုံးအသင်းနှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်သည့်ပွဲကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်ဟု ဆိုသည်။ ယင်းနောက် မေလ ၁ ရက်နေ့တွင် မလေးရှားနိုင်ငံမှာ ဖြိုးကြီး၊ နောနော်၊ ဟဲလေး၊ ဆိုတေး၊ Dဖြိုး၊ ဂျင်းနီတို့နှင့်အတူ သွားရောက်ဖျော်ဖြေခဲ့ပြီး ယင်းခရီးစဉ်က ၄င်း၏ ပထမဦးဆုံး မလေးရှားဖျော်ဖြေရေး ခရီးစဉ် ဖြစ်ကြောင်း သိရသည်။
မလေးခရီးစဉ်အမှတ်တရတစ်ခုအကြောင်းကိုအောင်လက”ကျွန်တော်က မလေးရှားကနေ စင်ကာပူကိုကားနဲ့သွားတဲ့အချိန်မှာ ကား၆စီး ဆိုတော့ လူအယောက် ၄ဝ လောက် ရှိတဲ့အထဲမှာ ကျွန်တော် တစ်ယောက်တည်းကို စင်ကာပူလူဝင်မှု ကြီးကြပ်ရေးအဖွဲ့က dress motionထဲကို ထည့်ပြီး စစ်တယ်။ ကျွန်တော်က မလေးရှား ဘက်က သွားတော့ မလေးရှားလူမျိုးလားလို့မေးတယ်။ ကျွန်တော်က မြန်မာလူမျိုးလို့ပြောတော့ ကျွန်တော့်ကို စက်ထဲဝင်စစ်ခိုင်းတယ်။ ကျွန်တော့်အိတ် တွေကိုလည်းရှာ တယ်။ လူကိုလည်း ရှာတယ်။ မတွေ့လို့ဆိုပြီး dress motion ထဲကို ထည့်လိုက်တယ်။ ဘတ်စ်ကားက နာရီဝက်ပဲစောင့်တာ။ အားလုံးစစ်ပြီးမှ ကျွန်တော်က ထွက်လာ ရတော့ ဘတ်စ်ကားကမရှိတော့ဘူး။ ထွက်သွားပြီ။ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့တယ်။ စင်ကာပူအထွှိထေင စီးသွားရတယ်” ဟု ပြောခဲ့သည်။

popularmyanmar.com/mpaper/archives/42468
0 comments:
Post a Comment