http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 May 2012

ဒီနှစ်မှာ လည်း အချစ်ရေး မထူးခြားသေး တဲ့ အကယ် ဒမီ နေ တိုး

ဒီနှစ်မှာလည်း အချစ်ရေး မထူးခြားသေးတဲ့ အကယ်ဒမီ နေတိုးလူတစ်ဦးတစ်ယောက်သည် နာမည်ကြီးသည့်ထက်ကြီးလာ သည့်အခါတွင် ကြီးစွားသတိထားရမည်။ အထင်ကြီးခံရမှုနှင့်တကယ် အင်အားမမျှလျှင် အခက်တွေ့နိုင်သဖြင့် နာမည်ထက် တကယ့်စိတ်ဓာတ် အင်အားကို ပိုမိုဆောင် ထား မှ စိတ်ချရသည်ဆိုသည့် အတိုင်းအောင်မြင်မှု လမ်းကြောင်းပေါ်တွင်ထိပ် တန်းသို့ရောက်နေသော်လည်း စိတ်ဓာတ် အင်အားပြည့်ဝရင့် ကျက်အောင် အမြဲ ကြိုးစားနေတဲ့ အကယ်ဒမီနေတိုးရဲ့ ခံယူချက်သဘော တရားကတော့-အောင်မြင်မှုအပေါ်မှာ ခံစားသက်ဝင်တဲ့ အချိန်က စိတ်က အနှောက်အယှက် တစ် ခုဖြစ်လာနိုင်မလား။
အောင်မြင်မှု တစ်ခုရဲ့ရေရှည် တည်တံ့ခိုင်မြဲမှု အဲဒီအပေါ်မှာ အချစ်ရဲ့ ၁၅၀ဝပဲဖြစ်ဖြစ်၊ ၅၂၈ပဲဖြစ်ဖြစ် အဲဒီအရာတွေအပေါ်မှာ တော်ရုံတန်ရုံ စွဲ လန်းမှု မျိုး ပဲကောင်းတယ်။ အရမ်းစွဲလန်းနေမယ်၊ တက်မက်နေမယ်ဆိုရင် ကျန်တဲ့ လုပ်ရမယ့်အရာတွေ လစ်ဟသွား နိုင်တယ်လေ။ အဓိက စွဲလန်းမှု တစ်သသနေ တဲ့စိတ်ကို သိနေဖို့လိုတာပေါ့။ အဲဒီလိုသိနေတယ် ဆို ရင်ပြုပြင်လို့ရတာပေါ့။
စွဲလန်းမှုဆိုတာက ကျွန်တော်တို့လည်း လူသားတွေဖြစ်တဲ့ အတွက်ရှိကြမှာပဲ။ အချိန်အဆလေးနဲ့ စွဲလန်းမှုကိုရှောင်နိုင်ဖို့သတိလေးနဲ့နေဖို့ လိုအပ် တယ် လို့ကျွန်တော်ထင်တယ် ။ နှစ်ပေါင်းများစွာကြိုး စားတက်လှမ်းခဲ့လို့ ဒီလိုအောင်မြင် မှုရလာတဲ့အပေါ်မှာ ကိုနေတိုးဘယ်လိုခံစားရလဲ။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်း တစ်ခုပါ။
ကိုယ်ရွေးချယ်ခဲ့တဲ့လမ်း တစ်ခုမှာ အဓိကလုပ်ချင်တာကို ကိုယ့်ရဲ့ဝါသနာ၊ စိတ်ဆန္ဒအရလုပ် ခဲ့တဲ့အခါ ကျွန်တော်ဖက်အပိုင်း အနုပညာသမားရဲ့ ပရိ သတ် အပေါ် ထားတဲ့တာဝန်က အမြဲတမ်း ကြိုးစား၊ ပြီးတော့ မတူညီတဲ့ပြကွက် တွေနဲ့တင်ဆက်ဖို့ စိတ်ထဲမှာအမြဲရှိနေတယ်ပေါ့။ ဒီအပေါ်မှာ ခံစားမှု ဆိုတာထက် ကို ကြိုးစားရုန်းကန်မှုကပိုများပါတယ်။ ကိုနေတိုးရဲ့အချစ်ရေးကရော ထူးခြားနေပြီလား။ ကျွန်တော့်ရဲ့နှလုံးသားကတော့ ပုံမှန်ပါပဲ။ အချစ်ရေး ကတော့ လို ပါသေးတယ်။ ချစ်သူရှိရင်လည်း ပရိသတ် ကိုအသိပေးသွားမှာပါ။ အခုချိန်မှာတော့ အနုပညာကိုပဲ ဦးစားပေးနေ တဲ့အချိန်ဖြစ် တဲ့အတွက်ကြောင့် အချစ် အကြောင်း ကိုမစဉ်းစားချင်သေးပါဘူး။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif