http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 May 2012

ကွန် ပျူ တာ နဲ့ နိုင် ငံရေး သိပ္ပံ


”ဆရာနိုင်ငံရေးကို ဘယ်လို မြင်လဲ”
”လူတိုင်းနဲ့ ဆိုင်တဲ့အရာလို့ မြင်တာပေါ့”
ကျွန်တော့်တပည့် ဖိုးသာက အိမ်ရောက်စဉ် မေးလိုက်တာပါ။
”ကျွန်တော်တော့ ဆရာပြော တာ သဘောကျပါတယ်။ ခု ကျွန် တော်ပြန်ရောက်ကတည်းက နိုင်ငံ ရေးကို လေ့လာနေတာ”
”ဟေ၊ စင်ကာပူမှာ မင်း ကွန် ပျူတာ သွားတက်တယ် မဟုတ် လား”
ဖိုးသာသည် စာတော်သည်။ သူက သင်္ချာမှာတော်လို့ ကျွန်တော် ကပဲ ဆရာဝန်ပညာနဲ့စာရင် သိပ္ပံ ပညာကိုသင်ဖို့ အကြံပြုခဲ့ခြင်းဖြစ် သည်။ သူ့မိဘနဲ့သူ အတိုက်အခံ ဖြစ်ခဲ့ပါသည်။ သူ့မိဘတွေက သူ့ကို ဆရာဝန်ဖြစ်စေချင်သည်။ ကျွန်တော်က သူဝါသနာပါတာတွေ ယူရင် ပိုဖြစ်ထွန်းမယ်ဟုပြောတော့ သူတို့ သဘောမတူကြပါ။ ‘ဝါသနာ ဆိုတာ လုပ်ရင်းကိုင်ရင်းနဲ့ ဖြစ်သွား မှာပါ’ဟု သူတို့ပြောကြပါသည်။ မိဘများက သားရွှေအိုးထမ်းသည် ကို မြင်ချင်ကြသည်။
ဆေးခန်းများတွင် စပါယ်ရှယ် လစ်များ ဈေးကောင်းလှသည်။ ငါး မိနစ်တစ်ယောက်၊ တစ်ယောက် သုံးထောင်ဆိုတော့ ရွှေအိုးထမ်းနိုင် ပါသည်။ ဖိုးသာသည် သူတို့စကား နားထောင်ကာ ဆေးကျောင်းတက် သည်။ သို့သော် နောက်ဆုံးနှစ် ရောက်ခါမှ ဗွေဖောက်လာသည်။ သူ့ကို အိမ်ကဝယ်ပေးထားသော ကားရောင်းကာ စင်ကာပူထွက်သွား သည်။
သူက တောက်မယ့်မီးခဲဆို တော့ ပိုလီမှာစကောလားရှစ်ရပြီး ကွန်ပျူတာသင်နိုင်ခဲ့သည်။
ကွန်ပျူတာပညာနဲ့ သူအလုပ် ရသည်။ ၇ နှစ်ကြာသွားသည်။ ယနေ့ မိဘတွေက သူ့ကိုပြန်ခေါ် တော့ သူမြန်မာပြည်ပြန်လာသည်။ ခု သူ ကျွန်တော့်ဆီရောက်လာခြင်း ဖြစ်သည်။ ရောက်တော့လည်း သူ က နိုင်ငံရေးကိုသာမေးနေသည်။
”မင်းနိုင်ငံရေးကို စိတ်ဝင်စား လို့လား”
”ဆရာပဲပြောတယ်။ လူတိုင်းနဲ့ ဆိုင်တယ်ဆို။ ကျွန်တော်ခုမှ လေ့ လာနေတုန်းပါ”
”ငါ့ မလွှဲချပါနဲ့ကွာ။ ဟိုတစ်ခါ ကလည်း မင်းမိဘတွေနဲ့ငါ မိတ် ပျက်ပြီးပြီ”
”ဒါကတော့ဆရာရယ်၊ ဆရာ ပြောတာ မှန်နေတာပဲ။ ကျွန်တော် က သိပ္ပံပညာကိုစိတ်ဝင်စားတာ”
”ခု နိုင်ငံရေးကို စိတ်ဝင်စား တယ်ဆို”
”နိုင်ငံရေးသိပ္ပံပါဆရာ”
”ဟေ၊ မင်းစိတ်ဝင်စားတာဘာ နိုင်ငံရေးသိပ္ပံလဲ။ တို့ကျောင်းနေစဉ် ကတော့ နိုင်ငံရေးသိပ္ပံဆိုတာ ရှိ တယ်။ နောက်စနစ်သစ်ပညာရေး မှာ မူလနိုင်ငံရေးသိပ္ပံပညာ ဌာနမရှိ တော့ဘူး။ ဒါပေမဲ့ ဆိုရှယ်လစ်အည မညသင်တဲ့ နိုင်ငံရေးသိပ္ပံဆိုတာ ပေါ်လာတယ်။ ဒါကိုတော့ ကျောင်း သားတိုင်းဖြေရတယ်။ ဝိဇ္ဇာကျောင်း သားပဲဖြစ်ဖြစ်၊ သိပ္ပံကျောင်းသား ပဲဖြစ်ဖြစ် နိုင်ငံရေးသိပ္ပံကို ယူရ တယ်”
”ကောင်းတာပေါ့”
”ဒါပေမဲ့ အဲဒီနိုင်ငံရေးသိပ္ပံက မင်းသိချင်တာမျိုး မဟုတ်ဘူးကွ”
သူ ကျွန်တော့်ကိုကြည့်နေ သည်။ သူနိုင်ငံခြားက ပြန်လာ သည်။ သူနေခဲ့သောနိုင်ငံသည် ဆိုရှယ်လစ်နိုင်ငံမဟုတ်ပါ။ နိုင်ငံ ရေးသိပ္ပံဆိုတာကို လွတ်လပ်စွာ ဆွေးနွေးလေ့လာနိုင်သော အရပ် တော့ဖြစ်သည်။
သူသိချင်တာက ယနေ့ခေတ် ဒီမိုကရေစီစနစ်ဆိုင်ရာ နိုင်ငံရေး သိပ္ပံဖြစ်သည်။
”မင်း ဘာလို့ ဒီလိုစိတ်ဝင်စား လာတာလဲ”
”ကျွန်တော် စင်ကာပူမှာ ဆီမီနာတွေ တက်ဖူးတယ်။ အဲဒီမှာ Politicsအကြောင်းတွေကို ဆွေး နွေးတယ်။ အစိုးရအကြောင်းတွေ ဆွေးနွေးတာပေါ့”
”ဒါဆိုရင် အစိုးရအကြောင်း ပြောပြစမ်းပါ”
”အစိုးရက ရှင်းရှင်းကြီးပဲ။ သူ့ကို ပြည်သူကခန့်တာပေါ့”
”ဘာလို့ခန့်လဲ”
”ပြည်သူတွေဆိုတာ သူ့အလုပ် သူလုပ်။ သူ့စီးပွားသူရှာတာပဲ။ သူ တို့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ပေးမယ့် ကျွမ်းကျင် တဲ့အဖွဲ့အစည်း-အစိုးရအဖွဲ့လိုတာ ပေါ့။ ဒီတော့ သူတို့ကို ပြည်သူတွေ ရွေးချယ်တင်မြှောက်တယ်”
”ဒါပေမဲ့ အစိုးရတွေဟာ အစ က ရိုးပေမယ့် အာဏာရှိလာတော့ သူလုပ်ချင်ရာ လုပ်မှာပေါ့။ မဟုတ် ဘူးလား”
”ဒီလိုလုပ်လို့မရအောင် အာ ဏာတွေကို အဖွဲ့အစည်း သုံး ရပ်- မဏ္ဍိုင် သုံးခုနဲ့ ထားတာပေါ့ ဆရာ”
”ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေ ဟာ လူထုတွေရဲ့အကျိုးစီးပွားကို မစောင့်ရှောက်ဘဲ လူထုဆီက မ တရား ခေါင်းပုံဖြတ်နေရင်ကော”
”အဲဒါ နိုင်ငံရေးသိပ္ပံကဏ္ဍပါ လာတာပေါ့”
”မင်းက ကွန်ပျူတာပညာရပ် ကို သင်ခဲ့တာပဲလေ။ အဲဒါနဲ့ အလုပ်လုပ်ပေါ့။ ဘာလို့ နိုင်ငံရေး သိပ္ပံကပါ လာတာလဲ”
”နိုင်ငံရေးသိပ္ပံဆိုတာ{the systematic study of and reflection upon politics} တဲ့။ ကျွန်တော်က ဒီလို စနစ်တကျ လေ့လာဖို့ ကွန်ပျူတာကနေ တွက် ချက်လို့ရတယ်”
”ဘယ်လိုမျိုးလဲ။ ဘယ်သူ့ကို မှမထိခိုက်တဲ့ ဥပမာလေးပြပါဦး”
”နိုင်ငံရေးဆိုတာကတော့ လူ တွေရဲ့ ဆောင်ရွက်ချက်ပဲလေ။ အာဏာဖီဆန်တာမျိုးလည်း ပါ မယ်။ ဆန်းစစ်တာလည်း ပါမှာ ပေါ့ဆရာ”
”ဆန်းစစ်တာပဲလုပ်ပါကွာ”
”စားဝတ်နေရေးဆန်းစစ်ပြ မယ်ဆရာ။ လူတစ်ယောက်တစ်နေ့ အခြေခံ ပိုက်ဆံဘယ်လောက်လို လဲ။ ဒါကို ကွန်ပျူတာကနေ ဆန်း စစ်လို့ရတယ်”
”ကွန်ပျူတာမပါလည်း ဆန်း စစ်လို့ရပါတယ်ကွာ”
”ကွန်ပျူတာနဲ့ လုပ်ရင်တော့ သေချာတယ်။ လွယ်ကူတယ်။ မှတ် တမ်းတင်ထားလို့ရတယ်။ နောက် တစ်နေရာနဲ့တစ်နေရာ နှိုင်းယှဉ်လို့ ရတယ်။ ဆန်းစစ်လို့လည်း ရတာ ပေါ့”
”ဒါဆို လူတစ်ယောက်တစ်နေ့ ဘယ်လောက်လိုလဲ၊ ဘာကိုအခြေ ခံထားမလဲ”
”မနက်အိပ်ရာထရင် ပဲပြုတ် နဲ့ ထမင်းကြမ်းစားမယ်”
”ဟုတ်ပြီ ဒါ အခြေခံကျ တယ်”
”နောက်နေ့လယ် ဘဲဥကြော် နဲ့ ဒါမှမဟုတ် ပဲဟင်းနဲ့ ထမင်း တစ်နပ် စားမယ်”
”ဒါလည်း အခြေခံ ကျတာ ပဲ”
”ညနေ သီးစုံဟင်းလေး၊ ငါး ပိလေးနဲ့ စားမှာပေါ့”
”လက်ဖက်ရည် မသောက်၊ ယမကာမမှီဝဲသူပေါ့လေ။ ဟုတ်ပြီ၊ ဘယ်လောက်ကျလဲ”
”ရေဖိုး၊ မီးဖိုးရှိသေးတယ် ဆရာ။ အိမ်လခရှိတယ်။ အဝတ်အ စား ဒါတွေ ထည့်တွက်ရင် ပုံမှန်ပဲ တွက်ပါ တစ်နေ့ သုံးထောင့်ငါးရာ တော့ကျတယ်”
”အင်း၊ ကျလောက်တယ်။ တစ်လတစ်ယောက် တစ်သိန်း ကျော်နေပြီပဲ”
”ဟုတ်တယ်ဆရာ။ လင်မယား နှစ်ယောက်။ကလေးရှိရင် ဒီလောက် နဲ့ မလောက်တော့ဘူး ဆရာ”
”ဒါဆိုရင် မြန်မာ မိသားစုတစ် စုလိုအပ်တဲ့ဝင်ငွေဟာ တစ်သိန်း ကျော်ရမှာပေါ့”
”ဟုတ်တယ်ဆရာ။ အခြေခံ လိုတာပါ။ ပင်စင်နာတွေဆိုလည်း ဒီလောက်ရမှ အသက်ရှင်ရပ်တည် နိုင်မှာဆရာ”
”မင်းက ဒီလိုပေးမယ်လို့ ထင်လို့လား။ ဘာတွေမျှော်လင့်ထား လို့လဲ”
”ဆရာကလည်း ကျွန်တော် တို့ အစိုးရက ချမ်းသာတယ်ဆရာ။ စင်ကာပူလို၊ မလေးရှားလို ဘာ သယံဇာတမှ မည်မည်ရရ မရှိတဲ့ နိုင်ငံတွေတောင် ပေးတာပဲ။ ကျွန် တော်တို့အစိုးရကလည်း လူတွေကို အဆင်ပြေ အောင်ပေးချင်တယ်။ ဒါပေမဲ့ တိတိကျကျချပြတဲ့သူတွေ မရှိဘူးလေ။ နောက်ပြီး အခြေခံ လစာတွေတက်ရင် ကုန်ဈေးနှုန်း တွေ တက်လာမှာကို ကြောက်တာ လည်း ပါတယ်”
”ဒါလည်း ဟုတ်တာပဲ။ လစာ တက်၊ ကုန်ဈေးနှုန်း တက်နဲ့ ဂျာအေး သူ့အမေရိုက် ဖြစ်နေမှာ ပေါ့”
”ကုန်ဈေးနှုန်းတက်ရင် ဘယ် လောက် တိုးပေးရမယ်ဆိုတဲ့ လစာ အချိုးကို ကျွန်တော်တို့က ကွန်ပျူ တာကနေ တွက်လို့ရတာပဲ။ နောက်ဆုံး ကုန်ဈေးနှုန်းငြိမ်သွား မှာပဲ”
”ဖြစ်နိုင်ပါ့မလား”
”အင်ဒိုနီးရှားတို့ ဗီယက်နမ်တို့ လည်း ဒီလိုပဲ ကျော်လွှားခဲ့တာပဲ’
‘အင်း မင်းကတော့ နိုင်ငံရေးသိပ္ပံ (Political Science )ကို ရည်ရွယ် ချက်ကောင်းကောင်းနဲ့ လေ့လာနေ တာ မဆိုးပါဘူး”
”ကျွန်တော်တစ်ယောက်တည်း နဲ့တော့ လုပ်လို့မရဘူး။ အများကို စည်းရုံးဖို့ အများနဲ့Lobby လုပ်ရ ဦးမယ်ဆရာရေ့”
”အေး မင်းတို့ခေတ်လူငယ် တွေက တစ်အားပဲ”
”ကျေးဇူးပါပဲဆရာ။ စင်ကာပူ က PAPဆိုတဲ့ People Action Party မှာဆိုရင် အသက်လေးဆယ် အောက် လူငယ် ၅ဝရာခိုင်နှုန်း လောက်ရှိလာတော့မယ်တဲ့”
”ကောင်းကွာ”
ဒေါက်တာခင်မောင်ညို 
popularmyanmar.com/mpaper/archives/17195

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif