http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 May 2012

မူး ယစ်ရာ ဇာအဖြစ် စွပ် စွဲခြင်းကို ထိုင်းမှ တင်း မာနေပါ က မြ ၀တီတံ တား ပိတ် မည်

ဗိုလ်နှုတ်ခမ်းမွှေးအား ထိုင်းမှ ၀ရမ်း ထုတ်ခဲ့ခြင်း နှင့် ပက်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ထိုင်းအစိုးရမှ မူးယစ်ရာဇာအဖြစ် စွပ်စွဲ ၀ရမ်းထုတ် ခဲ့ခြင်းမှာ မြန်မာ အစိုး ရနှင့် ကလို့ထူးဘော တပ်ဖွဲ့(ယခင် ဒီကေဘီအေ) တို့ငြိမ်း ချမ်းရေးဖော်ဆောင် ရန် ကြိုးပမ်းနေ မှုအပေါ် ဖျက်လို ဖျက်ဆီး လုပ်သည့် သဘောဖြစ်ကြောင်း ယင်းတပ်ဖွဲ့မှ ဗိုလ်ချုပ် စောလားပွယ်(ခ) ဗိုလ်နှုတ် ခမ်းမွှေးက ယင်း၏ ဌာနချုပ်တွင် ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားလိုက် သည်။
''ကျနော် ဘာမှမလုပ်ဘူး။ မူးယစ်နဲ့ပတ်သက်ပြီး ကျနော့်မှာ အပြစ်မရှိဘူး။ ကျွန်တော့် လူမျိုးကို မူးယစ်ဆေးရောင်းပါလို့မတိုက်တွန်းဘူး။ ကျွန်တော့် တပ်သားတွေကိုလဲ ဒီအလုပ်မလုပ်ခိုင်းဘူး။ သူတို့မှာ အကြောင်းရှိရမယ်။ ကျွန်တော်တို့ တိုင်းပြည်နဲ့ အေးအေးချမ်းချမ်းနေဖို့ ကြိုးပမ်းနေတဲ့ဟာကို ဖျက်လိုဖျက်ဆီးလုပ်ချင်လို့လားလို့ မေးချင်ပါတယ်" ဟု ဗိုလ်ချုပ် စောလားပွယ်က ပြောသည်။
''ဒီကိစ္စက ပြီးခဲ့တဲ့ ကိုးနှစ်က ဖြစ်ခဲ့တယ်လို့ သူတို့ပြောတယ်။ ၂၀၀၃ မှာ ဒီကိစ္စဖြစ်ခဲ့တယ်လို့ ဆိုပြီး အဲဒီတုန်းက စုံစမ်းမေးမြန်းခြင်းမလုပ်ဘဲ ဘာလို့ အခုမှ တရားစွဲရတာလဲ" ဟု ကလို့ထူးဘောတပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်က ပြောသည်။
မူးယစ်ရာဇာအဖြစ် စွပ်စွဲခြင်းကို ထိုင်းနိုင်ငံမှ ဆက်လက်တင်းမာလာပါက ထိုင်း- မြန်မာ မြ၀တီနယ်စပ်တံတားကို ပိတ်ပစ်မည်ဖြစ်ကြောင်း ကလို့ထူးဘော တပ်ဖွဲ့(ယခင်ဒီကေဘီအေ)မှ ဗိုလ်မှူးကြီး စန်းအောင်က မြန်မာနှင့် ထိုင်းမီဒီယာများသို့ ယနေ့ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံမှ အလိုရှိသော မူးယစ်ရာဇာ ၂၅ ဦးတွင် ပါဝင် သည့် မြန်မာနိုင်ငံ သား သုံးဦးအနက် ဗိုလ်ချုပ်စောလားပွယ်ပါရှိကြောင်း ဧပြီလ ၂၀ ရက်နေ့က ထိုင်းရုပ်သံအမှတ် (၃)တွင်ထည့်သွင်းကြေငြာခဲ့သည်။
မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည့် ကလို့ထူးဘောတပ်ဖွဲ့ ဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းမှ သတင်းသမား ၄၀ ကျော်နှင့် ထိုင်းမီဒီယာများမှ သတင်းသမား ၁၅ ဦးခန့် တက်ရောက်သတင်းယူနေကြဆဲဖြစ်သည်။

 www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif