http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 May 2012

မအူ ပင် တွင် ဓား ပြီး တုတ်ပြီး ဆို သည့် လူတစ်ဦး ကို ခု နစ်ဦး ဝိုင်း ဝန်း ရိုက်နှ က်

မအူပင်တွင် ဓားပြီး တုတ်ပြီးဆိုသည့် လူတစ်ဦးကို ခုနစ်ဦး ဝိုင်းဝန်းရိုက်နှက် ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်းရှိ ရွာတစ်ရွာတွင် ရန်ဖြစ် စကားများရာမှ လူတစ်ဦးကို ခုနစ်ဦးက ဓား၊ ပေါက်တူး၊ သစ်သားပိုင်း၊ အုတ်နီခဲစသည်တို့ဖြင့် ဝိုင်းဝန်းရိုက်နှက်မှုတစ်ခု ဧပြီ လ ၂၉ ရက်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မအူပင် ဒေသခံများက Venus News Weekly သို့ မေ ၅ ရက်က ပြောကြားသည်။
မအူပင်မြို့နယ် လကျာ်းကြီး ကျေးရွာအုပ်စု တူးချောင်းကြီးကျေး ရွာနေ ဦးအေးရွှေဆိုသူသည် သမီးဖြစ်သူအား ရည်းစားထားသည့် ကိစ္စ နှင့် ပတ်သက်၍ ဆုံးမခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆုံးမနေသည်ကို ဘေး အိမ်တွင်နေထိုင်သော အမျိုးသမီးသည် သူမအားစောင်းမြောင်းပြော ဆိုသည်ဟုဆိုကာ ရန်တွေ့ရာမှရန်ဖြစ်စကားများခဲ့ကြောင်း၊ ထို့နောက် အဆိုပါ အမျိုးသမီး၏ ယောကျာ်းဖြစ်သူမှ ဦးအေးရွှေ၏ ဦးခေါင်းအား ဓားဖြင့်ခုတ်ရာ ဦးအေးရွှေမှာ လဲကျသွားစဉ် အမျိုးသားတစ်ဦးက ချုပ်ကိုင်ပေးပြီး လူခုနစ်ယောက်က ဓား၊ သစ်သားပိုင်း၊ ပေါက်တူး၊ အုတ်နီခဲစသည်တို့ ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဦးအေးရွှေ၏ဇနီးဖြစ်သူက ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ဦးအေးရွှေတွင် ဦးခေါင်း၊ မျက်နှာ၊ နဖူးတို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး သမီးဖြစ်သူ၌လည်း ဦးခေါင်းနှင့်မျက်နှာတို့၌ ဖူးယောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းအပေါ် မအူပင်မြို့နယ် ရဲစခန်းက အမှုတိုင်ကြားခြင်းကို ချက်ချင်းဖွင့်ပေးခဲ့ခြင်း မရှိကြောင်း၊ မအူပင်ဆေးရုံမှလည်း ဆေးဝါးကုသခြင်းကို ထိရောက်စွာပြုလုပ်ပေးခြင်း မရှိခဲ့ကြောင်း မအူပင် မြို့ခံ ပရဟိတလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်အား အမှုဖွင့်၍ မရသောကြောင့် အမှုဖွင့်နိုင်ရန်အတွက် မအူပင်မြို့ပေါ်ရှိ ပရဟိတ လုပ်ကိုင် နေသူများက ကူညီပေးခဲ့ကြောင်း၊ အမှုဖွင့်နိုင်ရန်အတွက် ရဲစခန်း၌ အချိန်များစွာပေး၍ စောင့်ဆိုင်ခဲ့ရကြောင်း မအူပင်မြို့ရှိ လူမှုရေးအသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဒီကိစ္စကို ကူညီပေးတာက တစ်မျိုးသံသယဖြစ်နေတာရယ်၊ အမှုဖွင့်တာကို ဖွင့်လို့မရဘူးဆိုတာတွေ ရယ်ကြောင့်ပါ။ စခန်းမှူးကတော့ လူမှုရေးအရ ညှိနှိုင်းနေလို့ မဖွင့်ပေး တာဆိုပြီးပြောတယ်။ ပြည်သူတွေ တကယ်နစ်နာတဲ့အပေါ်မှာ ထိထိ ရောက်ရောက်တော့ လုပ်စေချင်ပါတယ်"ဟု ၄င်းပုဂ္ဂိုလ်ကပြောသည်။ မအူပင်ဆေးရုံ၌လည်း လူနာအား ဆေးဝါးကုသမှု သေချာမပေး ခြင်း၊ လူနာ အား သက်သာ၍ ပြန်ဆင်းနိုင်ကြောင်းပြောကာ ဆေးရုံ ဆင်းလက်မှတ် အတင်းယူခိုင်းခြင်းများရှိခဲ့ကြောင်း ကရင်ပြည်သူ့ပါ တီဝင် ဦးချစ်ကိုကိုက ပြောသည်။
"ဆေးရုံတက်တာက ဧပြီ၂၉ ရက် ၃၀ ရက်မှာ လူနာကို ပြန်ဆင်းခိုင်း တယ်။ ဆေးရုံမှာ ကုစရာမလိုတော့ဘူး။ မူးဝေတာက ဆေးသောက် ရင် ပျောက်တယ်ဆိုပြီး လူနာရှင်ရဲ့သမီးကိုခေါ်ပြီး ဆေးရုံဆင်းလက် မှတ် ယူခိုင်းတယ်။ ဆရာဝန်မတစ်ဦးက ဆင်းခိုင်းနေတယ် ဆိုပြီး ဆေးရုံဝန်ထမ်းတစ်ဦးနဲ့ သူနာပြုတစ်ဦးက အတင်းလာယူခိုင်းတယ်။ လူနာကလည်း မူဝေနေတုန်း မဆင်းပါရစေနဲ့လို့ ပြောတာတောင် မရဘူး။ အတင်းဆင်းခိုင်းတယ်။ ဦးကလူနာကို မသက်သာဘဲ မဆင်းခိုင်းပါနဲ့ ဘာဖြစ်တယ်၊ ညာဖြစ် တယ်လို့ ပြောတော့မှ ပြစ်မှုကျူးလွန်သူတွေနဲ့ပတ်သက်တဲ့သူက ရှင်းပေးမယ်ဆိုပြီး ပြောပြီးထွက်သွားတယ်။ မကြာပါဘူး ကြိုက်သလောက်ဆေးရုံမှာနေလို့ရတယ် ပြဿနာလာမရှာပါနဲ့လို့ ပြောခဲ့တယ်"ဟု ဦးချစ် ကိုကိုက ဆေးရုံ၌ကြုံတွေ့ခဲ့ရပုံကို ပြောသည်။ ယခုအခါ ကာယကံ ရှင်မှာ ဆေးရုံမှဆင်းသွားခဲ့သော်လည်း ခေါင်း၌အရိုက်ခံခဲ့ရသောကြောင့် မမူးမပြေ သေးကြောင်း၊ ယခုဖြစ်စဉ်ကို လည်း ကျေအေးခြင်း မပြုဘဲ တရားဥပဒေအရဖြစ်စေချင်ကြောင်း ကာယကံရှင်က ပြောသည်။
"အမှုကိုချက်ချင်းမဖွင့်ပေးတာက တစ်ရွာတည်းနေ အိမ်နီးချင်းတွေဖြစ်နေလို့ ပြေလည်အောင် ညှိစေချင်တာပါ။ အခုတော့ အမှုဖွင့်ပေးခဲ့ပါတယ်။ မနေ့ကတောင် ကျေအေးပေးဖို့ လာညှိလို့မရတော့ဘူး။ တရားရုံးရောက်မှ ရှင်းလို့ပြောပြီး ပြန်လွှတ်လိုက်ရတယ်"ဟု မအူပင်မြို့နယ်ရဲစခန်းမှ စခန်းမှူးက ပြော သည်။ အဆိုပါဖြစ်စဉ်အား မအူပင် ရဲစခန်းမှ ပုဒ်မ ၃၂၄/၃၂၅ တို့ဖြင့် အမှုဖွင့်ပေးထားသော်လည်း ဆေးရုံမှ ဆေးစစ်ချက်အဖြေရလာပါက ပုဒ်မ ပြောင်းလဲနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif