http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 May 2012

တိုင်းပြည် တိုး တက်ဖို့ဆို တာ လူတစ်ဦးချင်းစီ မှာ တာ ဝန်ရှိ တယ် ဆိုတဲ့ နေအောင်



တိုင်းပြည် တိုးတက်ဖို့ဆိုတာ လူတစ်ဦးချင်းစီမှာ တာဝန်ရှိတယ် ဆိုတဲ့ နေအောင် ဧပြီ ၂၁ရက်နေ့မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပတဲ့ အလှူပွဲမှာ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနဲ့ အတူတွဲလျက်နေထိုင်သူက သင်္ကြန်မိုး ရုပ်ရှင်မှာ ဦးဇင်ဝိုင်း ရဲ့အဖေ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဦးနေအောင်ပါ။ ဦးနေအောင် ကနေပြည်တော် သင်္ကြန်မှာ သီချင်းဆိုခဲ့ပြီး အနုပညာ ရှင်များကိုနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်မှ ချီးမြှင့်ခဲ့သောဆုငွေအား လူမှုအသင်း အဖွဲ့များ သို့ပြန် လည်လှူဒါန်းပွဲသို့ တက်ရောက် လာတာဖြစ်ပါတယ်။ နေပြည်တော်သင်္ကြန်အကြောင်းများပြောဖြစ်တဲ့ အခါ "သင်္ကြန်ဆို တာတော့ အဓိက သဘင်္ကန် သီ ချင်းတွေပဲဆိုဖြစ်မယ်။
သင်္ကြန်မိုးရုပ်ရှင် ထဲကသီချင်းတွေလည်းပါတယ်။ အပြင်သီ ချင်းဆိုချင်ပေမယ့် ရွှေသံလွင် ကုမ္ပဏီမိသားစုက သင်္ကြန်သီချင်းပဲ ဆိုပါလို့တောင်း ဆိုလာ တာကြောင့် မြူးမြူးကြ သီချင်းလေးတွေ ကိုရွေးဆိုပေးရပါတယ် ။ နေပြည်တော်သင်္ကြန်ရဲ့ထူးခြားချက်ဆိုရင် တစ်ရက် ကျွန်တော် တို့ဖျော်ဖြေနေတုန်း ကား တစ်စီးရောက် လာတယ်။နိုင်ငံတော် သမ္မတကြီးရဲ့ အိမ်တောင်ဝင်းမှာ သွားရောက်ဖျော်ဖြေ ရမယ်လို့သိရတယ်။ ကျွန်တော်က အရင်သမ္မတ အိမ်တော်တွေ တော့ရောက်ဖူးတယ်။
နေပြည်တော်က သမ္မတအိမ်တော်ကိုတော့ မရောက်ဖူးသေးဘူးလေ။ ကိုယ့်နိုင်ငံကိုအုပ်ချုပ်နေတဲ့မင်း၊ သမ္မတ ရဲ့အိမ်တော်ကိုသွားရမယ် ဆိုတော့ ပျော် တာပေါ့ဗျာ။ကောင်းလိုက်၊ ခမ်းနားလိုက်တာဗျာ။ သမ္မတကြီးကိုယ်တိုင် ကျွန်တော်တို့အနုပညာ ရှင်တွေကို ရင်းရင်းနှီးနှီးနှုတ်ဆက်တယ်။ ပြီးလည်း ပြီးရောတောင်း ကြတယ်။ နိုင်ငံတော်သမ္မတဆိုတာ အများကြီးချီးမြှင့်နိုင်တယ်။တောင်းဆိုတာကို ကလေးတွေကကြောက်နေကြတယ်။ ကျွန်တော် တို့က အခြားလူကြီးတွေနဲ့စကားပြောနေတော့ မပြောလိုက်ရဘူး။ မဟုတ်ရင် ဒီထက်အများကြီးတောင်းလို့ရတာပေါ့။ အဲဒါဆို ကျွန်တော်တို့လည်း ဒီထက် ပိုပြီး လှူနိုင်တယ်လေ။
ကလေးတွေက မတောင်းလိုက်တော့ ခုလောက်ပဲလှူနိုင်တာပေါ့ဗျာ။နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ဆုတွေပေးပြီး ကျွန်တော်တို့ကိုရေလောင်းတယ်။ ကျွန်တော်တို့ကလည်း သမ္မတကြီး ကျန်းမာပါစေလို့ပြန်ဆု တောင်းပေးလိုက်တယ်။ ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်တဲ့မင်း ကျန်းမာ ချမ်းသာမှ တိုင်းသူပြည် သားတွေ စီးပွားရေးတွေ တိုးတက်ကောင်းမွန်မှာ။ ဟိုဟာကောင်းတယ်၊ ဒီဟာမကောင်းဘူးမပြောကြပါနဲ့တော့။
တိုင်းပြည်တိုးတက်ဖို့ဆိုတာ လူတစ်ဦးချင်းစီမှာတာဝန်ရှိတယ်။ အုပ်ချုပ်သူကိုချည်းမပြောနဲ့"လို့သေသေချာချာ အားနဲ့မာန်နဲ့ရှင်းပြခဲ့ပါတယ် သင်္ကြန်မိုးကို သ တိရမိလားဆိုတော့ "သတိရတာထက်ပိုတာပေါ့ဗျာ။ လွမ်းတာပေါ့။ တကယ်ကိုမျက်ရည်ကျအောင်လွမ်းတာ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ကြန်မိုးဆိုတာ ဘယ် လိုမှပြန်ရိုက်လို့မရတဲ့ကားဖြစ်နေလို့ပါပဲ။ ၁၉၅၇ မန္တလေးသင်္ကြန်ကို ဆရာဦးတင်ဦးက အမိအရ ပုံဖော်နိုင်ခဲ့ပါတယ်။ အဲဒီလိုမန္တလေးသင်္ကြန်မျိုးလည်း ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif